၂၀၁၄ ခုနှစ်၊ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၈)များကို ပြီးခဲ့သည့် မတ်လ ၂၂၊ ၂၃ ရက်နေ့များ တွင်
ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီယူနိုက်တက် အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကမ္ဘောဇ
အသင်းတို့ နိုင်ပွဲများရရှိခဲ့ကြပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ရတနာပုံအသင်းနှင့် နေပြည်တော်
အသင်းတို့၏ တွေ့ဆုံမှုသည် ဂိုးမရှိသရေဖြင့်သာ ပြီးဆုံးခဲ့သည်။ နေပြည်တော်အသင်းနှင့်
ရတနာပုံအသင်းတို့၏ပွဲစဉ်ကို ပြီးခဲ့သည့်မတ်လ ၂၃ ရက်နေ့က နေပြည်တော်၊ ပေါင်းလောင်းကွင်း
၌ ကျင်းပ ပြုလုပ်ခဲ့ပြီး နှစ်သင်းစလုံးအကြိတ်အနယ် ယှဉ်ပြိုင်ကာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ခြင်း
ဖြစ်သည်။
အဆိုပါသရေရလဒ်ကြောင့် မြန်မာ နေရှင်နယ်လိဂ်အမှတ်ပေးဇယားတွင် အမှတ်ကွာဟမှု ဆက်
လက်ကျဉ်းမြောင်းသွားခဲ့ပြီး ရတနာပုံအသင်းက ရမှတ် ၂၀ မှတ်၊ နေပြည် တော်အသင်းက ရမှတ်
၁၉ မှတ်၊ မကွေးအသင်း က ရမှတ် ၁၅ မှတ်နှင့် ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၁၄ မှတ်
တို့ဖြင့် အသီးသီး ရပ်တည်လျက်ရှိသည်။
၂၀၁၄ ခုနှစ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ တွင် နိုင်ပွဲများဆက်တိုက်ရရှိနေသော မကွေး အသင်း
သည် ပွဲစဉ်(၈)တွင် ွင်္ဗ အသင်းကို တစ်ဂိုးဪဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေး ဇယား၏
အဆင့်(၃)နေရာသို့ တက်လှမ်းနိုင်ခဲ့ သည်။ ရန်ကုန်ယူနိုက်တက်အသင်းကလည်း အိမ်ကွင်းတွင်
ဆောက်သမ်းမြန်မာအသင်းကို ငါးဂိုးဪဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ဖေဖော်ဝါရီလအတွက်အကောင်းဆုံးနည်းပြ ဆုနှင့် အကောင်းဆုံးကစားသမားဆုကို ရန်ကုန်
ယူနိုက်တက်အသင်းနည်းပြချုပ် အဲရစ်ဝီလျံနှင့် ရန်ကုန်ယူနိုက်တက်အသင်း၏ ကွင်းလယ်
ကစားသမား အီမာဆင်တို့က ရရှိခဲ့သည်။ ဇေယျာရွှေမြေအသင်းသည် အိမ်ကွင်းမုံရွာ ၌
ကမ္ဘောဇအသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။
ဧရာဝတီအသင်းသည် ဇွဲကပင်ယူနိုက်တက်အသင်း လေးဂိုးဪဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး
လေးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့သည်။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၉)ကို လာမည့်
မတ်လ ၂၈၊ ၂၉၊ ၃၀ ရက်နေ့များတွင် ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆောက်သမ်း
မြန်မာအသင်းနှင့် နေပြည်တော်အသင်း၊ GFA အသင်းနှင့် ကမ္ဘောဇအသင်း၊ မနောမြေအသင်း နှင့်
ရတနာပုံအသင်း၊ ဇေယျာရွှေမြေအသင်း နှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ရန်ကုန် ယူနိုက်တက်
အသင်းနှင့် ချင်းယူနိုက်တက် အသင်း၊ ဇွဲကပင်အသင်းနှင့်မကွေးအသင်း တို့က အသီးသီယှဉ်ပြိုင်
ကစားသွားမည်ဖြစ်သည်။















