ဖော်မြူလာဝမ်းအဖွင့်ပွဲစဉ်မှာ ဗိုလ်စွဲခဲ့တဲ့ ရို့စ်ဘတ်

ဖော်မြူလာဝမ်းအဖွင့်ပွဲစဉ်မှာ ဗိုလ်စွဲခဲ့တဲ့ ရို့စ်ဘတ်

2014 Formula One World Championship အဖွင့်ပြိုင်ပွဲလို့ ဆိုရမယ့် ဩစတြေးလျ
ဂရင်းပရီ ကားမောင်းပြိုင်ပွဲ ဟာ မဲလ်ဘန်း မြို့ မှာ နှစ်စဉ် မတ်လလယ်မှာ ကျင်းပမြဲဖြစ်ပါတယ်။

၁၉၂၈ ခုနှစ်ကတည်းက စတင်ကျင်းပလာ ခဲ့တဲ့ ဒီဂရင်းပရီ ပွဲစဉ်သမိုင်းမှာ စံချိန်တင် ဗိုလ်စွဲထား
သူက ဂျာမနီ ဂန္ထဝင်ကားမောင်း ချန်ပီယံ မိုက်ကယ်ရှူးမေကာဖြစ်ပြီး လေးထပ် ကွမ်း သရဖူပိုင်ရှင်
အဖြစ်နဲ့ မှတ်တမ်းရေးထိုး ထားနိုင်သူပဲဖြစ်ပါတယ်။

ပြင်သစ်မှာ နှစ်ကူး ကာလအချိန် မိသားစုဝင်တွေနဲ့အတူ နှင်းလျှော စီးရင်း ဦးခေါင်းထိခိုက် ဒဏ်ရာ
ရရှိခဲ့သူ ရှူးမေကာဟာ အခုချိန်အထိ သတိပြန်လည်လာ ခြင်းမရှိသေးတာကိုလည်း ဩစတြေး
လျ ဂရင်းပရီပြိုင်ပွဲဝင်တွေက ၀မ်းနည်း ကရုဏာစကား ဆိုခဲ့ကြပါတယ်။

ကမ္ဘာကျော် Rolex ကအကုန်အကျ ခံ ကျင်းပပေးတဲ့ ၂၀၁၄ ဖော်မြူ လာဝမ်း ဂရင်းပရီအဖွင့်
ပွဲစဉ်မှာ လက်ရှိလေးထပ်ကွမ်းကမ္ဘာ့ချန်ပီယံ ဗက်တဲလ် ပါ၀င်ယှဉ်ပြိုင်ခဲ့ခြင်းမရှိတာကလည်း
ထူးခြား ချက်တစ်ရပ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

၂၀၁၃ ဖော်မြူလာဝမ်းရာသီတစ်လျှောက် လုံးအောင်လံလွှင့်လာခဲ့တဲ့ Red Bull ဗက်တဲလ်
မပါ၀င်နိုင်ခဲ့ပေမယ့် အခုနှစ် ဩစတြေးလျ ဂရင်းပရီမှာ ဗိုလ်စွဲနိုင်ခဲ့သူက ဂျာမနီငွေကြယ် ပွင့်
တစ်ဦးဖြစ်သူ နီကိုရို့စ်ဘတ်ပဲဖြစ်တာ ကြောင့် ဂျာမနီပရိသတ်တွေအတွက်တော့ ပျော်ရွှင်
ဂုဏ်ယူစရာ အဖွင့်ပွဲစဉ်တစ်ရပ်ဖြစ်ခဲ့ ရပါတယ်။

ခရီးအကွာအဝေး ၁၉၁ မိုင် ပမာဏကို ကွင်းအပတ်ပေါင်း ၅၈ ပတ်မောင်းနှင်ယှဉ်ပြိုင် ရတဲ့
ဒီကမ္ဘာ့ချန်ပီယံရှစ် အဖွင့်ပွဲစဉ်မှာ ထူးထူး ခြားခြား လက်စွမ်းပြမောင်းနှင်နိုင်ခဲ့ပြီး စုစုပေါင်း
မောင်းနှင်ချိန် ၁ နာရီ၊ ၃၂ မိနစ်၊ ၅၈ စက္ကန့်နဲ့ ဂျာမနီသား ရို့စ်ဘတ်ဗိုလ်စွဲတာဟာ အခုရက်
သတ္တပတ် င်္၁ ကမ္ဘာမှာ ရေပန်းစားနေတဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

သက်တမ်း အရှည်ဆုံး ကားမောင်း ပြိုင်ပွဲတစ်ရပ်မှာ ပထမ ဆုံးအကြိမ် အောင်ပွဲ ခံနိုင်ခဲ့သူ
ရို့စ်ဘတ် ဟာ မာစီးဒီးအသင်း နဲ့အတူ ဖော်မြူလာ ၀မ်း ပြိုင်ပွဲတွေ နွှဲခဲ့ တာ ၂၀၁၀ ကာလ
ကတည်းကဖြစ်ပြီး အခု ၂၀၁၄ မှာမှ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ စတင်သရဖူ ဆောင်းခွင့်ရခြင်းဖြစ်
တာကိုလည်း မဲလ်ဘန်း စာစောင်တွေက ဂုဏ်ပြုဖော်ကျူးနေကြပါတယ်။

ဖော်မြူလာဝမ်းအနာဂတ်ငွေကြယ်ပွင့်သစ် အဖြစ် ရေပန်းစားနေသူ ရို့စ်ဘတ်ဟာ ဘာလင်
တံတိုင်း မပြိုလဲခင်ကာလ အနောက်ဂျာမနီ ၀ုိက်စ်ဘာဒင်မြို့ငယ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး ဖခင်ဖြစ်
သူကလည်း င်္၁ ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်သူ ကီကီရို့စ်ဘတ်ပဲဖြစ်ပါတယ်။

၁၉၈၂ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူ ဖင်လန်စတားကီကီရဲ့ ဗီဇသွေးက နီကိုမှာ အပြည့်အဝပါရှိလာခဲ့ပြီး
ဖင်လန်နိုင်ငံအတွက်ရော၊ ဂျာမနီနိုင်ငံအတွက် ပါ နိုင်ငံတကာပွဲစဉ်တွေမှာ ကိုယ်စားပြု ယှဉ်ပြိုင်
ခဲ့သူ အားကစားငွေကြယ်ပွင့်တစ်ပွင့်ပဲဖြစ်ပါ တယ်။

၁၉၈၅ ဩစတြေးလျ ဂရင်းပရီမှာ ဖခင်ဖြစ်သူ ကီကီရယူနိုင်ခဲ့တဲ့ ချန်ပီယံဆုဖလား ကို အခု
၂၀၁၄ မှာ ပြန်လည်ရယူနိုင်ခဲ့သူ ဂျာမနီ စတား ရို့စ်ဘတ်က "မဲလ်ဘန်းမြေဟာ ကျွန်တော့်
ဘဝအတွက် အောင်မြေလို့ပဲ ယူဆမိပါတယ်။ လာမယ့် မလေးရှား ဂရင်းပရီမှာ ဆက်လက်
အောင်ပွဲခံနိုင်ဖို့ ကြိုးစားသွားမှာပါ။ မာစီးဒီးနဲ့ အတူ ကမ္ဘာ့ချန်ပီယံမာရသွန် ခရီးရှည်ကို အောင်
အောင်မြင်မြင်ဆင်နွှဲနိုင်မယ်လို့ ယုံကြည်ပါ တယ်"ဆိုတဲ့ ၀မ်းမြောက် ကတိစကားကို ESPN
နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားသွားပါတယ်။

၂၀၁၄ ဖော်မြူလာဝမ်း ပြိုင်ပွဲမှာ Red Bull ဗက်တဲလ်နဲ့ မာစီးဒီး နီကိုတို့ ဘယ်လိုအပြိုင်ကြဲကြ
ဦးမလဲ ဆိုတာ စောင့်စားရင်း ...။



ဖတ်ရှုမှုအများဆုံး