၂၀၁၄ ခုနှစ် AFC Cup ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်(၃)အပြီးတွင် မြန်မာနေရှင်နယ်လိဂ်အသင်းများ
ဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်းနှင့်နေပြည်တော်အသင်းတို့သည် ရလဒ်ကောင်းများရရှိ
ထားပြီး အုပ်စုတက်နိုင်ရန် အခြေအနေကောင်းများ ပိုင်ဆိုင်လျက်ရှိသည်။ ရန်ကုန်ယူနိုက်တက်
အသင်းသည်အုပ်စု ပွဲစဉ်(၃)ပွဲအပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ ရမှတ် ခြောက်မှတ်ဖြင့် အုပ်စု(G)
ဒုတိယနေရာတွင် ရပ်တည်နေပြီး နေပြည်တော်အသင်းသည် သုံးပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊
တစ်ပွဲသရေ ဖြင့် ရမှတ်လေးမှတ်ရရှိကာ အုပ်စု(ံ)၏ ဒုတိယ နေရာတွင် ရပ်တည်နေသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အိမ်ကွင်း ပွဲစဉ်များအားလုံးကို အနိုင်ရရှိထားသည်။ အိမ်ကွင်း
တွင် မလေးရှားကလပ် ကီလန်တန် အသင်းကို ၅ဪ၃ ဂိုးဖြင့်လည်းကောင်း၊ ဟောင် ကောင် ကလပ်တောင်တရုတ်အသင်းကို နှစ်ဂိုးဪဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိထား ပြီး နန်ဘင်း
အသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ၃ဪ၂ ဂိုးဖြင့်ရှုံးနိမ့်ထားသည်။ ရန်ကုန်ယူနိုက်တက် အသင်း
သည် အုပ်စုပွဲစဉ်လက်ကျန်သုံးပွဲတွင် အဝေးကွင်းပွဲစဉ်နှစ်ပွဲနှင့် အိမ်ကွင်း ပွဲစဉ်တစ်ပွဲ ယှဉ်ပြိုင်
ကစားရန်ရှိနေသည်။
အဝေးကွင်းပွဲစဉ် များအဖြစ် ဧပြီလ ၂ ရက်နေ့တွင် တောင်တရုတ် အသင်းနှင့်လည်းကောင်း၊
ဧပြီလ ၈ ရက်နေ့တွင် ကီလန်တန်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင် ရမည်ဖြစ်ပြီး အိမ်ကွင်း
ပွဲစဉ်အဖြစ် အုပ်စုပထမ နေရာမှ နန်ဘီးအသင်းနှင့် ဧပြီလ ၂၂ ရက်နေ့ တွင် ယှဉ်ပြိုင်ကစားရ
မည်ဖြစ်သည်။
ဆီဇာ၊ အီမာဆင်၊ ကျော်ကိုကို၊ ဒေးဗစ်ဒန်း အစရှိသော ကစားသမားများကို ပိုင်ဆိုင်ထား သော ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲထက် AFC Cup ပြိုင်ပွဲကို အာရုံ
စိုက်ကစားနေပြီး ရလဒ်ကောင်းများ ရရှိနေခြင်းဖြစ်သည်။
နေပြည်တော်အသင်းသည် အုပ်စုအဖွင့် ပွဲစဉ်တွင် ပူနီအသင်းကို တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရ
လဒ်ထွက်ပေါ်ခဲ့ပြီး ဒုတိယပွဲစဉ်တွင်တန်ပိန်းရိုဗာအသင်းကို ၃ဪ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။
အုပ်စုတတိယပွဲစဉ်တွင် ဟောင်ကောင် ကလပ် ကစ်ချီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော်
လည်း ရမှတ်လေးမှတ်ရရှိထား ကာ အုပ်စုဒုတိယနေရာမှ အုပ်စုတက်ရန်အခြေအနေကောင်း
နေဆဲဖြစ်သည်။
AFC Cup ပြိုင်ပွဲ၏ အုပ်စု(H) တွင် ပါ၀င် နေသော နေပြည်တော်အသင်းသည် လက်ကျန် သုံးပွဲ၌
အိမ်ကွင်းပွဲစဉ်နှစ်ပွဲ၊ အဝေးကွင်းပွဲစဉ် တစ်ပွဲကစားရမည်ဖြစ်သည်။ အိမ်ကွင်းပွဲစဉ် များအဖြစ် ဧပြီ
လ ၁ ရက်နေ့တွင် ဟောင်ကောင် ကလပ် ကစ်ချီအသင်းနှင့်လည်းကောင်း၊ ဧပြီလ ၈ ရက်နေ့တွင်
အင်ဒိုနီးရှားကလပ်ပူနီအသင်း နှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဝေးကွင်းပွဲစဉ်အဖြစ်
ဧပြီလ ၂၂ ရက်နေ့တွင် စင်ကာပူကလပ် တန်ပိန်းရိုဗာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်အသင်းများဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်းနှင့် နေပြည်တော်အသင်း
တို့သည် AFC Cup ပြိုင်ပွဲ၏ လက်ကျန်အုပ်စုပွဲစဉ်များအနက် အိမ်ကွင်းပွဲစဉ်များတွင် ရလဒ်ကောင်း
များရရှိပါက အုပ်စုအဆင့် ကျော်ဖြတ်နိုင်မည့် အခွင့်အရေးကောင်းကို ရရှိမည်ဖြစ်သည်။














