နာပိုလီ - ဂျူဗင်တပ်
စီးရီးအေတွင် နိုင်ပွဲဆက်တိုက်ရရှိပြီးနောက် ဒုတိယနေရာက ရိုးမားကို ၁၄ မှတ်ဖြတ်ထား သော
ဂျူဗင်တပ်သည် ယခုတစ်ခေါက် နာပိုလီ နှင့် ထိပ်တိုက်တွေ့ဆုံမည်ဖြစ်ရာယင်းပွဲစဉ် ရလဒ်သည်
ဂျူဗင်တပ်အတွက် အရေးမကြီးတော့ သော်လည်း နာပိုလီအတွက်မူအောက်ဘက်က
ဖီအိုရင်တီးနားကို အမှတ်ဖြတ်ထားနိုင်ရေးအတွက် အရေးပါသော ပွဲစဉ်ဖြစ်သည်။
ပြီးခဲ့သော ရက်သတ္တပတ်ထဲတွင် ယူရိုပါလိဂ် နှင့် စီးရီးအေ၌ ပွဲကျပ်များ ဆက်တိုက်ကစားလိုက်
ရသောကြောင့် နာပိုလီသည် ပွဲပန်းသွား ကာ အရန်လူများကိုပင် ထည့်သုံးလိုက်ရသည်။
အထူးသဖြင့် အိမ်ကွင်း၌ အနီးကပ်ဆုံးပြိုင်ဘက် ဖီအိုရင်တီးနားကို ရင်ဆိုင်ရာတွင် ခံစစ်ကြောင်း
၌ လူအင်အားလျော့နည်းနေသောကြောင့် ဘယ်နောက်ခံလူ ဂူလမ်၊ ဗဟိုခံစစ်သမား ဟင်းနရစ်
တို့ ထည့်သွင်းခဲ့ရသည်ကို တွေ့ရ သည်။
ဗဟိုခံစစ်နှင့် တောင်ပံခံစစ်တွင် အရန်ကစား သမားများကို ထည့်သွင်းလိုက်ရခြင်းကြောင့်
နာပိုလီခံစစ် လုံခြံုမှုကျဆင်းသွားပြီး ကွင်းလယ် က တိုက်စစ်ဆင်ရန်ထက် ခံစစ်ကြောင်းကို
ကာကွယ်ပေးရန် ပိုမိုအာရုံစိုက်လာရသည်။ အကျိုးဆက်မှာ တိုက်စစ်အားသန်သော နာပိုလီ၏
ကစားကွက် ထိရောက်မှုနည်းပါး သွားပြီး တောင်ပံတိုက်စစ်သမားများကိုယ်တိုင် ခံစစ်ဇုန်အထိ
ဆင်းကစားပေးလိုက်ရသည်။ ဖီအိုရင်တီးနားနှင့်ပွဲတွင် နာပိုလီ၏ တိုက်စစ် ဟန်ချက်ပျက်သွား
သောကြောင့် ဘောလုံး ပိုင်ဆိုင်မှုကိုပါ ထိခိုက်သွားသည်။
တစ်ဖန် ကွင်းလယ်ကစားကွက် ဖော်ဆောင်မှု၊ တောင်ပံ များနှင့် ချိတ်ဆက်ကာ တိုက်စစ်ကို
ပံ့ပိုးမှုများ သိသိသာသာ ကျဆင်းသွားသည်။ 'အထောင်' တိုက်စစ်မှူး ဟီဂူအင်သည် ကွင်းလယ်
ထဲထိ ဘောလုံးဆင်းတောင်းနေရပြီး တောင်ပံတိုက်စစ် သမားများမှာလည်း ခံစစ်တွင် ဆင်းကူ
ပေးရ သောကြောင့် ဟီဂူအင်နေရာတွင် ၀င်ဖြည့် ပေးနိုင်ခြင်းမရှိတာကို တွေ့ရသည်။
ပထမပိုင်း ၃၇ မိနစ်မှာပင် တောင်ပံခံစစ်သမား ဂူလမ် ထုတ်ပယ်ခံလိုက်ရသောကြောင့် နာပိုလီ၏
ဘယ်တောင်ပံတိုက်စစ်သည် 'ခါးပြတ်'သွား သည်။ သို့ရာတွင် နာပိုလီခံစစ်ကြောင်းတွင် အင်အား
အပြည့်အစုံဖြင့် နည်းဗျူဟာချမှတ်သည့်အတိုင်း ကစားနိုင်မည်ဆိုပါက တောင်ပံ တိုက်စစ်သည်
ထက်မြက်လာဖွယ်ရှိပြီး 'အထောင်' တိုက်စစ်မှူး ဟီဂူအင်နှင့် တွဲဖက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်
လာမည် ဖြစ်သည်။
တစ်ဖက်တွင် အမှတ်ပေးဇယား ထိပ်ဆုံးက ဂျူဗင်တပ်သည် ယူရိုပါလိဂ်နှင့် စီးရီးအေပြိုင်ပွဲ နှစ်ခု
တစ်ပြိုင်နက်တည်း ဖွင့်ကစားနေရသော် လည်း ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်သည်ကို တွေ့ရ
သည်။
အထူးသဖြင့် ဂျူဗင်တပ်သည် စီးရီးအေနှင့် ယူရိုပါလိဂ်တွင် ဟန်ချက်ညီအောင် ထိန်းနေပြီး စီးရီး
အေတွင် ပြိုင်ဘက်ကို အနိုင်ရရုံ ခပ်ပါးပါးသာ ကစားလာသည်ကို တွေ့ရသည်။ ပြီးခဲ့သော ငါးပွဲ
ဆက်တိုက်တွင် ဂျူဗင်တပ် သည် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဖီအိုရင်တီးနားနှင့် ၁ဪ၁ သရေကျ
သည့် တစ်ပွဲမှလွဲပြီး ကျန်လေးပွဲ စလုံးကို ၁ဪဝ ဖြင့်သာ အနိုင်ရအောင် ထိန်းကစား ခဲ့သည်
ကို တွေ့ရသည်။
ဂျူဗင်တပ်တိုက်စစ်တွင် အီတလီလက်ရွေးစင် အော့စဗဲလ်ဒိုနှင့် အားဖြည့်လိုက်သောကြောင့်
သိသိသာသာ တိုးတက်လာသည်။ နည်းပြ ကွန်တီအနေဖြင့် တီဗက်ဇ်ကို 'တည်'ပြီး အော့
စဗဲလ်ဒိုနှင့် လော်ရန်တေးတို့ကို တစ်လှည့်စီ ထည့်သုံးသည်။ ကွင်းလယ်တွင် ပီယာလိုနှင့်
ဗီဒဲလ်တို့ကို 'အထိုင်ချ'ပြီး ပါဒိုအင်၊ အစ္စလာ၊ အဆာမိုတို့ကို ထည့်သုံးလာသည်။
ပါဒိုအင် သည် သမ္ဘာရှိပြီး အဆာမိုနှင့် အစ္စလာတို့သည် ကစားအား၊ 'ပါ၀ါ' ကောင်းမွန်သူများ
ဖြစ်သောကြောင့် ကစားကွက်ဖန်တီးရှင် ပီယာလိုကို ၀န်းရံပေးနိုင်သည်ကို တွေ့ရသည်။
တစ်ဖန် ဂျူဗင်တပ်နောက်တန်းသည် လုံခြံု ကျစ်လျစ်ပြီး အသင်းဖော်များ၏ ယုံကြည်မှုကို
အပြည်အဝရရှိနေပြီဖြစ်သည်။ သုံးယောက်ခံစစ် ကို အသုံးပြုသောကြောင့် ဂျူဗင်တပ်သည်
နောက်တန်း တည်ငြိမ်မှုရှိလာသည်နှင့်အမျှ ကစားကွက် စီးစီးပိုင်ပိုင်ရှိကာ ပြိုင်ဘက်ကို
အသာစီးအနေအထားမှ ကစားသွားနိုင်မည် ဖြစ်သည်။ ဆိုရပါလျှင် နာပိုလီသည် လူစုံ
ပါ၀င်နိုင်ပြီး ကွင်းလယ်နှင့် တောင်ပံတိုက်စစ်သမားများ၏ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်
တိုးတက်လာပါက ဂျူဗင်တပ်ကို သူတင်ကိုယ်တင်ကစားနိုင် သော ခြေစွမ်းမျိုး ထွက်ပေါ်
လာဖွယ်ရှိသည်။
သို့ရာတွင် ဂျူဗင်တပ်သည် ရှေ့လယ်နောက် ချိန်ခွင်လျှာ မျှတပြီး 'ရစ်သမ်'မိနေသော အသင်း
ဖြစ်ရာ နာပိုလီတို့ အသည်းအသန်ကစားရမည်ဖြစ်သော်လည်း အနည်းဆုံး သရေကစားနိုင်
မည်ဟု ယူဆမိသည်။ သို့ ရာတွင် ဂိုးနည်းသောပွဲ ဖြစ်နိုင်ဖွယ်ရှိသည်။















