ရိုးရာလက်ဝှေ့နည်းပြသင်တန်းနှင့် သက်ကြီးဂုဏ်ပြုပွဲ ကျင်းပမည်

ရိုးရာလက်ဝှေ့နည်းပြသင်တန်းနှင့် သက်ကြီးဂုဏ်ပြုပွဲ ကျင်းပမည်

မြန်မာ့ရိုးရာ လက်ဝှေ့နည်းပြသင်တန်းနှင့် သက်ကြီးမြန်မာ့ရိုးရာ လက်ဝှေ့ပညာရှင်များ အား
ဂုဏ်ပြုပွဲကို လာမည့်ဧပြီလ ရ၊ ၈၊ ၉ ရက် နေ့များတွင် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ ချုပ်က
ကြီးမှူးကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းတွင် အသက် ၂၅ နှစ်မှ ၄၀ နှစ်အတွင်း ရိုးရာလက်ဝှေ့နည်းပြုလုပ်
ရန် ရည်ရွယ်ချက်ရှိသူ မည်သူမဆိုတက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း နေရေး၊
စားရေးနှင့် သင်တန်းကြေးတို့ကို အခမဲ့ဖြင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် က စီစဉ်ပေးသွား
မည်ဖြစ်သည်။

နည်းပြသင်တန်း တက်ရောက်သူများအနေဖြင့် ကလပ်အသင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
ရိုးရာလက်ဝှေ့ ကလပ်အသင်းတည်ထောင်ပြီး မျိုးဆက်သစ်လက်ဝှေ့သမားများမွေးထုတ်ရန်
ရည်ရွယ်ချက် ရှိသူဖြစ်ရမည် ဖြစ်သည်။

သက်ကြီးမြန်မာ့ရိုးရာ လက်ဝှေ့ပညာရှင်များ အား ဂုဏ်ပြုပွဲကျင်းပပေးခြင်း၏ ရည်ရွယ်ချက် မှာ
သက်ကြီးမြန်မာ့ရိုးရာလက်ဝှေ့ပညာရှင် များမှ လက်ဝှေ့နည်းစနစ်ကောင်းများ၊ အတွေ့ အကြံု
ကောင်းများကို လက်ရှိရိုးရာလက်ဝှေ့ ကလပ်အသင်းများတွင် နည်းပြနေကြသော လူငယ်နည်းပြ
များကို မျှဝေပေးရန်နှင့် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခြင်းဖြင့် လူငယ်မျိုးဆက်သစ်များ လည်း သိရှိကြည်
ညိုနိုင်ရန်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး