ကမ္ဘာ့ဖလားပွဲကြီး ဘရာဇီးလ်နိုင်ငံမှာ တစ်ကျော့ပြန်ကျင်းပဖို့ နှစ်လကျော်သာ လိုတော့တယ်။
ပါ၀င်ယှဉ်ပြိုင်ခွင့်ရတဲ့အသင်း တွေက အပြီးသတ်လူစာရင်း မကြာမီတင်ရ တော့မှာမို့ ခြေစမ်းပွဲနဲ့
ပြင်ဆင်နေကြတယ်။ အသင်းတိုင်းလိုလို ၀ါရင့်တွေနဲ့ လူငယ်ခြေတက် တွေ ပေါင်းစပ်ပြီး ပွဲထုတ်
လာကြမှာပါ။
ဒီပြိုင်ပွဲ မှာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေ ပြိုင်ကြမှာ မို့ ကမ္ဘာတစ်ဝန်း ဘောလုံးချစ်ပရိသတ်
တွေ အတွက် ဘောလုံးရသတွေကို တစ်ဝကြီးရှုစား ခံစားကြရတော့မှာပါ။ မကြာမီ ကမ္ဘာ့ဖလား
ပြိုင်ပွဲဝင် အင်္ဂလန် အသင်းကို ရွေးချယ်တော့မယ့် အင်္ဂလန်အသင်း မန်နေဂျာ ရွိုင်းဟော့ဆန်ဟာ
သူတို့ရဲ့နောက်ဆုံး ခြေသွေးပွဲအဖြစ် ဒိန်းမတ်လက်ရွေးစင်အသင်း နဲ့ကစားရာမှာ ၁-၀ နဲ့ နိုင်ခဲ့
တယ်။
ဒီပွဲကိုကြည့်ပြီး ရွိုင်းဟော့ဆန်ဟာ သူပွဲထုတ်ခဲ့တဲ့ လူငယ် ခြေသွက်တွေရဲ့ ခြေစွမ်းကို အတော်
သဘော တွေ့သွားတယ်။ ဒါကြောင့် လာမယ့်ကမ္ဘာ့ဖလား ပွဲမှာ သူက အင်္ဂလန်အသင်းကို
မျက်နှာစိမ်း တွေနဲ့ ၀ါရင့်တွေကို ရောသမမယ်လို့ ဆိုတယ်။ ဟော့ဆန်ဟာ မတ်လ ၅ ရက်နေ့က
၀င်ဘလေ ကွင်းမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဆောက်သမ် တန်အသင်းမှ အသက် ၁၈ နှစ်အရွယ်
ရှိ နောက် တန်း ဘယ်အစွန်လူ လုရှောနဲ့ ဒီပွဲရဲ့ အကောင်း ဆုံးဘောလုံးသမား (Man of the
Match) ဆုရခဲ့တဲ့ အသက် ၁၉ နှစ်အရွယ်ရှိ လီဗာပူး ရှေ့တန်းအစွန်လူ ရာဟင် စတားလင်းတို့ကို
ပွဲထုတ်ခဲ့တယ်။
အင်္ဂလန်အသင်းမှ ဒုတိယပိုင်း မှာ ၀င်လာတဲ့ အသက် ၂၅ နှစ်အရွယ်ရှိ အဒမ် လာလာနာနဲ့
အသက် ၂၃ နှစ်ရှိ ဒန်နီဝဲလ်ဘက် တို့ဟာလည်း ၈၂ မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့တဲ့ အသက် ၂၄
နှစ်ရှိ လီဗာပူးတိုက်စစ်မှူးဒန်နီယယ် စတားရစ်ချ်နဲ့တွဲကစားပြီး ခြေစွမ်းပြသွားကြပါ တယ်။
စတားလင်းနဲ့ စတားရစ်ချ်တို့ဟာ လူငယ် တွေဖြစ်ကြတော့ တစ်ကိုယ်တော် ဂိုးသွင်းလိုစိတ်
များနေကြသေးတယ်လို့ ဆိုကြတယ်။ ဒါက လည်း အချိန်နဲ့ အတွေ့အကြံုက ပြင်သွားကြပါ
လိမ့်မယ်။ ရီးယဲလ်အသင်းက ၀ါရင့်တွေဖြစ်ကြ တဲ့ ဒီမာရီယာနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဘောလုံး
သမား ဂါရတ်ဘေးလ်တို့တောင် ခပ်လှမ်းလှမ်း ကပဲ ဂိုးပေါက်ကိုကန်သွင်းနေကြတယ်။
ကစား ဖော်တွေကို ပေးကစားမှ ဂိုးရတာကို မေ့နေကြ ပုံပေါက်တယ်။ ဒါတွေကိုလည်း ဒီနေ့မြန်မာ
ဘောလုံးသမားတွေ အတုယူပြင်ကြရမယ့် သင်ခန်းစာတွေပါ။ တစ်ကိုယ်ကောင်းစိတ်ကို
လျှော့ကြရမယ်။ အင်္ဂလန်အသင်းဟာ ဒိန်းမတ်နဲ့ပွဲမှာ အသက် ၂၅ နှစ်နဲ့ ၂၅ နှစ်အောက်
ဘောလုံးသမား ခြောက်ဦးကို သုံးသွားတယ်။ ဟော့ဆန်က တောင့်တင်းတဲ့ ဒိန်းမတ်အသင်းနဲ့
ယှဉ်ပြိုင် ကစားရာမှာ လူငယ်တွေရဲ့ စွမ်းဆောင်ရည်ဟာ ဘရာဇီးလ်ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန်ရဲ့
နိမိတ် ကောင်းပဲလို့ ယုံကြည်နေတယ်။ သူက ဒီနေ့ပွဲမှာ ခြေစွမ်းပြသွားတဲ့ သူ့လူငယ် တွေရဲ့အစွမ်း
ကို အားလုံးက အကောင်းမြင်ကြ ရမယ်လို့ ကောက်ချက်ချခဲ့တယ်။
ဒီပွဲမှာ စီနီယာ တွေဖြစ်ကြတဲ့ ဂျိုးဟတ်၊ ဂယ်ရီကာဟေးလ်၊ ဂလင်းဂျွန်ဆင်နဲ့ စတီဗင်ဂျာရတ်တို့
ဟာလည်း သမ္ဘာတွေပီပီ ခြေစွမ်းထက်ဆဲပါပဲ။ သူတို့ အားလုံးဟာ ဒိန်းမတ်အသင်းက အင်္ဂလန်
ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်အောင် ကစား သွားကြတယ်လို့ သူ့အမြင်ကို ပြောသွားတယ်။
ဒီပွဲမှာ ဟော့ဆန်က သမ္ဘာရင့်ကြီး လမ်းပတ်နဲ့ မန်ယူကွင်းလယ်လူ ကာရစ်တို့ကို အရန်ခုံမှာ
ထိုင်ခိုင်းထားတယ်။ မီဒီယာတွေက ပွဲအပြီး လမ်းပတ်အကြောင်းကိုမေးတော့ ဟော့ဆန်က
လမ်းပတ်နဲ့ အက်ရှ်လေကိုးလ်တို့ဟာ အသင်းမှာ ပါ၀င်ဖို့ အရေးပါတဲ့သူတွေပါ။ သူတို့နဲ့ပတ်သက်
ပြီး သူ့ဆုံးဖြတ်ချက်ချရတော့မှာပါ။ ဒီပွဲမကစား လိုက်ရတာကို လမ်းပတ်လက်ခံမှာပါလို့ ပြော
သွားတယ်။ လုရှောဟာ ၃၇ မိနစ်မှာ အက်ရှ်လေ ကိုးလ်နေရာမှ ၀င်ကစားတယ်။ ၅၉ မိနစ်မှာ
ကွင်းလယ်ကစားသမား ၀ီလ်ရှီးယားနားသွား လို့ အဒမ်လာလာနာဝင်တယ်။ မိနစ် ၆၀ မှာ
၀ိန်း ရွန်နေအစား ၀ဲလ်ဘက်ကန်တယ်။ ရ၇ မိနစ်မှာ ဂျော်ဒန်ဟန်ဒါဆင်နေရာမှာ ချိန်ဘာလိန်
၀င်ကစားတယ်။
၈၆ မိနစ်နဲ့ ၈၈ မိနစ်မှာ စတားလင်းနဲ့ စတားရစ်ချ်တို့ကို အနားပေးပြီး တောင်ဆန်နဲ့ ဂျိမ်းမီလ်နာ
တို့နဲ့ အစားထိုးတယ်။ ဒီပွဲမှာ အင်္ဂလန်အသင်းရဲ့ အာဆင်နယ်ကွင်းလယ် လူ ၀ီလ်ရှီးယားဟာ
ဒိန်းမတ်အသင်းခေါင်း ဆောင် ဒန်နီယယ်အဂ္ဂါနဲ့ ထိခိုက်မိလို့ လဲကျသွား တော့ ဟော့ဆန်
ရင်မခဲ့ရသေးတယ်။
ဒါပေမဲ့ သူ့ဒဏ်ရာက ပွန်းပဲ့တာလောက်ပဲဖြစ်ပြီး သိပ် မပြင်းထန်လို့ ဟော့ဆန် စိတ်သက်သာ
သွား ခဲ့တယ်။ ဒီပွဲပြီးတော့ ဒိန်းမတ်အသင်းမန်နေဂျာ အိုလ်ဆင်က ကမ္ဘာ့ဖလားပွဲမှာ အီတလီ၊
ဥရုဂွေး၊ ကော်စတာရီကာ အသင်း တွေနဲ့တွေ့မယ့် အင်္ဂလန်အသင်း ကံကောင်းပါ စေလို့
အားပေးဆုတောင်းသွားခဲ့တယ်။
ကမ္ဘာ့ဖလားပွဲဝင် အင်္ဂလန်အသင်း အုပ်စု(ဃ) ကတော့ သေမင်းတမန်အုပ်စုလို့ အီတလီ မန်နေ
ဂျာ ပရန်ဒယ်လီကပြောတယ်။ ကမ္ဘာ့ ဖလား လေးကြိမ်ရ အီတလီဟာ ယူရို ၂၀၁၂ ကွာတားမှာ
အင်္ဂလန်ကို ပင်နယ်တီနဲ့ နိုင်ခဲ့ တယ်။ နောက် ၁၉၇၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်ကို အုပ်စု
မှာပဲ ဖြုတ်ခဲ့တယ်။
အဲဒီ သမိုင်းကြောင်းတော့ရှိတယ်။ အင်္ဂလန်ဟာ လီဗာပူးအသင်းမှာ ခြေစွမ်းပြဂိုးသွင်းထိပ်သီး
ဆွာရက်ဇ်ရဲ့ ကမ္ဘာ့ဖလားနှစ်ကြိမ်ရ ဥရုဂွေးကို ယှဉ်ရဦးမယ်။ ဒီအုပ်စုမှာ ကော်စတာ ရီကာ
ကတော့ သိပ် မတောင့်တင်းဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပွဲဆိုတာ ကမ္ဘာ့အကောင်း
ဆုံး အသင်းတွေ ကစားကြ မှာမို့ ပွဲတိုင်း အကြိတ် အနယ်ရှိကြမယ်။ မထင် မှတ်တဲ့ရလဒ်တွေ
ထွက်လာ တတ် တယ်။
အသင်း ငယ်လေး တွေဆိုပြီး လျှော့တွက်လို့မရဘူးလို့ ဘောလုံးကဝိကြီး တွေက ဆိုကြတယ်။
အုပ်စုကျပ်ပါတယ်။ ဒါကို သံသယဖြစ်စရာမလိုဘူးလို့ ဟော့ဆန်က ပြော တယ်။ အင်္ဂလန်အသင်း
ဟာ ဒီတစ်ကြိမ် ကမ္ဘာ့ ဖလားပွဲမှာ သွေးသစ်တွေကို သမ္ဘာရင့်တွေနဲ့ ပေါင်းစပ်ပွဲထုတ်မှာမို့ ဘယ်
အဆင့်ထိရောက် မယ်ဆိုတာ ဘောလုံးရူးသွပ်တဲ့ အင်္ဂလန်ပရိသတ် တွေနဲ့ ကမ္ဘာတစ်ဝန်းက
မြန်မာနိုင်ငံအပါအဝင် ပရီမီယာလိဂ်ကို စွဲမက်တဲ့ပရိသတ်တွေက စောင့်ကြည့်ရတော့မယ်ဗျာ။
ကျွန်တော်တို့ မြန်မာ့လက်ရွေးစင်ဘောလုံး အသင်းရဲ့ နည်းပြချုပ် အေဘရာမိုဗစ်ချ်ကလည်း
လက်ရွေးစင်အသင်းကြီးအတွက် အတွေ့အကြံု ရှိတဲ့ ဘောလုံးသမားတွေနဲ့ လူငယ်သွေးသစ်
တွေကို ပေါင်းစပ်ရွေးချယ်မယ်ဆိုပြီး MNL ပွဲတွေကို လိုက်ကြည့်နေလေရဲ့။
ဒါကြောင့် အတွေ့အကြံုရှိဘောလုံး သမားတွေနဲ့ လူငယ်သွေးသစ်တွေ ပါ၀င် လာမယ့် မြန်မာ
အသင်းရဲ့ နိုင်ငံတကာ ပွဲတွေကို ဘောလုံးချစ် ပရိသတ် တွေ စောင့်ကြည့်ရတော့မှာ ဖြစ်ကြောင်း
ပါဗျာ။















