ဥရောပ ဘောလုံးကလပ်အသင်းလောကဆိုတာ အပျော်တမ်းသက်သက်မဟုတ်ဘဲ ငွေကြေး
အများအပြားရင်းနှီးမြှုပ်နှံရတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုပါ။ ဘောလုံးစီးပွားရေးလုပ်ငန်း ဆိုတာ
ဥရောပမှာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှု တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
အောင်မြင်ခြင်း ကျဆုံးခြင်းဆိုတာ အချိန်တို အတွင်းမှာ ဘာမဆိုပြောင်းလဲသွားနိုင်တဲ့ စီးပွားရေး
လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးကလပ်အသင်းတွေကို ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်
တွေ၊ စီအီးအိုတွေဟာ တစ်စုံတစ်ရာ ဆုံးဖြတ်ချက် မှားယွင်းမှုတစ်ခုဖြစ်သွားတာနဲ့ အသင်းဟာ
ဇောက်ထိုးမိုးမျှော်ဖြစ်သွားနိုင်တဲ့ အခြေအနေနဲ့ ကြံုတွေ့သွားမှာပဲ ဖြစ်ပါတယ်။
တစ်ချိန်က အီတလီစီးရီးအေ ဘောလုံးလောက ဟာ ဘောလုံးစီးပွားရေးမှာ ထိပ်ဆုံးက ရှိခဲ့ပေ
မယ့် အဲဒီလိုစီမံခန့်ခွဲသူတွေရဲ့ မှားယွင်းမှု တွေကြောင့် စီးရီးအေရဲ့ ဘောလုံးစီးပွားရေးက
ကျဆင်းသွားပြီး ဥရောပထိပ်သီးလိဂ် ငါးခုမှာ အခုဆိုရင် အဆင့်(၅)နေရာကို ကျသွားခဲ့ပါ
တယ်။ ၏
လက်ရှိမှာ ဘောလုံးစီးပွားရေးကောင်း နေတဲ့ လိဂ်တွေက အင်္ဂလန်ပရီမီယာလိဂ်၊
ဘွန်ဒက်စ်လီဂါနဲ့ လာလီဂါတို့ပဲဖြစ်ပါတယ်။ တစ်သင်းချင်းအနေအထားမှာ လာလီဂါက
ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့ဟာ ထိပ်တန်း အဆင့်မှာ ရှိနေပေမယ့် လိဂ်တစ်ခုလုံးနဲ့ ယှဉ်
လိုက်ရင်တော့လာလီဂါရဲ့ဘောလုံးစီးပွားရေး ဟာ ပရီမီယာလိဂ်၊ ဘွန်ဒက်စ်လီဂါတို့လောက်
အားကောင်းခြင်းမရှိသေးဘဲ ဖြစ်နေခဲ့ကြပါ တယ်။
ပရီမီယာလိဂ်ကတော့ ဘောလုံးစီးပွား ရေးလုပ်ငန်းအရ ထိပ်ဆုံးမှာရှိနေတဲ့ လိဂ် တစ်ခုပဲဖြစ်ပါ
တယ်။ ဒါကြောင့်လိဂ်ချန်ပီယံရှစ် တန်းကအသင်းတွေဟာ ပရီမီယာလိဂ်ကို တက်လာနိုင်ဖို့
ကြိုးစားကြသလို ပရီမီယာလိဂ် ရောက်အသင်းတွေဟာလည်း လိဂ်ချန်ပီယံရှစ် တန်းကို ပြန်
မဆင်းရဖို့အသေအလဲကြိုးစား စီမံခန့်ခွဲနေကြရတာပဲ ဖြစ်ပါတယ်။
ဘောလုံးစီးပွားရေးလုပ်ငန်းဟာ ဆတ်ဆတ် ထိမခံတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပါ။ စီမံခန့်ခွဲ သူ
တွေရဲ့ ဆုံးဖြတ်ချက်တစ်ချက်အမှားဟာ အချိန်တိုအတွင်းမှာ ပေါင်သန်းပေါင်းများစွာ ဆုံးရှုံး
သွားတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ အဓိက တိုင်းတာတဲ့ ပထမဆုံးအချက်က တန်းဆင်းသွားရခြင်း
ဆိုတာပဲ ဖြစ်ပါတယ်။
ဘောလုံး စီးပွားရေးလုပ်ငန်းရဲ့ အဓိကမျှော်လင့်ချက်က ရုပ်သံဝင်ငွေခွဲတမ်းနဲ့ ကစားသမား
အပြောင်း အရွှေ့အရောင်းအဝယ်နဲ့ အဓိကစပွန်ဆာရရှိ ခြင်းတို့ပဲဖြစ်ပါတယ်။ ကလပ်ကွင်း
၀င်ကြေး၊ ကြော်ငြာ၊ စတိုးနဲ့ စားသောက်ကုန်ရောင်းဝယ် ခြင်းတို့က ဒုတိယဦးစားပေးနေရာ
မှာပဲရှိနေ ခဲ့ပါတယ်။ အသင်းတစ်သင်းဟာ တန်းဆင်း သွားရပြီဆိုတာနဲ့ ငွေကြေးအများအပြား
ဆုံးရှုံးဖို့ သာပဲရှိပါတော့တယ်။
သာဓကအနေနဲ့ မနှစ် ပရီမီယာလိဂ်က ကလပ်အသင်းကျူပီအာရ် ကို မလေးရှားစီးပွားရေး
လုပ်ငန်းရှင် တိုနီဖာနန်ဒက်ဇ်ဟာ ၀ယ်ယူခဲ့ပါတယ်။ နောက်ဆုံးမှာ ကျူပီအာရ်ဟာ ပရီမီယာ
လိဂ်ကနေ တန်းဆင်းသွားရတော့ တိုနီဖာနန်ဒက်ဇ်ဟာ ပေါင်သန်း ၁၅၀ ကျော် အရှုံးပေါ်သွား
ခဲ့ပါတယ်။ ကလပ်ရဲ့ အခြေခံအဆောက်အအုံတွေကို ရောင်းထုတ် ရင် အတိုင်းအတာတစ်ခု
အထိ ပေါ်လာနိုင် ပေမယ့် အရှုံးကိုတော့ ကာမိမှာ မဟုတ်ပါဘူး။
သူ့အနေနဲ့ ငွေပြန်ပေါ်ဖို့အတွက် တစ်ခုတည်း သော ရည်မှန်းချက်က လိဂ်ချန်ပီယံရှစ်တန်း ကနေ
ဒီရာသီမှာပရီမီယာလိဂ်ကို ပြန်တက်လာနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာမယ်ဆိုတာကို ဖာနန်
ဒက်ဇ်ဟာ တွက်ဆသားပြီးဖြစ်ပါတယ်။ ဒါကြောင့် မနှစ်တုန်းက ဆောင်းရာသီ အပြောင်းအရွှေ့
မှာ ကစားသမားတွေထပ်ဖြည့် ပြီး မြှုပ်နှံပေမယ့် နောက်ဆုံးမှာ မကယ်တင်နိုင် ဘဲ ကျူပီအာရ်
ဟာ တန်းဆင်းသွားရပါတယ်။
ဒီနှစ်ရာသီက စတင်ပြီး ပရီမီယာလိဂ်ဟာ ရုပ်သံစာချုပ်အသစ်နဲ့ ဖြတ်သန်းနေတာဖြစ်ပါတယ်။
ဒါကြောင့် ပရီမီယာလိဂ်ကအသင်း၂၀ ဟာ ရည်မှန်းချက်ကိုယ်စီနဲ့ ဖြတ်သန်းနေကြပြီး ပရီမီယာ
လိဂ်ဟာ ချန်ပီယံဖြစ်မယ့်အသင်းတွေ အားပြိုင်ခြင်းနဲ့အတူ တန်းမဆင်းရဖို့အတွက် အောက်
အသင်းတွေဟာ အကြိတ်အနယ်ဖြစ် နေကြတာပဲဖြစ်ပါတယ်။
မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူး၊ အဲဗာတန်၊ စပါးတို့ဟာ လက်ရှိချန်ပီယံမန်ယူနဲ့
အတူ ချန်ပီယံဖြစ်ဖို့၊ ချန်ပီယံလိဂ်ဝင်ဖို့၊ ယူရိုပါလိဂ် ၀င်ဖို့ ကြိုးစားနေကြပေမယ့် ကျန်တဲ့ ၁၃
သင်းက ပရီမီယာလိဂ်ကနေ တန်းဆင်းမသွားရဖို့ အတွက် အားပြိုင်နေကြတာပဲ ဖြစ်ပါတယ်။
ဒီ ၁၃ သင်းထဲမှာ အခုပွဲစဉ်(၃၂)ကစားအပြီးမှာတော့ နောက်နှစ်ပရီမီယာလိဂ်ကို ဆက်ကစားခွင့်
ရ သွားတဲ့အသင်းတွေက သုံးသင်းသာရှိသေး တာတွေ့ရပါတယ်။ ဆောက်သမ်တန်၊ နယူး
ကာဆယ်နဲ့ စတုတ်တို့ပဲဖြစ်ပါတယ်။ ဒီသုံးသင်း ဟာ ရမှတ် ၄၀ ရသွားတာကြောင့်ဖြစ်ပါတယ်။
ပရီမီယာလိဂ်မှာ ရမှတ် ၄၀ ရတဲ့အသင်းဟာ တန်းမဆင်းရတော့ပါဘူး။ မနှစ်တုန်းကဆိုရင်
ဆောက်သမ်တန်အသင်းဟာ တန်းမဆင်းရဖို့ အခုလိုအချိန်မှာတော်တော်လေးရုန်းကန်ခဲ့ရ
တာပါ။ နောက်ဆုံးမှာ တင်ကျန်သွားခဲ့ပါတယ်။
အခုနှစ်မှာတော့ အဲဒီလိုမဟုတ်တော့ဘဲဆောက်သမ်တန်ဟာ ပရီမီယာလိဂ်မှာ တင်ကျန်ခဲ့ပြီ
ဖြစ်ပါတယ်။ ဒါဟာ စီမံခန့်ခွဲသူ ကောင်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကော်တက်ဆေဆိုတဲ့
ဆောက်သမ်တန်စီအီးအိုကောင်းခဲ့ တာကြောင့်ပဲ ဖြစ်ပါတယ်။ အခုသူဟာ နုတ်ထွက် သွားလို့
နောက်နှစ်ဆိုရင် ဆောက်သမ်တန်ဟာ စီမံသူအသစ်နဲ့ သွားတော့မှာဖြစ်ပါတယ်။
အဲဒီအချိန်ကျရင် ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ဒီရာသီပရီမီယာလိဂ်မှာ
စီမံဆုံးဖြတ်မှုမှားယွင်းခဲ့တဲ့ ကလပ်အသင်း ငါးသင်းရှိခဲ့ပါ တယ်။ တော့တင်ဟမ်ဟော့စပါး၊
၀က်စ်ဘရွန်း၊ ကာဒစ်ဖ်၊ ဖူလ်ဟမ်နဲ့ ဆွမ်ဆီးတို့ပဲဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဆိုရင်
သူတို့ရဲ့ရည်မှန်း ချက်က ချန်ပီယံလိဂ်ဝင်ဖို့၊ ယူရိုပါလိဂ်ဝင်ဖို့ ရည်မှန်းထားတဲ့ အသင်းဖြစ်ပါတယ်။
ဒီလိုရည်မှန်းချက်ရှိထားလို့လည်း ကစားသမားတစ်ယောက်ကို ပေါင်သန်း ၁၀၀ နဲ့ရောင်းလို့
ရတဲ့ငွေနဲ့ ကစားသမားတွေ ထပ်ဝယ်ဖြည့်လိုက် တာဖြစ်ပါတယ်။ အခုဂါရတ်ဘေးလ်ကိုရောင်း
လို့ရတဲ့ သန်း ၁၀၀ ဘယ်ရောက်သွားမှန်းမသိအောင်ကို စပါးဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။
အသင်းကို စီမံနေတဲ့ ဒယ်နီယယ်လဲဗီဟာ စပါးကို အသင်းကြီးဖြစ်အောင် တည်ထောင် နိုင်ခဲ့သူပါ။
ဒီနှစ်မှာတော့ သူ့ရဲ့စီမံမှုတွေက ဘာမှန်းမသိဖြစ်သွားစေခဲ့ပါတယ်။ အထူး သဖြင့် ဘိုအာ့စ်ကို
ထုတ်ပြီးနောက်မှာ ရည်မှန်း ချက်ကြီးမားလွန်းတဲ့ စပါးဟာ နောက်ထပ်နည်းပြကောင်းကို မခန့်ဘဲ
လက်ထောက် နည်းပြနဲ့ ပရီမီယာလိဂ်ဖြတ်သန်းတာက လဲဗီရဲ့ဆုံးဖြတ်ချက်အမှားပဲဖြစ်ပါတယ်။
ဒီအမှားက စပါးဟာ လာမယ့်နှစ်မှာ ဥရောပပွဲတွေမကစားရတော့သလို ငွေကြေးဆုံးရှုံးမှုလည်း
ရှိသွားပြီဖြစ်ပါတယ်။ ပေါင်သန်း ၁၀၀ ဖိုးဝယ်ခဲ့တဲ့ကစားသမားတွေထဲမှာ ထူးထူးခြားခြားကစား
သမားဆိုတာလည်း ထွက်မလာခဲ့ပါဘူး။ လက်ရှိမှာ နည်းပြတင်ရှားဝုဒ်ကိုဝေဖန်နေ ပေမယ့်
တကယ့်အမှားက ဆုံးဖြတ်ချက်ချသူ ဒယ်နီယယ်လဲဲဗီရဲ့ အမှားသာပဲဖြစ်ပါတယ်။
နောက်ထပ် စီမံဆုံးဖြတ်မှုမှားတဲ့ အသင်းက ၀က်စ်ဘရွန်းဖြစ်ပါတယ်။ ၀က်စ်ဘရွန်းဟာလက်ရှိမှာ
တန်းဆင်းရလုလုအခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ ဒီအမှားကလည်း ၀က်စ်ဘရွန်းဘုတ်
အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အမှားပဲ ဖြစ်ပါတယ်။ အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ရောင်း
ပြီးတဲ့နောက်မှာတောင် အသင်းကို ငြိမ်အောင်ကိုင်တွယ်နေတဲ့မန်နေဂျာ စတိဗ်ကလပ်ခ်ကို
ထုတ်ပစ်လိုက်တာဟာ ၀က်စ် ဘရွန်း တန်းဆင်းဇုန်မှာ ရုန်းကန်ရအောင် ဖန်တီးလိုက်တာပဲ
ဖြစ်ပါတယ်။
တကယ်တော့ ၀က်စ်ဘရွန်းရဲ့အနေအထားက အလယ် အလတ်အသင်းသာ ဖြစ်ပါတယ်။
တန်းမဆင်းရဖို့ ရမှတ် ၄၀ ရဖို့သာ အဓိကဖြစ်ပါတယ်။ဒါကို ဘုတ်အဖွဲ့ဟာ ဘယ်ကိုသွားမယ်
ဆိုတဲ့ပန်းတိုင်ပြတ်သားမှုမရှိဘဲ စတိဗ်ကလပ်ကို ထုတ်ပယ်တာဟာ မဟာဆုံးဖြတ်ချက်အမှား
သာဖြစ်ပါတယ်။ အဲဒီတော့ ၀က်စ်ဘရွန်းဟာမရုန်းကန်သင့်ဘဲ ရုန်းကန်နေရတာပဲဖြစ်ပါတယ်။
ကံမကောင်းလို့ တန်းဆင်းသွားရပြီဆိုရင် တော့ ၀က်စ်ဘရွန်းဟာ ဆုံးရှုံးမှုကြီးမားမှုနဲ့သာ
ကြံုတွေ့ရတော့မှာပဲ ဖြစ်ပါတယ်။
တန်းဆင်း သွားရင်ဖြင့်ဆိုတဲ့ စိုးရိမ်မှုက ပိုပြီးဆိုးရွားသွား စေခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်သင်း
က ဆွမ်ဆီးအသင်းဖြစ်ပါ တယ်။ မနှစ်က ဒီလိုအချိန်မျိုးမှာ ဆွမ်ဆီးဟာ အကောင်းဆုံးပုံစံနဲ့ ပရီ
မီယာလိဂ်ကိုဖြတ်သန်း နေတဲ့အသင်းပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ အခုထိ အမှတ် ၄၀ မပြည့်သေး
လို့ စိုးရိမ်နေရဆဲပဲဖြစ် ပါတယ်။ ဒါဟာလည်း ဆွမ်ဆီးဘုတ်အဖွဲ့ရဲ့ အမှားကြောင့်သာပဲ ဖြစ်ပါ
တယ်။
ဘုတ်အဖွဲ့ဟာ မန်နေဂျာလောဒရပ်ကို မကြိုက်လို့ ထုတ်ပစ် တယ်ဆိုတာဟာ မှားယွင်းတဲ့
ဆုံးဖြတ်မှုသာ ဖြစ်ပါတယ်။ ပြီးတော့ မန်နေဂျာအသစ်မခန့်ဘဲ ကစားသမားကို နည်းပြပြန်ခန့်တာ
ဟာလည်း အခုလို ဆွမ်ဆီးရုန်းကန်နေရတာပဲ ဖြစ်ပါ တယ်။ အရင်က ဆွမ်ဆီးဘုတ်အဖွဲ့ရဲ့ စီမံမှု
တွေ ဟာ အသင်းငယ်တွေအတွက် စံနမူနာဖြစ်ခဲ့ တာပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ သူတို့ရဲ့ဆုံး
ဖြတ်ချက်တွေက စိတ်ပျက်စရာပဲ ဖြစ်ပါတယ်။
နောက်ထပ်တစ်သင်းက ဖူလ်ဟမ်အသင်းပဲ ဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ တန်းဆင်းရမယ်လို့ ထင်
ထားကြမှာ မဟုတ်ပါဘူး။ အခုတော့ ဖူလ် ဟမ်ဟာ တန်းဆင်းရတော့မှာ ဖြစ်ပါတယ်။ ပိုင်ရှင်
မိုဟာမက်အယ်လ်ဖာရက် ပိုင်ဆိုင်စဉ် တုန်းကတော့ ဖူလ်ဟမ်ဟာ ပရီမီယာလိဂ်မှာ အခုလို
အချိန်မှာ တင်ကျန်နေပြီဖြစ်ပါတယ်။ အခုတော့ အယ်လ်ဖာရက်ဟာ ဖူလ်ဟမ်ကို အမေရိကန်
သူဋ္ဌေး ခန်းကိုရောင်းလိုက်လို့ စီမံ ခန့်ခွဲမှု ပြောင်းလဲသွားခြင်းအောက်မှာ ဖူလ်ဟမ် ဟာ အခုလို
တန်းဆင်းရလို့ ဖြစ်သွားစေတာပဲ ဖြစ်ပါတယ်။
တစ်ရာသီတည်းမှာ နည်းပြသုံးယောက်ပြောင်းပြီး ကစားသမား အများ အပြား ပြောင်းလဲလိုက်
ခြင်းအောက်မှာ ဖူလ်ဟမ် အကျပ်အတည်းတွေ့သွားတာပဲဖြစ်ပါတယ်။ မနှစ်က ကျူပီအာရ်ကို
ဖာနန်ဒက်ဇ်ဝယ်ခဲ့ပြီး ငွေကြေးအများအပြားသုံးလိုက်ပေမယ့် ကျူပီ အာရ် တန်းဆင်းသွားရသလို
ပဲ အခုလည်း ခန်းဟာ ဖူလ်ဟမ်ကိုဝယ်ပြီး တန်းဆင်းရဖို့ ဖြစ်လာစေတာက မကျွမ်းကျင်သော
စီမံမှုပုံစံ ကြောင့်လို့ထင်စရာပဲဖြစ်ပါတယ်။ မနှစ်က မလေးရှားသူဋ္ဌေး တိုနီဖာနန်ဒက်ဇ် အရှုံးကြီး
ရှုံးပြီး တန်းဆင်းသွားရသလိုမျိုး ဒီနှစ်မှာလည်း နောက်ထပ် မလေးရှားသူဋ္ဌေးတစ်ယောက်ဟာ
လည်း တန်းဆင်းရဖို့ နီးစပ်နေပါတယ်။ သူက တော့ ကာဒစ်ဖ်ပိုင်ရှင် ဗင့်ဆင့်တန်ပဲ ဖြစ်ပါ တယ်။
ဗင့်ဆင့်တန်ရဲ့ ကာဒစ်ဖ်ဟာ အသင်းက တည်ငြိမ်နေပါလျက်နဲ့ အသင်းကိုပျက်အောင် လုပ်လိုက်
တာက ပိုင်ရှင်ဗင့်ဆင်တန်ပဲ ဖြစ်ပါ တယ်။ သူကတော့ ကောင်းမယ်ထင်လို့ စီမံပေမယ့် အသင်းက
ပိုဆိုးသွားတာက သူ့ရဲ့စီမံပုံ အားနည်းမှုကြောင့် ကာဒစ်ဖ်ဟာ တန်းဆင်းဇုန် မှာ ရုန်းကန်နေရတာ
ပဲဖြစ်ပါတယ်။
ဘောလုံး အသင်းတစ်သင်းဟာ စီမံသူတွေအကောင်းဆုံး စီမံနိုင်မှဖြစ်မှာပါ။ ဆုံးဖြတ်ချက်တစ်ခု
မှားယွင်း သွားလိုက်တာနဲ့ အကြွေးထူသွားမှာဖြစ်ပါတယ်။ ပရီမီယာလိဂ်ဟာ ရုပ်သံဝင်ငွေကို
အဓိက ထားရင်း ဘောလုံးစီးပွားရေးဖွံ့ဖြိုးအောင် ကြိုးပမ်းနေတဲ့ လိဂ်ဖြစ်လို့လည်း အသင်းတွေ
အများစုဟာ ပိုင်ရှင်အသစ်တွေနဲ့ဖြစ်လာသလို လိဂ်ချန်ပီယံရှစ်တန်းက အသင်းတွေဆီကိုတောင်
ပြည်ပက စီးပွားရေးလုပ်ငန်းရှင်တွေဝယ်ယူရင်းနှီးမြှုပ်လာနေကြပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပရီမီယာလိဂ်ဟာ တန်းမဆင်းရဖို့အတွက် အသင်းအများစု ရုန်းကန်ရင် အကြိတ်
အနယ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ဘယ်သူဋ္ဌေးဟာ အရှုံးနဲ့ ပရီမီယာ လိဂ်ကိုကျော
ခိုင်းသွားရမလဲဆိုတာ သီတင်း ခြောက်ပတ်အကြာမှာ မြင်တွေ့ရတော့မှာဖြစ်လို့ ဖူလ်ဟမ်နဲ့အတူ
ဘယ်အသင်းတွေပါသွားမလဲဆိုတာ ချန်ပီယံဖြစ်မယ့်အသင်းကို စောင့်ကြည့် ရတာထက်ကို
ပိုကောင်းနေပါရဲ့ ...။















