ဒီတစ်ခါတော့ ချယ်လ်ဆီးဖြစ်လာလိမ့်မယ်

ဒီတစ်ခါတော့ ချယ်လ်ဆီးဖြစ်လာလိမ့်မယ်

မန်စီးတီး - ဆောက်သမ်တန်
ဆောက်သမ်တန်က ပရီမီယာလိဂ်မှာ တင်ကျန်သွားလို့အခုနောက်ပိုင်းမှာ တိုက်စစ်ဦးစားပေး
ကစားလာနေတာ တွေ့ရပါတယ်။ မန်စီးတီးက အိမ်ကွင်းဆိုရင် အကောင်းဆုံးကစားနိုင်ပါတယ်။
ဒါပေမဲ့ ဒီပွဲမှာဆောက်သမ်တန်ဂိုးပြန်သွင်းနိုင်လို့ မန်စီးတီးအနိုင်ကဂိုးပြတ်ဖို့မလွယ်ပါဘူး။
ဆောက်သမ်တန်နဲ့ဂိုးအများကို ရွေးသင့်ပါတယ်။

ချယ်လ်ဆီး - စတုတ်
ချယ်လ်ဆီးအနေနဲ့ ဒီပွဲကဂရုစိုက်ပြီးပြင်ဆင်ထားပါလိမ့်မယ်။ ခရစ္စတယ်ကို လျှော့တွက်လိုက်
တာ ခံလိုက်ရတဲ့ မော်ရင်ညို ဒီပွဲမှာတော့ ထပ်ပြီးအဖြစ်ခံမှာမဟုတ်တော့ပါဘူး။ စတုတ်က
ခြေစွမ်း အရမ်းတက်နေပေမယ့် ဒီပွဲမှာတော့ ကစားအားလျော့သွားနိုင်ပါတယ်။ ချယ်လ်ဆီးရဲ့
အနိုင်က ပြတ်သားပါလိမ့်မယ်။

နယူးကာဆယ် - မန်ယူ
နယူးကာဆယ်ခြေပျက်သွားပါပြီ။ မန်နေဂျာအလန်ပါဂျူးကိုယ်တိုင် စည်းကမ်းဖောက်သွားတာ
အသင်းကိုပါ လာပြီးထိခိုက်သွားပါတယ်။ မန်ယူရဲ့ကစားပုံပြန်ကောင်းလာနေပါတယ်။အဝေးကွင်း
ဆိုရင် ကစားပုံပိုကောင်းပါတယ်။ ဒီပွဲမှာ မန်ယူဆက်ပြီးအနိုင်ရပါလိမ့်ဦးမယ်။

ဗီလာ - ဖူလ်ဟမ်
ဖူလ်ဟမ်ကတော့ တန်းဆင်းရဖို့ သေချာသလောက်ဖြစ်သွားပါပြီ။ အခုလည်း ဗီလာကွင်း ဖြစ်နေ
လို့ ဖူလ်ဟမ်မလွယ်ဘူးထင်ရပေမယ့် ဗီလာကိုအရမ်းအထင်ကြီးလို့မရပါဘူး။ ဖူလ်ဟမ်မှာ ဂိုးသွင်း
နိုင်တဲ့အချက်တစ်ချက်ရှိနေပါတယ်။ သရေကျနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဖူလ်ဟမ်ကို
ရွေးသင့်ပါတယ်။

ကာဒစ်ဖ် - ပဲလေ့စ်
ကာဒစ်ဖ်ရဲ့ ပွဲကျပ်တွေလွန်မြောက်လာပါပြီ။ နောက်ဆုံးသုံးပွဲမှာ သွင်းဂိုးခုနစ်ဂိုးရှိတဲ့အချက်က
ကာဒစ်ဖ်တိုက်စစ်အားကို ပြနေပါတယ်။ ပဲလေ့စ်က ချယ်လ်ဆီးကို မထင်မှတ်ဘဲအနိုင်ရသွားပေ
မယ့် အဝေးကွင်းဆိုရင် ခံစစ်လောက်ပဲကစားနိုင်တဲ့အသင်းဖြစ်ပါတယ်။ ကာဒစ်ဖ်နိုင်ပွဲ တွေ့မယ့်
ပွဲဖြစ်ပါတယ်။

ဟားလ်စီးတီး - ဆွမ်ဆီး
နိုင်ပွဲအတော်ကြာပျောက်ဆုံးနေတဲ့ ဆွမ်ဆီးအသင်း ပြီးခဲ့တဲ့အပတ်က နိုင်ပွဲပြန်တွေ့သွားခဲ့ပြီ
ဖြစ်ပါတယ်။ ဟားလ်စီးတီးက နောက်ဆုံးနှစ်ပွဲကို ရှုံးနိမ့်ထားပါတယ်။ ဟားလ်စီးတီးအသင်းမှာ
တိုက်စစ်အားနည်းနေပါတယ်။ ဆွမ်ဆီးနိုင်ပွဲဆက်လာပါလိမ့်ဦးမယ်။

နော်ဝစ်ချ် - ၀က်စ်ဘရွန်း
နော်ဝစ်ချ်က အိမ်ကွင်းဆိုရင် ကစားအားပိုကောင်းလေ့ရှိပါတယ်။ ၀က်စ်ဘရွန်းကလည်း ပြီးခဲ့တဲ့
အပတ်က အနိုင်ရလုလုအခြေအနေကနေ နောက်ဆုံးမှာ သရေကျသွားပါတယ်။ အခုလည်း
ခြေသိပ်ကွာတဲ့အသင်းတွေမဟုတ်တဲ့အတွက် ၀က်စ်ဘရွန်း သရေကစားလာပါလိမ့်ဦးမယ်။

အဲဗာတန် - အာဆင်နယ်
ငါးပွဲဆက်တိုက်အနိုင်ရနေတဲ့ အဲဗာတန်ရဲ့ခြေစွမ်းက အာဆင်နယ်ကို စိန်ခေါ်လာနေပါပြီ။ အခု
ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ဒဏ်ရာ
ရနေသူတွေများနေတဲ့ကြားက မန်စီးတီးကိုသရေကစားပြီး ယုံကြည်မှုပြန်ရလာနေပါတယ်။
အာဆင် နယ်ကိုကြိုက်ပါတယ်။

၀က်စ်ဟမ်း - လီဗာပူး
လီဗာပူးအနေနဲ့ သတိထားကစားရမယ့်ပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်းက မှန်းရခက်တဲ့အသင်းဖြစ်
ပါတယ်။ ခြေတွေ့ရင်တွေ့သလို ကစားနိုင်တဲ့အသင်းဖြစ်ပါတယ်။ အခုပွဲမှာ လီဗာပူး ဂိုးသွင်း
နိုင်မှာဖြစ်သလို ဂိုးလည်းပေးရနိုင်တဲ့ပွဲဖြစ်ပါတယ်။ လီဗာပူးရဲ့အနိုင်မပြတ်သားနိုင်ပါဘူး။
၀က်စ်ဟမ်းကိုရွေးရမှာပါ။

စပါး - ဆန်းဒါးလန်း
စပါးကတော့ ကစားရင်းကစားရင်း မြုပ်နေတဲ့အသင်းလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ယူရိုပါလိဂ်
၀င်ခွင့်ကိုမရတော့ပါဘူး။ အခုအိမ်ကွင်းမို့ ကစားအားတင်လာဦးမှာသေချာပါတယ်။ ဆန်းဒါးလန်း
အဝေးကွင်းကစားပုံမကောင်းပေမယ့် စပါးကို ဂိုးပြန်သွင်းနိုင်စွမ်းရှိနေပါတယ်။ စပါးရဲ့အနိုင်ဟာ
မပြတ်သားနိုင်ပါဘူး။ ဆန်းဒါးလန်းကိုရွေးရမှာဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး