ဧပြီလ ၁ ရက်နေ့က ရေးမြို့၊ ဟံဂံရွာတွင် ပြုလုပ်ခဲ့သော မြန်မာ့ရိုးရာလက်ဝှေ့ပွဲတွင် ထိုင်း လက်ဝှေ့
သမားနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ပဲပြားမောင်မောင် သည် လက်ဝှေ့
ထိုးနေစဉ် မတော်တဆ သေဆုံးခဲ့သည်။
ပထမအချီစစချင်း ထိုင်း လက်ဝှေ့သမား၏ သုံးချက်ဆင့် တံတောင်ရိုက်ချက်ကို ခံစားခဲ့ရသော
ပဲပြားမောင်မောင်သည် သတိမေ့မြောသွားခဲ့သည်။
ထိုင်း လက်ဝှေ့သမား၏ တံတောင် ရိုက်ချက်သည် ပဲပြားမောင်မောင်၏ ကုပ်ပိုးနှင့် မေးရိုးကို ထိမှန်
ခဲ့ခြင်းဖြစ်ပြီး ပြန်လည်သတိရလာခြင်း မရှိ၍ ပွဲတာဝန်ရှိသူများက ရေးမြို့ ဆေးရုံသို့တင်ပို့ခဲ့ရာ
လမ်းတွင် သေဆုံးခဲ့သည်။
ပဲပြားမောင်မောင်သည် မြန်မာ့ရိုးရာလက်ဝှေ့ကို အသက် ၁၇ နှစ်အရွယ်တွင် စတင်ထိုးသတ်ခဲ့ခြင်း
ဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၂၇ နှစ်ရှိပြီဖြစ်သည်။
၎င်းသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး တစ်နှစ်သားအရွယ်ကလေး တစ်ဦးရှိသည်။
"ကျွန်တော်တို့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ သူ့ရဲ့ ၁၀ နှစ်ကျော်လက်ဝှေ့သမား သက်တမ်း
တစ်လျှောက်မှာ ထိုင်းလက်ဝှေ့ သမားတွေနဲ့ ခြောက်ပွဲ၊ ခုနစ်ပွဲလောက် ထိုးဖူးပါတယ်။ သူရဲ့ကံက
ဒီအထိပဲပါတယ်လို့ မှတ်ယူရတော့မှာပေါ့ဗျာ။ သူ့မိဘတွေလည်း အရမ်းစိတ်မကောင်းဖြစ်နေတယ်"
ဟု ပဲပြားမောင်မောင်၏ အစ်ကို ကိုစောမြကြိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကျွန်တော့် သက်တမ်းတစ်လျှောက်မှာတော့ ဒီလိုမျိုးတစ်ခါမှမကြံုဖူးပါဘူး။ ဒီလိုပထမအချီမှာတ
အသက်ဆုံးရှုံးရတယ်ဆိုတော့ ပဲပြားမောင်မောင် ကံတရားကြောင့်လို့ပဲ ထင်ပါတယ်။ သူကံဆိုးခဲ့
တာပါ။ နောက်ပြီး ပဲပြားမောင်မောင်က ထိုင်း လက်ဝှေ့သမားတွေနဲ့ မကြာခဏ ထိုးသတ်နေတဲ့
၀ါရင့်လက်ဝှေ့သမား တစ်ယောက်ပါ။ ကျွန်တော်တို့ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်အနေနဲ့ တတ်နိုင်
သလောက် ကူညီပေးသွားမှာပါ"ဟု ပွဲစီစဉ်သူ ဇော်ပစ်တိုင်းထောင်မှ ဦးစိုင်းဇော်ဇော်က ပြောသည်။
"လက်ဝှေ့သမား တစ်ယောက်အနေနဲ့ လက်ဝှေ့သမားက လက်ဝှေ့စင်ပေါ်မှာ ဆုံးပါးသွားတယ်
ဆိုတဲ့ သတင်းကြားတော့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ ကိုပဲပြားမောင်မောင်
ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးပါတယ်" မြန်မာ့ရိုးရာလက်ဝှေ့ကျော် တူးတူး က
မြန်မာတိုင်း(မ်)ကိုပြောသည်။














