မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် ံရှ ွမသကစ တို့က ပူးပေါင်းစီစဉ်ကျင်းပသော မြန်မာ့ ရိုးရာ
လက်ဝှေ့စိန်ခေါ်ပွဲကြီးနှင့် မျိုးဆက်သစ်ကလပ်အသင်းများ ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲကို ဧပြီ ၆၊ ရ
ရက်နေ့များတွင် ပြည်သူ့ဥယျာဉ် (ဖျော်ဖြေရေးကွင်း ၁) ၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။
မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးတွင် အဓိက တွဲဆိုင်းအဖြစ် ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ထွန်းထွန်း
မင်း(မုဒုံသား)နှင့် ပြည်ထောင်စု ဖလားငွေတံဆိပ်ဆုရှင် စောရန်ပိုင်(ဘိလပ်မြေ စက်ရုံ)တို့က
ရင်ဆိုင်ထိုးသတ်သွားမည်ဖြစ်သည်။
ထွန်းထွန်းမင်းသည် ပရိသတ်အကြိုက် ပထမတန်း လက်ဝှေ့ကျော်တစ်ဦး ဖြစ်ပြီး ထွန်းထွန်းမင်းနှင့်
ရင်ဆိုင်ထိုးသတ်မည့် စောရန်ပိုင်ကလည်း ၀င်းထွန်း၊ မြနန်းတော်၊ ဖိုးကေ အစရှိသော လက်ဝှေ့
ကျော်များနှင့် သရေ ထိုးသတ်ထားသော ပထမတန်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သောကြောင့်
အဆိုပါတွဲဆိုင်းသည်ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်သည်။
အခြားစိန်ခေါ်ပွဲစဉ်များအဖြစ် လေးညှို့ရှင် (သတ္တိ)နှင့် ရဲတံခွန်(အလင်းရောင်)၊ ရဲမြတ် အောင်
(အဖြူရောင်သွေးသစ်)နှင့် ရဲရင့်ထွန်း (မုဒုံသား)၊ ရန်တိုင်းကျော်(၀ါဆို)နှင့် စောကျား လေး
(ဘိလပ်မြေစက်ရုံ)၊ သားအသဲတစ်ပွင့်(့ွျွှ မန္တလေး)နှင့် အားမာန် (ွှရွှ)၊ ထွန်း နိုင်ဦး (အဖြူရောင်
သွေးသစ်)နှင့် ဖြူလေး (မုဒုံသား)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ် သည်။
နိုင်ငံခြားသား ၀ါသနာရှင် အထူး စိန်ခေါ်ပွဲအဖြစ်(ှုညေ ီငောသညိ) စောရဲဒင်း(သတ္တိ)နှင့် ဇော်ဇော်
(အဖြူရောင်သွေးသစ်)တို့ ထိုးသတ်ကြမည်ဖြစ်သည်။ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဧပြီလ
၆ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၀င်ကြေးအဖြစ် အထူးတန်း ကျပ် ၁၅,၀၀၀ နှင့် ရိုးရိုး
တန်း ကျပ် ရ,၀၀၀ သတ်မှတ်ထားသည်။
မျိုးဆက်သစ်ကလပ်အသင်းများ ဖိတ်ခေါ် လက်ဝှေ့ပြိုင်ပွဲကို ၀င်ကြေးအခမဲ့ဖြင့် ဧပြီလ ရ ရက်နေ့
တွင် ကျင်းပသွားမည်ဖြစ်သည်။ မျိုးဆက်သစ် ရိုးရာလက်ဝှေ့ကလပ်အသင်းများ ဖိတ်ခေါ်ပြိုင်ပွဲတွင်
ရန်ကုန်၊ မန္တလေး၊ တွံတေး၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ ကလပ်အသင်းများက ကြားပွဲ
အဆင့်မျိုးဆက်သစ်များကို ပွဲထုတ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲ ကို အလားအလာကောင်းသောရွက်ပုန်းသီးလူသစ်ကလေးများ ထွက်ပေါ်လာစေရန် ရည်
ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲ အတွက် ကလပ်အသင်းတစ်ခုလျှင် သုံးဦးခန့်ဝင်
ရောက်ယှဉ်ပြိုင်ခွင့် ပြုမည်ဖြစ်ပြီး နယ်မှ လာရောက်ယှဉ်ပြိုင်သော မျိုးဆက်သစ် လက်ဝှေ့
သမားများအတွက် မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က တစ်ဦးလျှင် စရိတ် ကျပ် ၁၀,၀၀၀
ထောက်ပံ့ပေးမည်ဖြစ်သည်။














