ဆိုစီဒက် - ရီးယဲလ်မက်ဒရစ်
လာလီဂါကတော့ ကြားပွဲတွေမှာ အပြောင်း အလဲတွေတော့ဖြစ်သွားခဲ့တယ်။ ရီးယဲလ်က ထိပ်ဆုံး
နေရာက ဖယ်ပေးလိုက်ရပြီး တတိယ နေရာအထိ ဆင်းပေးလိုက်ရတယ်။ ဘာစီလိုနာ နဲ့ ဆီဗီလာ
ကို နှစ်ပွဲဆက်တိုက် ရှုံးပွဲကြံုခဲ့ရတာ က ရီးယဲလ်ရဲ့အခြေအနေကို အပြောင်းအလဲ ဖြစ်သွားစေခဲ့
တာပါ။ ဒီကြားထဲမှာ အလက်တီကိုကတော့ ခြေလှမ်း မမှားအောင် ဂရုစိုက်သွားနိုင်ခဲ့တယ်။
ဒါကြောင့် ရီးယဲလ်ရဲ့ ထိပ်ဆုံးနေရာကို ၀င်ယူနိုင်ခဲ့တဲ့ အထိ အလုပ်ဖြစ်သွားခဲ့တယ်။
ဘာစီလိုနာကလည်း ရီးယဲလ်နဲ့အတွေ့မှာ ချန်ပီယံဆုနဲ့ ဝေးရမယ့် အနေအထားမျိုးမဖြစ်ရအောင်
အထူး ကြိုးစားကစားပြီး ရီးယဲလ်ဆီက သုံးမှတ်အပြည့် ယူလိုက်နိုင်ခဲ့လို့ အခွင့်အရေးကောင်း
သွားခဲ့ပြီး ထိပ်ဆုံးက အလက်တီကိုနဲ့ တစ်မှတ်ကွာအနေ အထား ဒုတိယနေရာကို ရယူထားနိုင်
ခဲ့ပါတယ်။
ဒါဟာ လာလီဂါချန်ပီယံလမ်းကြောင်းအတွက် စိတ်ဝင်စားစရာ အခြေအနေမျိုးပါပဲ။ ထိပ်ဆုံးက ရီးယဲလ်ရဲ့ နှစ်ပွဲဆက်အရှုံးကြောင့် ပေးဆပ်လိုက်ရတာမှန်ပေမယ့် အလက်တီကိုနဲ့ ရီးယဲလ်ကြားမှာ
သုံးမှတ်ပဲကွာနေသေးလို့ ရီးယဲလ်ရဲ့ ချန်ပီယံမျှော်လင့်ချက်ကလည်း အပြည့်အဝရှိနေပါသေးတယ်။
ဒါကြောင့်လည်း ရီးယဲလ် ပြန်လာနိုင်စွမ်းရှိ၊ မရှိဆိုတာက စောင့်ကြည့်ချင်စရာဖြစ်လာပါပြီ။
ဒီတစ်ပတ်တော့ ရီးယဲလ်အတွက်အဝေးကွင်း ပွဲကျပ်ကစားရဖို့ရှိနေတယ်။ ဆိုစီဒက်လို အသင်းမျိုးနဲ့
အဝေးကွင်းမှာ ကစားရမယ့်ရီးယဲလ်အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ထပ်ရင်ဆိုင်ရတာပါပဲ။
ဘာစီလိုနာကို အိမ်ကွင်း မှာ ရှုံးပြီးနောက် ဆီဗီလာနဲ့အတွေ့ အဝေးကွင်းပွဲမှာလည်း ရီးယဲလ်ဟာ
၂-၁ နဲ့ရှုံးနိမ့်ထားခဲ့လို့ အခုအဝေးကွင်းပွဲမှာတော့ ရီးယဲလ်အတွက် အမှားခံလို့ မရတော့ပါဘူး။
ဒါပေမဲ့ ရီးယဲလ် ပြိုင်ဘက် ဆိုစီဒက်ကိုကြည့်ရင်လည်း အဆင့် (၆) နေရာမှာ ရပ်တည်နေပြီး
ယူရိုပါလိဂ်ဝင်ခွင့်အတွက် မျှော်လင့်နိုင်တဲ့အနေအထားမှာရှိနေ တဲ့အတွက် ဆိုစီဒက်ရဲ့ ခြေစွမ်းကို
လျှော့မတွက် သင့်ဘူး။ အထူးသဖြင့်ဆိုစီဒက်ဟာ အိမ်ကွင်းပွဲ တွေမှာ ခြေစွမ်းပြလေ့ရှိပြီး ကစားပုံ
မာကျော လေ့ရှိတယ်။ အိမ်ကွင်းမှာ ဘာစီလိုနာကိုတောင် ရှုံးပွဲမရှိအောင်ကစားပြထားတဲ့ အသင်း
လည်း ဖြစ်နေတဲ့အတွက်ရီးယဲလ်ကို အကောင်းဆုံး စိန်ခေါ်နိုင်မယ့် အနေအထားမျိုးမှာရှိနေ တယ်။
ရီးယဲလ်ကတော့ ဆိုစီဒက်နဲ့ ပွဲကျပ်ကစား ရမယ့်အချိန်နဲ့အတူ ချန်ပီယံလိဂ်မှာလည်း ဒေါ့မွန်နဲ့
ကစားနေရလို့ အာရုံတွေခွဲပေးနေရတဲ့ အချိန်မျိုးပါပဲ။ အခုနောက်ပိုင်း အသင်းရဲ့ ကစားပုံကလည်း
အဝေးကွင်းမှာ ရုန်းကန်နေရ တယ်။ အထူးသဖြင့် ဘာစီလိုနာကို အိမ်ကွင်းမှာ ရှုံးပြီးတဲ့နောက်ပိုင်း
ရီးယဲလ်မှာဖိအားများသွား ခဲ့ပြီး ကစားပုံယိုင်သွားသလိုပါပဲ။ နောက်ပြီး အသင်းရဲ့ခံစစ်ပိုင်းကလည်း
အခုနောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ အမှားအယွင်းတွေပိုများ လာပါတယ်။
ဒါပေမဲ့ အခုပွဲမှာ ရာမို့စ်ပြန်ကစားနိုင်ဖို့ရှိနေတဲ့အချက်ကတော့ ရီးယဲလ်ရဲ့ခံစစ်ကြောင်းအတွက်
မျှော်လင့်ချင်စရာပြန်ဖြစ်လာ ပါတယ်။ တိုက်စစ်ပိုင်းမှာကတော့ ရီးယဲလ် တိုက်စစ်ဟာ ပြောစရာ
သိပ် မရှိပါဘူး။ ရော်နာဒို အခု ၂၀၁၄ အတွင်း ဂိုးသွင်းအားအနည်းငယ် လျော့သွားသလို တွေ့နေ
ရပေမယ့် ကျန်တဲ့ကစားသမားအများစုက ခြေတွေ့ပြီး ဂိုးပေါက်ပြန်တွေ့နေကြတယ်။
ဘေးလ်ရဲ့ တစ်ချက်တစ်ချက် ထပြီး ခြေစွမ်းပြနိုင်မှုဟာလည်း ရီးယဲလ်တိုက်စစ်အတွက် အကျိုးရှိ
စေသလို ဘန်ဇီမာရဲ့ဂိုးသွင်းနှုန်းကလည်းအခု နောက်ပိုင်းမှာ တည်ငြိမ်မှုပိုရှိလာတာ တွေ့ရတယ်။
နောက်ဆုံးကစားထားတဲ့ ရာယိုနဲ့ အိမ်ကွင်းပွဲမှာဆိုရင်လည်း ရီးယဲလ်တိုက်စစ်ကဂိုးတွေ ပြန်ရထား
တဲ့အတွက် တိုက်စစ်ပိုင်းအတွက်တော့ ပြောစရာသိပ်မလိုလှပါဘူး။
ဒါပေမဲ့ နောက်ဆုံး ကစားထားတဲ့ အဝေးကွင်းသုံးပွဲမှာ မာလာဂါကိုပဲ ၁-၀ နဲ့နိုင်ပြီး အလက်တီကိုနဲ့
၂-၂ သရေ၊ ဆီဗီလာ ကို ၂-၁ နဲ့ ရှုံးထားတဲ့ရီးယဲလ်ရဲ့ကစားပုံကတော့ သတိထားစရာကောင်းနေ
တာ အမှန်ပါပဲ။ ဆိုစီဒက်ကတော့ အခုနောက်ပိုင်း တိုက်စစ်ပိုင်းက ပုံမှန်သိပ်မရှိလှဘူး။ ဒါပေမဲ့
နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်းနှစ်ပွဲမှာ ခံစစ်ပိုင်းတိုးတက် မှုကိုပြနိုင်ခဲ့ပြီး နှစ်ပွဲစလုံးပေး ဂိုးမရှိ
ခဲ့ဘူး။
ဒါ့အပြင် အိမ်ကွင်းနောက်ဆုံးကစားထားတဲ့ လေးပွဲမှာ ရာယိုကို မထင်မှတ်ဘဲ ၃-၂ နဲ့ အရေးနိမ့်
ထားခဲ့ ပေမယ့် ကျန်တဲ့သုံးပွဲစလုံးကိုတော့ အနိုင်ကစားထားနိုင်တဲ့အပြင် အနိုင်ရထားတဲ့အသင်း
တွေ ကိုကြည့်ရင်လည်း ဘာစီလိုနာ၊ ဗလင်စီယာလိုအသင်းတွေပါနေတာကို တွေ့ရလို့ ဆိုစီဒက်ရဲ့
အိမ်ကွင်းကစားအားက သတိထားစရာကောင်း နေတာတော့ အမှန်ပါပဲ။ အခုနောက်ပိုင်းပွဲတွေမှာ
လည်း ဆိုစီဒက် ဟာ ခံစစ်ပိုင်းကို သတိထားကစားနေပြီး တန်ပြန် တိုက်စစ်ကို ထိထိရောက်ရောက်
အသုံးချနိုင်ဖို့ ကြိုးစားလေ့ရှိတယ်။
အထူးသဖြင့်တိုက်စစ်ပိုင်း က ဂရစ်ဇ်မန်းနဲ့ ကားလို့ဗယ်လာတို့ရဲ့ အတွဲ အဖက်က ရီးယဲလ်ခံစစ်ကို
အဓိကခြိမ်းခြောက် နိုင်မယ့် တိုက်စစ်အတွဲလို့ပြောနိုင်တယ်။ ဆိုစီ ဒက်အတွက် သတိထားရမှာက
ခံစစ်ကိုသတိထားပြန်ကစားနေတယ် ဆိုပေမယ့် တိုက်စစ် ကောင်းတဲ့အသင်းတွေနဲ့တွေ့ရင် ထိန်း
ချုပ် နိုင်စွမ်း အနည်းငယ်အားလျော့သွားတဲ့အချက် ပါပဲ။ ဒါကြောင့်လည်း နောက်ဆုံးကစားခဲ့တဲ့
ဗယ် လာဒိုးလစ်၊ ဗလင်စီယာတို့နဲ့ပွဲတွေမှာ ဆိုစီဒက် ခံစစ်က ပေးဂိုးမရှိခဲ့တာမှန်ပေမယ့် အဲဒီမတိုင်
မီ ကစားခဲ့တဲ့ပွဲအများစုမှာတော့ ခံစစ်ကြောင်းက ပေးဂိုးတွေများခဲ့တယ်။
ဒါကြောင့် အခုပွဲဟာ ဆိုစီဒက်ခံစစ်က ခြေတွေ့နေတဲ့ ရီးယဲလ်ရဲ့ တိုက်စစ်ကို အချိန်ပြည့်ထိန်း
ချုပ်နိုင်ဖို့ဆိုတာ ဟာ သိပ်ပြီးလွယ်ကူနိုင်မယ့်အနေအထားမျိုး တော့မဟုတ်ဘူးလို့ ပြောနိုင်တယ်။
ဒါပေမဲ့ ဆိုစီဒက်အတွက် မျှော်လင့်နိုင်တဲ့တစ်ချက်က ရီးယဲလ်ရဲ့တိုက်စစ်ပိုင်းဟာ အဝေးကွင်း
ရောက် ရင် ပုံမှန်ဂိုးသွင်းနှုန်း မရှိတတ်တဲ့အချက်ပါပဲ။ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း နှစ်ပွဲ
ဆက် တိုက် တစ်ဂိုးထက်ပိုမသွင်းနိုင်ခဲ့တဲ့ ရီးယဲလ်ရဲ့တိုက်စစ်အားဟာ ချန်ပီယံလိဂ်လည်းကစားဖို့
ရှိနေတဲ့အချိန်မျိုးမှာ စိတ်ထင်တိုင်းထိုးဖောက် ပြီး ဂိုးတွေရအောင် ကစားနိုင်စွမ်းရှိပါ့မလား ဆိုတာ
ကလည်း ထည့်စဉ်းစားရတော့မယ့် အချက်ပါပဲ။
ဆီဗီလာကိုတောင် မထိန်းနိုင်ခဲ့တဲ့ ရီးယဲလ်ရဲ့ ကစားပုံကလည်း ဆီဗီလာနဲ့ ခြေစွမ်း ခြင်းသိပ်မကွာ
တဲ့ ဆိုစီဒက်လို အသင်းကို ထိန်းချုပ်နိုင်ဖို့အတွက် အခက်တွေ့ဦးမှာ သေချာနေလို့ ဒီပွဲမှာ ဆိုစီဒက်
ကိုပဲ ပိုကြိုက်နေမိ ပါတယ်။ ဂိုးတော့များသွားမယ်ထင်တယ်။
အခြားပွဲစဉ်များ
* အယ်လ်မီရီယာ - အိုဆာဆူနာ
အလက်တီကို - ဗီလာရီးယဲလ် *
* ဘာစီလိုနာ - ဘက်တစ်
* ရာယို - ဆယ်လ်တာ
* မာလာဂါ - ဂရန်နာဒါ
* အယ်လ်ချီ - ဂီတာဖေး
ဆီဗီလာ - အက်စ်ပန်ညို *
* ဗယ်လာဒိုးလစ် - ဗလင်စီယာ
* လီဗန်တေး - ဘီလ်ဘာအို















