၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၉)ပွဲစဉ်များကို ပြီးခဲ့သည့် မတ်လ ၂၈၊ ၂၉၊ ၃၀ ရက်နေ့များ
တွင် ကျင်းပပြုလုပ်ခဲ့ရာ နေပြည် တော်အသင်းက ဆောက်သမ်းမြန်မာအသင်း ကို ၃ဪ၁ ဂိုးဖြင့်
အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။
ပွဲစဉ်(၈)အထိ အမှတ်ပေးဇယားကို ဦးဆောင် နိုင်ခဲ့သော ရတနာပုံအသင်းသည် ပွဲစဉ်(၉)တွင်
မနောမြေအသင်းကို သရေကျခဲ့သောကြောင့် အမှတ်ပေးဇယား၏ ဒုတိယနေရာသို့ ဆင်းပေး
ခဲ့ရသည်။
ရတနာပုံအသင်းနှင့် မနောမြေ အသင်းတို့၏ ပွဲစဉ်သည် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
GFAနှင့် ကမ္ဘောဇတို့ပွဲစဉ် တွင်ကမ္ဘောဇက ၂ဪ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ဇေယျာရွှေမြေနှင့်
ဧရာဝတီယူနိုက်တက်တို့ ပွဲစဉ်တွင် ဧရာဝတီယူနိုက်တက်က ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အခြားပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်က ချင်းယူနိုက်တက်ကို ၂ဪ၁ ဂိုးဖြင့်လည်းကောင်း၊
မကွေးက ဇွဲကပင် ကို တစ်ဂိုးဪဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။














