မြန်မာမိန်းကလေး အချောအလှလေးတွေကို နိုင်ငံတကာပြိုင်ပွဲတွေအထိ ပြန်လည်လမ်းခင်းပေးနိုင်ခဲ့တဲ့ မစ္စ မြန်မာအင်တာနေရှင်နယ် ရွေးချယ်ပွဲရဲ့ ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ပွဲကြီး ကတော့ ရန်ကုန်မြို့ အမ်စီစီခန်းမမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အားပေးမှု၊ ဝေဖန်မှုတွေ ဝေဝေစည်စည်နဲ့ ကျင်းပပြီးစီးခဲ့ပါပြီ။
မြန်မာမိန်းကလေး အချောအလှလေးတွေကို နိုင်ငံတကာပြိုင်ပွဲတွေအထိ ပြန်လည်လမ်းခင်းပေးနိုင်
ခဲ့တဲ့ မစ္စ မြန်မာအင်တာနေရှင်နယ် ရွေးချယ်ပွဲရဲ့ ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်ပွဲကြီး ကတော့
ရန်ကုန်မြို့ အမ်စီစီခန်းမမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အားပေးမှု၊ ဝေဖန်မှုတွေ ဝေဝေစည်စည်
နဲ့ ကျင်းပပြီးစီးခဲ့ပါပြီ။
Miss Myanmar International 2013 ပွဲကျင်းပရာ စင်မြင့်ထက်မှာတော့ ပန်းပွင့်လေးတွေ လွင့်လာတဲ့အလား မြန်မာမိန်းကလေးအချောအလှလေး တွေရဲ့ယှဉ်ပြိုင်မှုက ပွဲကြည့်ပရိသတ်များ
ကို ပွဲစဉ်တစ်လျှောက်လုံး ညှို့ယူဖမ်းစား နိုင်ခဲ့ပါတယ်။ မြန်မာဝတ်စုံတွေကို ခေတ်ပေါ်ဒီဇိုင်း တွေနဲ့
တွဲဖက်လို့ အလှပေါ်အယဉ်ဆင့်တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပြိုင်တဲ့ပထမ ယှဉ်ပြိုင်မှုအပြီးမှာတော့
အားကစား ၀တ်စုံနဲ့ယှဉ်ပြိုင်မှုအနေနဲ့ အနီရောင် ရေကူးဝတ်စုံတွေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်ပိုင် အရည်
အသွေးများကို ပြသတဲ့ အစီအစဉ်မှာတော့ မိမိတို့ တတ်ကျွမ်းတဲ့ အထူးစွမ်းရည်တွေကို ပြသခဲ့
ကြပါတယ်။ အဲဒီနောက်မှာတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ မေးခွန်းများကို တစ်ယောက်
တစ်ခု ဖြေကြားရပြီး နောက်ဆုံးမှာတော့ အနောက်တိုင်းပွဲတက် ၀တ်စုံတွေနဲ့ ယှဉ်ပြိုင်မှုနဲ့ အဆုံး
သတ်ခဲ့ပါတယ်။
"တကယ်ဆို ပြိုင်ပွဲဝင်တွေအနေနဲ့က ဒီပွဲကိုဝင်ပြိုင်ရတာ သိပ်တော့မလွယ်ကူ လှပါဘူး။ တခြား
ပြိုင်ပွဲတွေနဲ့ မတူဘဲ အဆင့်ဆင့်ပြိုင်ကြရပါတယ်။ အားလုံး ကို ခြံုကြည့်ရမယ်ဆို ကျေနပ်ပါတယ်။
သူတို့လည်း အကောင်းဆုံး ကြိုးစားခဲ့ ကြရတာပါ" လို့ Myanmar Tourism Services Co., Ltd.
က မန်နေဂျင်းဒါရိုက်တာ ဦးလင်းထိန်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ဒီနှစ်ကတော့ ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက်ကိုပဲ ကြောက်ကြ တာတွေ့ရပါတယ်။ ပြိုင်ပွဲ
၀င်တွေကို နှစ်ပတ်တိတိ လေ့ကျင့်မှုတွေ ပေးခဲ့ပါ တယ်။ ပြိုင်တဲ့သူတွေက အပြင်လူ အများစုပါကြ
တော့ လျှောက်လမ်းပေါ် မှာ လမ်းလျှောက်တဲ့ အပိုင်းတွေကအစ ပြန်သင်ရပါတယ်။ နောက်ပြီး
အင်္ဂလိပ် လို ဖြေရမှာလည်း ကြောက်ကြတာကို တွေ့ရပါတယ်" လို့ ပြောပါတယ်။
"မနှစ်ကရော၊ ဒီနှစ်ရော ပြိုင်ပွဲဝင် တွေက ကြိုးစားကြပါတယ်။ ဒီနှစ်က တော့ အထူးစွမ်းရည်ပြသမှု
မှာ ဆန်းသစ်မှုတွေ ပိုတွေ့ရပါတယ်"လို့ဆိုပါတယ်။
"ဗဟုသုတပိုင်းမှာ ဒီနှစ်ပြိုင်ပွဲဝင်တွေ အားနည်းကြတယ်ဆိုတာက မှန်သင့်သလောက် မှန်ပါတယ်။
ဒါပေမဲ့ တချို့ ပြိုင်ပွဲဝင်တွေက ပြိုင်ပွဲအတွေ့အကြံု နည်းကြတော့ စင်မြင့်ကို ကြောက်ကြတာ
လည်းပါပါတယ်။ ပထမ၊ ဒုတိယနဲ့ တတိယရတဲ့ မစ္စတွေကတော့ ပြိုင်ပွဲပြီးတာနဲ့ လေ့လာလေ့ကျင့်
မှုတွေ အများကြီး ဆက်လုပ်ရတော့မှာပါ" လို့လည်း ပြောပါတယ်။
"တစ်နှစ်ထက်တစ်နှစ် ပိုကောင်း အောင် စီစဉ်သွားကြမှာပါ။ နောက်နှစ် ဆိုရင်တော့ အခုနှစ်ထက်
ပိုပြီး ပြိုင်ပွဲဝင်ချင်တဲ့သူတွေ၊ ယှဉ်ပြိုင်ရဲတဲ့သူတွေ၊ ဒီထက်ပိုများလာဖို့ မျှော်လင့်ပါတယ်" လို့လည်း
သူက ပြောပါတယ်။
"အရည်အချင်းပိုင်းကိုလည်း အများကြီး စစ်ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး မစ္စပြိုင်ပွဲလည်း ဖြစ်တယ်။
နိုင်ငံတကာ ပြိုင်ပွဲကိုလည်း လျှောက်လှမ်းနိုင်ဖို့ အခွင့်အရေးလည်း ပေးနိုင်တဲ့ ပွဲလည်း ဖြစ်တဲ့
အတွက် ဒီပွဲမှာ မစ္စဆုကိုရတာ အရမ်း ဂုဏ်ယူတယ်။ အရင်က ပြိုင်ပွဲ တွေမှာ မစ္စဆုကို တစ်ခါမှ
မရခဲ့ဖူးပေမယ့် ဒီလို ပြိုင်ပွဲကြီးမှာ မစ္စဆုကို ရလိုက်တော့ အရမ်းဂုဏ်ယူပါတယ်" လို့ မစ္စဆုကို
ဆွတ်ခူးရရှိခဲ့တဲ့ မဂုဏ်ရည်အေးကျော် က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
"ပထမဆုံး မေးခွန်းဖြေပြီးတဲ့အချိန် မှာ အောက်ကပရိသတ်ကလည်း အရမ်း အားပေးတော့
ယုံကြည်မှုပိုတိုးလာတယ်။ စလျှောက်တုန်းကတော့ နည်းနည်း စိုးရိမ်တာမျိုးတော့ ဖြစ်မိတယ််"
လို့ သူ့ရဲ့ ပြိုင်ပွဲအတွေ့အကြံုကို ပြောပါတယ်။
နိုင်ငံတကာပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ဖို့အတွက်ကတော့ ခုထိဘာမှ မသိရသေးဘူးလို့ဆိုတဲ့
မဂုဏ်ရည်အေးကျော် (မစ္စမြန်မာအင်တာနေရှင်နယ် ၂၀၁၃)ကတော့ တကယ်လို့ နိုင်ငံတကာ
ပြိုင်ပွဲမှာ ၀င်ပြိုင်ခွင့်ရမယ်ဆိုရင် ပြင်ဆင်ရမယ့်အပိုင်းတွေ အများကြီးရှိပေမယ့် ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုတော့ရှိတယ် လို့ ပြောပါတယ်။
"ဒီမှာ ပြိုင်ရတဲ့ ပြိုင်ပွဲတွေနဲ့တော့ အများကြီးကွာမှာဆိုတော့ ပြင်ဆင်သွားရမယ့်အပိုင်းတွေ အများ
ကြီးပါ။ အဓိကကတော့ အင်္ဂလိပ်စကားကို ထပ်လုပ်ရဦး မယ်။ ပြီးတော့ ကိုယ်ပိုင်စွမ်းရည်တွေကို
လည်း ထပ်ပြီး ပိုင်ပိုင်နိုင်နိုင် ပြနိုင်ဖို့ ထပ်လေ့ကျင့်ရမှာပါ။ ဒါပေမဲ့ သွားပြိုင်ရမယ်ဆိုရင်တော့
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတော့ရှိတယ်"လို့ပြောပါတယ်။ မစ္စမြန်မာအင်တာနေရှင်နယ် ၂၀၁၃
ကို ဆွတ်ခူးရရှိသူကတော့ ဂုဏ်ရည် အေးကျော်ဖြစ်ပြီး ဒုတိယဆုကိုတော့ မဇွန်သံစဉ်က ရရှိခဲ့ပြီး
တတိယဆုကို တော့ မဆွီတီကိုက ရရှိခဲ့ပါတယ်။
















