မြန်မာနိုင်ငံရဲ့ အစားထိုးမရနိုင်တဲ့ အမွေအနှစ်တွေကို တိုင်းသူပြည်သားတိုင်း လေးစားထိန်းသိမ်းစေဖို့ 'ရင်ထဲက ..တိုင်းပြည်ထဲက..မျက်စိအောက် က.. ပျောက်ကွယ်သွားမှာစိုးတဲ့အမွေ' ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အနုပညာပြပွဲ လေးတစ်ခုကို အနုပညာသမား ငါး ယောက် စုပေါင်းပြီးတော့ လာမယ့် မတ် လ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ရန်ကုန်မြို့၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်မှာရှိတဲ့ Gallery 65 မှာ ကျင်းပသွားမယ်လို့ ဒီပွဲမှာပါ၀င်မယ့် အနုပညာရှင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အစားထိုးမရနိုင်တဲ့ အမွေအနှစ်တွေကို တိုင်းသူပြည်သားတိုင်း လေးစားထိန်းသိမ်းစေ
ဖို့ 'ရင်ထဲက ..တိုင်းပြည်ထဲက..မျက်စိအောက် က.. ပျောက်ကွယ်သွားမှာစိုးတဲ့အမွေ' ဆိုတဲ့
ခေါင်းစဉ်လေးနဲ့ အနုပညာပြပွဲ လေးတစ်ခုကို အနုပညာသမား ငါး ယောက် စုပေါင်းပြီးတော့
လာမယ့် မတ် လ ၂ ရက်နေ့မှ ၄ ရက်နေ့ထိ ရန်ကုန်မြို့၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်မှာရှိတဲ့
Gallery 65 မှာ ကျင်းပသွားမယ်လို့ ဒီပွဲမှာပါ၀င်မယ့် အနုပညာရှင်တစ်ဦးက ပြောပါတယ်။
ပွဲမှာပါ၀င်တဲ့ အနုပညာရှင်များက တော့ ဂရပ်ဖစ်ဒီဇိုင်းဆရာ မြင့်မောင်ကျော်၊ တေးရေးဆရာ
မြင့်မိုးအောင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့် ရှောက်ရေးလှုပ်ရှားသူ မြင့်ဇော်၊ စာရေး ဆရာ
ကိုတာနဲ့ စာရေးဆရာမ ဂျူးတို့ ပါ၀င်မှာ ဖြစ်ပါတယ်။
"ခါတိုင်းတော့ အနာပေါ်တဲ့ နေရာမှာ ပဲ ဆေးကုတယ်။ ရေဆိုရေ၊ တောင်ဆို တောင်၊ အဲဒါနဲ့ပတ်
သက်တဲ့ ပြပွဲလေး တွေ လုပ်တယ်ပေါ့။ အခုကတော့ ကျန်တဲ့တိုင်းပြည်မှာရှိတဲ့ ယဉ်ကျေးမှု၊ အမွေ
အနှစ်တွေအားလုံးကို စဉ်းစားပြီး လုပ်တာပေါ့။ တို့ပိုင်တဲ့ အမွေတွေကို မျက်ခြည်မပြတ်ထိန်းသိမ်း
စောင့်ရှောက် ဖို့ လိုအပ်တယ်၊ ပိုင်ထားတဲ့အရာတွေကိုလည်း မပျက်စီးသွားအောင် ပိုတန်ဖိုးရှိလာ
အောင် အမြဲလုပ်ဆောင်နေရမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ လုပ်ဖြစ်တာပါ"လို့ ဦးမြင့်မောင်ကျော်
က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
မတ်လ ၂ ရက်နေ့မှာ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်မှာဖြစ်
ပြီး ဒီအခမ်း အနားမှာတော့ ဆရာမြင့်မိုးအောင်က ပျောက်ကွယ်လုနီးပါး၊ ပျက်စီးလုနီးပါး ဖြစ်နေတဲ့
မြန်မာနိုင်ငံရဲ့ ရိုးရာဂီတများကို တင်ဆက်ပြသမှာဖြစ်ပြီး ပြပွဲခန်းမ မှာတော့ ရှေးဟောင်းအနုပညာ
ပစ္စည်းများ၊ အနုပညာလက်ရာများနဲ့ ပန်းချီကားများကို ပြသသွားမှာ ဖြစ်ပါတယ်။
"မြန်မာနိုင်ငံအတွင်းက တောင်ပေါ် မှာနေတဲ့ လူကော၊ မြေပြန့်မှာနေတဲ့ လူ ကော တိုင်းပြည်ရဲ့
အမွေအနှစ်တွေ ကို ပိုင်ဆိုင်တာဖြစ်လို့ 'အမွေ'ဆိုတဲ့ ခေါင်းစဉ်ပေးဖြစ်တာပါ" လို့လည်း
ဦးမြင့်မောင်ကျော်က ပြောပါတယ်။
ပြပွဲမှာ ပြသထားတဲ့ လက်ရာများကို စီးပွားရေးအရ ရောင်းချမှာ မဟုတ်ပေ မယ့် အမြတ်တနိုး
သိမ်းထားချင်တယ်၊ စောင့်ရှောက်ချင်တယ်ဆိုရင်တော့ ရောင်းပေးမယ်လို့လည်း ပြောပါတယ်။
'ဈေးနှုန်းကတော့ စီးပွားရေးအရ ရောင်းတာမဟုတ်တော့ မသတ်မှတ် ထားရသေးပါဘူး"လို့သူက
ဆိုပါတယ်။















