အဝေရာ လူမှုကွန်ရက်ရန်ပုံငွေအတွက် 'ငွေသောင်ယံစာပေဆွေးနွေးပွဲ' ကျင်းပ

အဝေရာ လူမှုကွန်ရက်ရန်ပုံငွေအတွက် 'ငွေသောင်ယံစာပေဆွေးနွေးပွဲ' ကျင်းပ

ချောင်းတွေ ပတ်လည်ဝိုင်းနေတဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာရှိတဲ့ ဒေသခံတွေရဲ့ နာရေးနဲ့ မြို့နယ် ဖွံ့ဖြိုးရေးအတွက် ငွေကြေးအကူအညီ ပေးဖို့ ရန်ပုံငွေစာပေဆွေးနွေးပွဲကို ဗိုလ်တထောင်ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ Orchid ဟိုတယ်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ချောင်းတွေ ပတ်လည်ဝိုင်းနေတဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာရှိတဲ့ ဒေသခံတွေရဲ့
နာရေးနဲ့ မြို့နယ် ဖွံ့ဖြိုးရေးအတွက် ငွေကြေးအကူအညီ ပေးဖို့ ရန်ပုံငွေစာပေဆွေးနွေးပွဲကို
ဗိုလ်တထောင်ဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာရှိတဲ့ Orchid ဟိုတယ်မှာ ဖေဖော်ဝါရီ ၂၆
ရက်နေ့က ကျင်းပခဲ့ပါတယ်။

ပွဲကို 'ငွေသောင်ယံ စာပေဆွေးနွေးပွဲ'လို့ အမည်ပေးထားပြီး ပို့စ်မော်ဒန် စာရေးဆရာ
ဇော်ဇော်အောင်က (Postmodernism ၊ Postmarxism နှင့် Society) အကြောင်းကို ဦးဆောင်
ဆွေးနွေးခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ ပို့စ်မော်ဒန် အကြောင်းကို သရဖူမဂ္ဂဇင်းမှာ ပထမဆုံးစပြီး ရေးခဲ့တဲ့ ဆရာဇော်ဇော်
အောင်က ပို့စ်မော်ဒန်ရဲ့ ဗဟိုချက်ကို ငြင်းပယ်တဲ့ အယူအဆနဲ့ ဗဟုဝါဒ(ဘာမှ မဟုတ်ခြင်း နှင့်
အကုန်လုံးကို မျှပေးခြင်း)ဆိုတဲ့ အချက်နှစ်ချက်ကြောင့် ပို့စ်မော်ဒန်ကို သဘောကျတယ်လို့ပြောပြီး
ဆွေးနွေး ပွဲကို စတင်ခဲ့ပါတယ်။

"ကျွန်တော် ပို့စ်မော်ဒန်ဆောင်းပါးကို ပထမဆုံး စရေးတုန်းက စစ်အုပ်ချုပ်ရေးက အထွဋ်အထိတ်ကို
ရောက်နေတဲ့ အချိန်ပါ။ အိမ်နီးချင်းကြက်ကို ခိုးပြီး ကျကျနန ချက်ပြီး မစားသေးဘဲ ထားခဲ့တယ်။
အပြင်ကပြန်လာတော့ သူဖွက် ထားတဲ့ ကြက်သားဟင်းအိုးထဲမှာ အရိုး ချည်းပဲ ကျန်တယ်။ အဲဒီ
အခါမှာ သူက အရမ်းဒေါပွပြီး ငါဟဝှါပြုထားတဲ့ ဟဝှက် ကို ဘယ်ဟဝှါက ဟဝှါပြုသွားလဲလို့ ပြော
လိုက်တယ်။ ဒါဟာ ဗဟိုချက်ကို ငြင်းပယ်တဲ့ဆိုတဲ့ ပို့စ်မော်ဒန်ရဲ့ အယူ အဆနဲ့ ရေးထားတာပါ။
စစ်အစိုးရကို ဆန့်ကျင်တယ်၊ တစ်ပါတီစနစ်ကို ဆန့်ကျင်တယ်ဆိုရင် အဲဒီအချိန်က မပြောရဲဘူး။
ဒါကြောင့် တစ်နည်း သွယ်ဝိုက် ပြီး ပြောလို့ရမယ့် ပို့စ်မော်ဒန်အယူအဆ ကို တင်သွင်းခဲ့ပါတယ်"
လို့ ဆရာ ဇော်ဇော်အောင်က အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

အဝေရာ လူမှုကွန်ရက်ကို ပေါက်မြို့ နယ်မှာရှိတဲ့ လူငယ် ၅၀ ခန့်က စုစည်း ပြီး ၂၀၁၁ နိုဝင်ဘာမှာ
ဖွဲ့စည်းထားပါ တယ်။ အဖွဲ့ရဲ့မတည်ငွေအဖြစ် အဖွဲ့ဝင် တစ်ယောက်ကို တစ်လ ကျပ် ၅,၀၀၀
ကောက်ခံပြီး မြို့နယ်အတွင်းရှိ ဒေသခံ တွေအတွက် နာရေးကိစ္စအဝဝ ပြီးဆုံးတဲ့ အထိ တာဝန်ယူ
ကူညီပေးပါတယ်။

တစ်နှစ်ကို နာရေးကိစ္စပေါင်း ရ၀ ကျော် တာဝန်ယူရပါတယ်။ "သူတို့မှာ ငွေကြေးက မလောက်ငတဲ့
အထဲ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ နာရေးကလည်း ကြုံရပြန်သေးတယ်။ သူတို့မှာ ပြင်ပက
အကူအညီကိုပဲ မှီခို နေရပါတယ်။ သူတို့မှာ လတ်တလော လူနာတင်ယာဉ်တစ်စီး လိုအပ်နေပါ
တယ်" လို့ စာရေးဆရာ မင်းခိုက်စိုးစန်က အခမ်းအနားမှာ ပြောပြသွားခဲ့ပါတယ်။

"ပခုက္ကူ မြို့ကနေဆို မိုင် ၄၀ ကျော် ဝေးတဲ့ ပေါက်မြို့နယ်ဟာ ခရီးသွားရတာ လွယ်လင့်တကူ မရှိ
လှပါဘူး။ မိုးရာသီ မှာဆို တောင်ကျချောင်းတွေက ရေကြီး ပါတယ်"လို့မင်းခိုက်စိုးစန်ကဆိုပါတယ်။
ပေါက်မြို့နယ်က ဒေသခံတွေကို အကူညီပေးချင်တယ်ဆိုရင် အဝေရာ လူမှုကွန်ရက်အဖွဲ့
ဖုန်း-၀၆၂ ၄၅၁၁၉ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး