သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားဖို့ သတင်းပါးခဲ့တဲ့ 'သယံဇာတကျိန်စာ' အနုပညာပြပွဲ ကျင်းပ

သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားဖို့ သတင်းပါးခဲ့တဲ့ 'သယံဇာတကျိန်စာ' အနုပညာပြပွဲ ကျင်းပ

မြန်မာနိုင်ငံမှာ လက်ရှိကြံုတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေနဲ့ ဆက်နွှယ်နေတဲ့ ရိုက်ခတ်မှုတွေ ကို ထင်ဟပ်ပြသခဲ့တဲ့ 'သယံဇာတ ကျိန်စာ'ဆိုတဲ့ ဓာတ်ပုံနဲ့ ကာတွန်းပြပွဲလေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မှ ၂၂ ရက်နေ့ထိ ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကြံုတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေနဲ့ ဆက်နွှယ်နေ
တဲ့ ရိုက်ခတ်မှုတွေ ကို ထင်ဟပ်ပြသခဲ့တဲ့ 'သယံဇာတ ကျိန်စာ'ဆိုတဲ့ ဓာတ်ပုံနဲ့ ကာတွန်းပြပွဲလေး
ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မှ ၂၂ ရက်နေ့ထိ ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ တော်ဝင်နှင်းဆီ
စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံဆရာ သုံးယောက်၊ ကာတွန်း ဆရာ ငါးယောက်နဲ့ ဒီဇိုင်းဆရာ နှစ် ယောက်တို့ ပါ၀င်ပြသခဲ့
တဲ့ ပွဲလေးမှာ အနုပညာအားလုံးပေါင်း ၉၈ ကား ပြသ ခဲ့ပါတယ်။ "ကျွန်းသစ်တစ်ပင်ကို ခုတ်လိုက်
ပြီး ပြန်စိုက်လို့ရတယ်။

တောင်တစ်လုံး ကိုတော့ ဖြိုပြီး ပြန်လုပ်လို့မရဘူး။ ပြီး တော့ သဘာဝသယံဇာတ ဆိုတာတွေ က
လည်း နှစ်ပေါင်းအရမ်းကြာပြီးမှ ဖြစ်လာတာမျိုးလေ။ အဲ့ဒါတွေကို တစ်နေ့ တည်း၊ တစ်လတည်းနဲ့
ရောင်းစားလို့ ရတယ်။

ဒါပေမဲ့ ဘယ်အချိန် အဲဒါတွေ ပြန်ဖြစ်လာမလဲ၊ ဖြစ်ကောဖြစ်လာဦးမှာလားဆိုတဲ့အနေနဲ့ ဒီခေါင်းစဉ်
လေးပေး ဖြစ်တယ်။ အဲဒါကလည်း ကျွန်တော့် စကားလုံး မဟုတ်ပါဘူး။ နိုင်ငံတကာမှာ သုံးနေတာ
လေးပါ။ ကြိုက်လို့ ယူသုံးလိုက် တာပါ"လို့ ပွဲစီစဉ်သူလည်းဖြစ်ပြီး ဓာတ်ပုံ ဆရာတစ်ဦးလည်းဖြစ်တဲ့
ဦးစိုးဝင်းငြိမ်း က၊မြန်မာတိုင်း(မ်)ကိုပြောပါတယ်။

ပြပွဲမှာ ပြသထားတဲ့လက်ရာအများစု ဟာာ အခုလက်ရှိ အငြင်းပွားမှုတွေဖြစ် နေတဲ့ လက်ပံတောင်း
တောင်နဲ့ ပတ်သက်တဲ့ပုံများဖြစ်ပြီး ပြပွဲအတွက် ဓာတ်ပုံတွေကို လက်ပံတောင်းတောင်မှာ လွန်ခဲ့တဲ့
တစ်လကျော်ကတည်းကစပြီး သွားရောက်လေ့လာ ရိုက်ကူးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

"အဲလိုမျိုး တောင်တွေ ဖြိုလိုက်တယ်၊ အနီးနားကရွာတွေ ဖျက်သိမ်းလိုက်တဲ့ အခါ အဲဒီနေရာမှာ
နေထိုင်ကြတဲ့ အဓိက တော့ လယ်သမားတွေပေါ့၊ သူတို့ရဲ့ဘဝ ဘယ်လိုရှေ့ဆက်ကြမလဲ။ အခု
လက်ရှိ သူတို့ရင်ဆိုင်နေရတဲ့ ဘဝနေထိုင်မှု ပြဿနာ၊ ကျန်းမာရေးထိခိုက်မှုနဲ့ ပြီးတော့ သဘာဝ
ပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာတွေကို ဒီရန်ကုန်မှာရှိတဲ့ လူတွေ ကို သိစေချင်လို့ ဒီပွဲလေးကို
လုပ်ရတာပါ" လို့ စိုးဝင်းငြိမ်းက ပြောပြခဲ့ပါတယ်။

"ကာတွန်းတွေက ပိုပြီး ထိရောက်တယ်။ ဆိုလိုတဲ့ အကြောင်းအရာကို တိုက်ရိုက်ဖော်ပြထားတယ်။
ဓာတ်ပုံက တော့ အခုလက်ရှိ ဟိုမှာဖြစ်နေတဲ့ ဖြစ်ရပ်တွေကို မြင်နိုင်တယ်" လို့ ပြပွဲ လာကြည့်သူ
တစ်ဦးက ပြောပါတယ်။ သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ ပြပွဲက ဓာတ်ပုံ၊ ကာတွန်းတွေအားလုံးကို ရောင်း
ချရန် အတွက်မဟုတ်ဘဲ ပွဲကြည့်သူများ သိစေရုံသက်သက် ပြသခဲ့တာဖြစ်ပြီး နောက်လမှာလည်း
မန္တလေးမြို့မှာ ဒီအကြောင်းအရာကို ပြပွဲထပ်လုပ်ဦး မယ်လို့ ဦးစိုးဝင်းငြိမ်းကဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး