နှစ်ပေါင်း၂၅ နှစ်ကြာပြီးနောက် ပရိသတ်အတွက် မြပုဏ္ဍမာအငြိမ့် ပြန်လာပြီ

နှစ်ပေါင်း၂၅ နှစ်ကြာပြီးနောက် ပရိသတ်အတွက် မြပုဏ္ဍမာအငြိမ့် ပြန်လာပြီ

ပရိသတ်နဲ့ ၂၅ နှစ်ကြာ ကင်းကွာနေတဲ့ မြပုဏ္ဍမာအဖွဲ့ဟာ သီးလေးသီးအဖွဲ့ နဲ့ နှစ်ဖွဲ့ပေါင်းပြီး မတ်လ ၂၇ ရက်နေ့ မှာ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကပြဖျော်ဖြေသွားမယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က စာနယ်ဇင်းအသိပေးပွဲ လုပ်ခဲ့ပါတယ်။

ပရိသတ်နဲ့ ၂၅ နှစ်ကြာ ကင်းကွာနေတဲ့ မြပုဏ္ဍမာအဖွဲ့ဟာ သီးလေးသီးအဖွဲ့ နဲ့ နှစ်ဖွဲ့ပေါင်းပြီး
မတ်လ ၂၇ ရက်နေ့ မှာ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကပြဖျော်ဖြေသွားမယ်လို့ ဖေဖော်ဝါရီ ၁၉
ရက်နေ့က စာနယ်ဇင်းအသိပေးပွဲ လုပ်ခဲ့ပါတယ်။

'ပြည်သူ့အငြိမ့်သဘင်'ဆိုတဲ့ နာမည် နဲ့ ကျင်းပမယ့် အဲဒီအငြိမ့်ပွဲလေး ဖြစ် မြောက်အောင် Bo Bo
Entertainment က စီစဉ်ပံ့ပိုးတာဖြစ်ပြီး အနုပညာတင်ဆက်မှုတွေကို ဇာဂနာက စုစည်းတင်ပြမှာ
ဖြစ်တယ်လို့ သိရပါတယ်။

"ပြည်သူတွေနဲ့ တစ်သားတည်း ဖြစ်တယ်လို့ ခံယူထားပြီး ပြည်သူမုန်းရင် ကျွန်တော်တို့လည်း
မုန်းပြီး ပြည်သူ ချစ်ရင် ကျွန်တော်တို့လည်း ချစ်မယ်ဆိုတဲ့ မြပုဏ္ဍမာရဲ့မူအတိုင်း ပရိသတ်နဲ့
ပြန်လည်ထိတွေဖို့ ပြန်ရောက်လာပါပြီ"လို့ လူရွှင်တော် ဇာဂနာက ပြောပြခဲ့ပါတယ်။

တစ်မူကွဲပြားတဲ့ ဒီအငြိမ့်သဘင်ဟာ စီစဉ်သူတစ်ဦးအနေနဲ့ လုပ်ဆောင်ချင်ခဲ့တာ ကြာပြီဖြစ်တဲ့
ပုံရိပ်တစ်ခုလည်း ဖြစ်တယ်လို့ သြ သြ နညအနမအငေညာနညအ မှ ကိုဘိုစန်းက ဆိုပါတယ်။

"ကျွန်တော်က ထူးခြားတာတွေ လုပ်ရတာ သဘောကျတယ်လေ။ ပြီးတော့ ကိုဇာဂနာဆိုတာ
ကျွန်တော်လေးစားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လို့ သူနဲ့ ဒီလိုပွဲ လေးလုပ်ချင်ပြီး ကမ်းလှမ်းထားတာ
ကြာပါပြီ။ အခုမှ သူ့ဘက်ကလည်း လုပ်မယ်ကွာဆိုပြီး ကျွန်တော်တို့ စီစဉ်ဖြစ်သွားတယ်" လို့
ပြောပါတယ်။

ထူးခြားတဲ့ရသတွေ ပေးနိုင်ဖို့ စီစဉ်ထားတာဖြစ်လို့ လာကြည့်တဲ့ပရိသတ် စိတ်ပျက်ပြီး ပြန်သွားစရာ
မလိုမှာကို အာမခံတယ်လို့လည်း သူက ပြောပြခဲ့ပါတယ်။

"မြပုဏ္ဍမာအဖွဲ့သား အကုန်လုံးက ဆန္ဒရှိတယ်ဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ။ ကိုယ့်မျိုးဆက်သစ်
တွေနဲ့အတူ ကရမှာကိုလည်း ပျော်တယ်။ ရှေ့က စီနီယာတွေအနေနဲ့ အခုလိုမျိုးပညာတွေ
လက်ဆင့် ကမ်းနိုင်တဲ့အတွက်ကော ပျော်လို့ ပါ၀င်ဖြစ်တယ်" လို့ မြပုဏ္ဍမာအဖွဲ့သားတစ်ဦးဖြစ်တဲ့
လူရွှင်တော်အရိုင်းက ပြောပါတယ်။

ဒီပွဲမှာ အနုပညာတွေကို ပိုပြီးကြိုးစား အားထုတ်ထားပြီး လိုအပ်တာများရှိခဲ့ရင် ကြည့်ရှုသူ ပရိသတ်
များအားလုံးက ထောက်ပြ၊ ဝေဖန်၊ အကြံပေးကြပါလို့ ဆိုပါတယ်။

"ကျွန်တော်တို့ကလည်း တိုင်းပြည်ရဲ့ လိုအပ်နေတာလေးတွေကို တစ်ဖက်တစ်လမ်းက ထောက်ပြ
နေတာပါ" လို့လည်း အရိုင်းက ပြောပါတယ်။

ပွဲနာမည်နဲ့ ပတ်သက်ပြီးတော့လည်း အနုပညာသမားတွေဟာ ကိုယ့်ကိုယ် ကိုယ်မပိုင်ဘဲ ပြည်သူ
တွေကသာ ပိုင်တာ ဖြစ်တာကြောင့် 'ပြည်သူ့အငြိမ့်သဘင်'လို့ နာမည်ပေးဖြစ်ခဲ့တယ်လို့ အရိုင်းက
ပြောပါတယ်။

ပွဲမှာ သာမန်အငြိမ့်ပုံစံနဲ့ ကွဲပြား အောင် မြန်မာ့ရိုးရာဆိုင်းဝိုင်းနဲ့ မဟုတ်ဘဲ အနောက်တိုင်းသံစုံ
တီးဝိုင်းနဲ့ ကပြ ဖျော်ဖြေသွားမှာဖြစ်ပြီး တိုင်းရင်းသား အကများလည်း ပါ၀င်မှာဖြစ်တယ်လို့ သူက
ပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့ အရင် ၁၉၈၃ ခုနှစ်မှာ မိုးနတ်သူဇာဆိုတဲ့ နာမည်နဲ့ ကပြဖျော် ဖြေခဲ့တော့ ကျွန်တော်
တို့ကို တစ်နိုင်ငံလုံးက ပညာရှင်တွေအပါအဝင် အကုန်လုံးက လမ်းဘေးအဖွဲ့လို့ ဝေဖန်ကြပါတယ်။
ဒါပေမဲ့ အဲဒီအငြိမ့်ပုံစံက အခု လက်ရှိ မနေ့ညအထိ မြန်မာနိုင်ငံမှာ အကုန်လုံးက မြန်မာ့အငြိမ့်ဆိုပြီး
ကပြ နေတဲ့ ပုံစံအသစ်ကြီး ဖြစ်ပါတယ်။ အခုလည်း အားလုံး မမြင်ဖူးသေးတဲ့ နောက်ထပ်ပုံစံအသစ်
ကို တင်ဆက်သွားမှာပါ" လို့ ဇာဂနာက ပြောပြခဲ့ပါတယ်။

မြပုဏ္ဍမာအဖွဲ့ကို ၁၉၈၅ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လမှာ နောက်ဆုံး
ဖျော်ဖြေခဲ့ပါတယ်။နောက်ပိုင်း ခေါင်းဆောင်ဖြစ်တဲ့ ဇာဂနာ နိုင်ငံရေးအကျဉ်းသားဘဝ ရောက်သွား
တာကြောင့် ပရိသတ်နဲ့ ၂၅ နှစ်ကြာ ကင်းကွာနေခဲ့ရာကလာမယ့် မတ်လ ၂၇ ရက်နေ့မှာ ပြန်လည်
ဖျော်ဖြေခွင့်ရတာ ဖြစ်ပါတယ်။ ပြည်သူ့အငြိမ့်သဘင်အတွက် လက်မှတ်ဈေးနှုန်းများကိုတော့
ကျပ်၂၀,၀၀၀၊ ၁၅,၀၀၀နဲ့ ၆,၀၀၀ လို့ သတ်မှတ်ထားပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး