၂၀၁၃ အော်စကာညရဲ့ ကော်ဇောနီပေါ်က အကောင်းဆုံးဝတ်စုံများ

၂၀၁၃ အော်စကာညရဲ့ ကော်ဇောနီပေါ်က အကောင်းဆုံးဝတ်စုံများ

၂၀၁၃ အော်စကာညမှာ ဂျက်ဆီကာ ချက်စ်တိန်း၊ အန်းဟက်သာဝေး၊ အမန်ဒါဆေးဖရိုင်းဒ်နဲ့ တခြားသရုပ်ဆောင် ပေါင်းများစွာ ကော်ဇောနီပေါ် ၀င့်ဝင့့် ကြွားကြား လျှောက်လှမ်းလာကြရာမှာ ဘယ်သူတွေက အကောင်းဆုံးဝတ်စုံနဲ့ စတိုင်မိနေသလဲဆိုတာ ကြည့်လိုက်ကြရအောင် ...

၂၀၁၃ အော်စကာညမှာ ဂျက်ဆီကာ ချက်စ်တိန်း၊ အန်းဟက်သာဝေး၊ အမန်ဒါဆေးဖရိုင်းဒ်နဲ့ တခြား
သရုပ်ဆောင် ပေါင်းများစွာ ကော်ဇောနီပေါ် ၀င့်ဝင့့် ကြွားကြား လျှောက်လှမ်းလာကြရာမှာ ဘယ်သူ
တွေက အကောင်းဆုံးဝတ်စုံနဲ့ စတိုင်မိနေသလဲဆိုတာ ကြည့်လိုက်ကြရအောင် ...

(၁)ဆံပင်ခွေခွေလေးတွေကို ဘီးကုပ်လေးနဲ့
အပေါ်သိမ်းတင်ထားပြီး နက်ပြာရောင် ဂါ၀န်ကားကား
လေးကို ဆင်မြန်းကာ (သူ့ရဲ့ခွေးလေး ဆမ်မီရဲ့အမည်
ကို ပေးထားတဲ့) ခွေးပုံလက်ကိုင်အိတ်လေးပိုက်ပြီး
ချစ်စဖွယ် ပွဲတက်လာတာကတော့ ကိုးနှစ်သမီးလေး
Quvenzhane Wallis ပဲဖြစ်ပါတယ်။

(၂) Zero Dark Thirty ဇာတ်ကားအတွက်
အော်စကာဆု ဆန်ခါတင်စာရင်းဝင် ဂျက်ဆီကာချက်စ်
တိန်းကတော့ Armani Prive ရဲ့ ခရစ်စတယ် ကျောက်
တွေစီထားတဲ့ အသားရောင် ပခုံးဖော် ဂါ၀န်နဲ့  ဂန္ထဝင်
ဆန်ဆန် ချစ်စရာကောင်းအောင် လှပနေပါတယ်။

သူ့ရဲ့ ရွှေနီရောင် ဆံပင်ရှည်ကို ပခုံးပေါ်မှာပုံပုံလေးချ
ထားပုံက သိမ်သိမ် မွေ့မွေ့ရှိလှပြီး ၀တ်စုံ ကလည်း
အပြစ်ပြောစရာမရှိပါဘူး။

(၃) ဂျင်မီချူးရဲ့ဖိနပ်နဲ့ Roberto Cavalli ရဲ့လက်ရာ
ခပြ်မင့်မြင့် ခွဲထားတဲ့ အပြာရောင်ဂါ၀န်ရှည် တွဲဖက်ဝတ်ဆင်
ထားပြီး နဖူးမှာဆံပင်အတိချထားတဲ့ ဂျနီဖာဟူဒ်ဆန်
ကတော့ အော်စကာ ညမှာ လင်းလက်တောက်ပနေ
ပါတယ်။

(၄) နစ်ကိုးလ်ကစ်ဒ်မင်းကတော့ L' Wren Scott
ဖန်တီး ပေးထားတဲ့ အနက်ရောင်နဲ့ ရွှေရောင်စပ်ထားတဲ့
ဂါ၀န်ရှည်လေးနဲ့ ရှင်းပြစရာမလို အောင် အရမ်းကို လှပ
နေပါတယ်။

(၅) Impossible ဇာတ်ကားအတွက် အော်စကာအဆို
ပြုခံထားရတဲ့ နာအိုမီဝပ်စ်ကတော့ Armani ရဲ့လက်ရာ
ခဲသတ္တုစပ်ရောင် ၀တ်စုံနဲ့ ငေးယူရ လောက်အောင် လှပ
နေပါတယ်။

ချပ်ချပ်ရပ်ရပ်ရှိလှတဲ့ သူ့ဝတ်စုံရဲ့ ထူးခြားချက်ကတော့
ရင်ဘတ်အပေါ်ပိုင်း ပခုံးတစ်ဖက်ဖော်ထားတဲ့ပုံပါ။

(၆) အန်းဟက်သာဝေးကတော့ ဏမေိေ ရဲ့လက်ရာ
ပန်းနုရောင်ဖျော့ဖျော့ ကျောပြောင် ဖဲဂါ၀န်ပျော့လေးနဲ့
အံ့ဩစရာကောင်းလောက်အောင် နုနုနယ်နယ်နဲ့ လှပနေ
ပါတယ်။

ဂါ၀န်လေးရဲ့ လည်ပင်းပုံက လေးထောင့်ပုံ ခပ်ကပ်ကပ်
လေးဖြစ်ပြီး လည်တိုင်ကြော့ကြော့လေးမှာ နာမည်ကြီး
ရတနာဆိုင် Tiffany က လည်ဆွဲလေး ဆွဲထားပါတယ်။

မိန်းမဆန်လှတဲ့ ဒီဝတ်စုံလေးက သူ့ရဲ့ယောကျ်ားလေးပုံ
ဆံပင်တိုကပ်ကပ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပေမယ့် မြင်ရ
တဲ့သူ စိတ်လှုပ်ရှားစရာကောင်းလောက်အောင် လှပနေ
ပါတယ်။

(၇) Django Unchained ဇာတ်ကား က
သရုပ်ဆောင်ကယ်ရီဝါရှင်တန်က တော့ Miu Miu ရဲ့
လက်ရာဖြစ်တဲ့ အပေါ်ပိုင်းမှာ ကျောက်တွေနဲ့ အလှဆင်
ထားတဲ့ အနီရောင် ပခုံးဖော် ဂါ၀န်ရှည်နဲ့ ထူးထူးခြားခြား
လှပနေပါ တယ်။

သူ့ရဲဝတ်စုံကတော့ အရမ်း စတိုင်ကျပြီး ရတနာကျောက်
တွေနဲ့ လင်းလက် တောက်ပနေပါတယ်။

(၈) အက်ဒဲလ်ကတော့ အော်စကာ ညမှာ သူ့ရဲ့ အသား
အရေတွေကို သိပ်ဖော်မပြထားပါဘူး။

ဒါပေမဲ့ ဗြိတိန်ဒီဇိုင်နာ ဂျက်နီပက်ဟမ်ရဲ့ (၁၆ ကီလိုဂရမ်
လေးတဲ့) မျက်စိကျိန်း လောက်အောင် တလက်လက်
တောက်ပနေတဲ့ ဂါ၀န်ရှည် ရိုးရိုးလေးနဲ့ လိုက်ဖက်စွာ
လှပနေပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး