တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ ၈၅ ကြိမ်မြောက်အကယ်ဒမီပွဲရဲ့ ကော်ဇောနီ ပေါ်မှာ အမျိုးသားတွေလည်း အမျိုးသမီး တွေလို အရောင်အသွေး စုံလင်စွာနဲ့ ပွဲတက်လာကြလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားကြမှာ မဟုတ်ပါဘူး။
တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ ၈၅ ကြိမ်မြောက်အကယ်ဒမီပွဲရဲ့ ကော်ဇောနီ ပေါ်မှာ အမျိုးသားတွေ
လည်း အမျိုးသမီး တွေလို အရောင်အသွေး စုံလင်စွာနဲ့ ပွဲတက်လာကြလိမ့်မယ်လို့ ဘယ်သူမှ
ထင်ထားကြမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အော်စကာညမှာ အမျိုးသားတချို့ဟာ အများနဲ့မတူ တစ်မူထူးခြားနေရအောင် သူ့စိတ်
ကြိုက်အရောင်နဲ့ တက်စီဒိုညနေ ခင်း ပွဲတက်ဝတ်စုံတွေ ဆင်မြန်းပြီး ကြော့ကြော့မော့မော့ ပွဲတက်
လာတာကို တွေ့ရပါတယ်။
အကောင်းဆုံး အမျိုးသားသရုပ် ဆောင်ဆုကို အိမ်သယ်သွားနိုင်ခဲ့တဲ့ ဒယ်နီယယ် ဒေးလူးဝစ်
ကတော့ Domenico Vacca ရဲ့ ကုတ်ကော်လာ အဝိုင်းပုံချုပ်ထားတဲ့ နက်ပြာရောင် တက်စီ
ဒိုဝတ်စုံကို ရွေးချယ်ဝတ်ဆင်လာခဲ့ပါတယ်။
ဒီအရောင်ကတော့ အနက် ရောင် တက်စီဒိုဝတ်စုံတွေကြား တခြား သူတွေနဲ့ ကွဲကွဲပြားပြား ဖြစ်စေ
လောက်တဲ့ အရောင်ပါ။
ကံကြမ္မာက ဖန်လာတော့ သူ့လိုပဲ နက်ပြာရောင်ကို ရွေးချယ်လာတဲ့ ပွဲတက် မင်းသား နောက်တစ်
ယောက် ရှိနေပါ သေးတယ်။
သူကတော့ အကောင်းဆုံး ဇာတ်ပို့ဆုရ Christoph Waltz ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ တက်စီဒီုဝတ်စုံက တော့ Prada ရဲ့ ကြယ်သီးနှစ်လုံးတပ် ကုတ်ကော်လာအဝိုင်းပုံ ၀တ်စုံပါ။
အနက်ရောင်နဲ့ တအားကွဲနေတဲ့အရောင်မျိုးမဟုတ်တဲ့ နက်ပြာရောင်ကို ရွေးချယ်တတ်တဲ့သူ့ကို
လည်း ၀တ်တတ်စားတတ်တဲ့သူလို့ ပြောလို့ရပါတယ်။
သူများထက် ထူးခြားချင်တဲ့ သူတို့ နှစ်ယောက်စလုံး ကံမကောင်းဘူးလို့ ပြောရမှာပါ။
ဘာဖြစ်လို့လဲ ဆိုတော့ Jamie Foxx က အထက်ကို ချွန်တက်နေတဲ့ ကုတ်ကော်လာပုံစံနဲ့ မီးခိုး
ရောင် တက်စီဒိုဝတ်စုံကို ရွေးချယ်ဝတ်ဆင်လာလို့ပါ။
ဒါပေမဲ့ အနက်ရောင်ရှပ်၊ အနက်ရောင် ဘိုးတိုင်နဲ့ တွဲဝတ်မလာဘူးဆိုရင်တော့ သူ့ရဲ့အရောင်
ရွေးချယ်မှုကို ကောင်းတယ်လို့ ပြောကောင်းပြောကြမှာပါ။
အခုတော့ တက်စီဒိုနဲ့ ရှပ်ကို ကွဲကွဲပြားပြား မတွေ့ရပါဘူး။
ဇာတ်ညွှန်းအတွက် အော်စကာဆုရခဲ့တဲ့ Quentin Tarantino ကတော့ အနက်ရောင်နက်တိုင်
သေးသေး ရှည်ရှည်ကို လျော့ရဲရဲစည်းပြီး ပွဲတက်လာတာ တွေ့ရပါတယ်။
အော်စကာစင်မြင့်ထက်က Tarantino ရဲ့ ပြောကြားချက်အရဆိုရင် ဒီနှစ်ကတော့ စာရေးဆရာ
တွေရဲ့ နှစ်ဖြစ် ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ နက်တိုင်အကျယ်ကိုကြည့်ပြီး ပြောရရင် တော့ စာရေးဆရာရဲ့နက်တိုင် စတိုင်ဟာ
နှစ်ပေါင်း ၃၀ လောက် နောက်ကျကျန်ခဲ့ တယ်လို့ဆိုရမှာပါ။
(လော့ဆန်းဂျလိစ်တိုင်း)
















