ထိပ်တန်းဆုတွေ တသီကြီးနဲ့ ထိပ်ဆုံး က တစ်ပြေးနေတဲ့ Lincoln ဇာတ်ကား က စိတ်ပျက်စရာအဖြစ် ထိပ်တန်းဆု လေးဆုစလုံးကို Life of Pi ကို ပေးခဲ့ လိုက်ရတဲ့ အော်စကာဆုပေးပွဲညမှာ Argo ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဆုကို မထင်မှတ်ဘဲ ရရှိသွားခဲ့ပါတယ်။
ထိပ်တန်းဆုတွေ တသီကြီးနဲ့ ထိပ်ဆုံး က တစ်ပြေးနေတဲ့ Lincoln ဇာတ်ကား က စိတ်ပျက်စရာ
အဖြစ် ထိပ်တန်းဆု လေးဆုစလုံးကို Life of Pi ကို ပေးခဲ့ လိုက်ရတဲ့ အော်စကာဆုပေးပွဲညမှာ
Argo ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဆုကို မထင်မှတ်ဘဲ ရရှိသွားခဲ့ပါတယ်။
ဇာတ်လမ်းရဲ့ ဒါရိုက်တာလည်း ဆုအတွက် အဆိုပြုခံရခြင်း မရှိတဲ့ ဇာတ်ကားတစ်ကား အကောင်း
ဆုံးရုပ်ရှင်ဆုရသွားတဲ့ ဒီလိုအဖြစ်မျိုး ၁၉၉၀ ခုနှစ် မှာ Driving Miss Daisy ဇာတ်ကားလည်း ကြံုခဲ့
ရဖူးပါတယ်။
အီရန်ဓားစာခံအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဒရာမာဇာတ်လမ်း အခုလို အကောင်းဆုံးရ
ရုပ်ရှင်ဆုရသွားတာဟာ ဟောလိ၀ုဒ်ရေစီးကြောင်းထဲ ဒါရိုက်တာ ဘင်အက်ဖလက်ခ် ထူးထူး
ခြားခြား အောင်ပွဲခံပြီး ပြန်ဝင်လာတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

ဘင်အက် ဖလက်ခ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ခြောက်ပတ်မှာ ဒါရိုက်တာဆုအတွက် ဆန်ခါတင်
အရွေးခံရတဲ့စာရင်းထဲမပါခဲ့သလို ၂၀၀၂ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း မှာ ဂျနီဖာလိုပက်ဇ်နဲ့ သူ့ရဲ့
အချစ်ရေးကို အနုပညာရှင်တွေရဲ့ အတွင်းရေးကိုမှ ဖော်ပြလေ့ရှိတဲ့ စာစောင်တွေမှာ လှောင်ပြောင်
ရေးသားခံရပြီးတဲ့နောက် သူ့ရဲ့ နာမည်ဂုဏ်သတင်းကို ပြန်တည် ဆောက်ဖို့ နှစ်ပေါင်းများစွာ
ကြိုးစားခဲ့ရပါတယ်။
Argo ဇာတ်ကားဟာ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ရရှိခဲ့တဲ့အပြင် အစ္စလမ္မစ်တော်လှန်ရေး
အပြီး တေရန် နိုင်ငံက အမေရိကန်သံတမန်ခြောက်ဦးကို စီအိုင်အေအဖွဲ့က ကယ်တင်တဲ့အဖြစ်
အပျက်ကို တင်ဆက်ပြသရာမှာ လူတွေ ရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့တဲ့အတွက် အကောင်းဆုံး
ဇာတ်ညွှန်းဆုလည်း ရရှိခဲ့ပါတယ်။
"ဘဝမှာလဲပြိုခဲ့တာမျိုး ရှိခဲ့ရင်လည်း ဘာမှ စိတ်ပျက်စရာမလိုပါဘူး။ ဖြစ်ပြီးသွားပြီဖြစ်တဲ့အတွက်
ဘယ်လိုပဲဖြစ်ဖြစ် လက်ခံရမှာပါ။ ကြံုခဲ့ရသမျှအဖြစ် အပျက်တွေက နာလန်ပြန်ထူနိုင်အောင်
လုပ်ပေးနိုင်စွမ်းရှိပါတယ်" လို့ အသက် ၄၀ ရှိပြီဖြစ်တဲ့ ဘင်အက်ဖလက်ခ်က ဆုလက်ခံရင်း ပြော
ကြားခဲ့ပါတယ်။

သင်္ဘောပျက်သွားတဲ့ဇာတ်လမ်းကို တင်ပြထားတဲ့ Life of Pi ရဲ့ ဒါရိုက်တာ အန်းလီဟာ ဆုအမျိုး
အစား ၁၂ မျိုး အတွက် အဆိုပြုခံထားရပြီး အော်စကာဆုနှစ်ဆုပဲပိုက်ပြီး အိမ်ပြန်ခဲ့ရတဲ့ လင်ကွန်း
ဇာတ်ကားက ဒါရိုက်တာကြီး စတီဗင်စပီးလ်ဘာ့ခ်ကို အနိုင်ယူပြီး အကောင်းဆုံး ဒါရိုက်တာဆုကို
အပ်နှင်းခံခဲ့ရတာကတော့ စိတ်ပျက်ဖွယ်ရာ ရွေးချယ်မှုပါပဲ။
Life of Pi ဇာတ်လမ်းဟာ ရုပ်ရှင် တေးသွားဆု၊ အမြင်ပိုင်းဆိုင်ရာ အထူး ပြုလုပ်ချက်ဆုနဲ့ ရုပ်ရှင်
ရိုက်ကူးမှုပညာဆုအမျိုးအစားတွေအတွက်လည်း အကောင်းဆုံးဆုတွေ ရရှိခဲ့ပါတယ်။
Argo ဇာတ်ကား အကောင်းဆုံး ရုပ်ရှင်ဆုရရှိကြောင်းကို မီရှဲလ်အိုဘားမားက ဗီဒီယိုကနေတစ်ဆင့်
အိမ်ဖြူတော်ကနေ ဖွင့်ဖောက်ကြေညာပေးခဲ့တာကြောင့် အော်စကာဆုကို ရုပ်သံကနေ ထုတ်လွှင့်
ပြသရာသမိုင်းမှာ လျှို့ဝှက်ချက်ကို အထိန်းနိုင်ဆုံး အဖြစ်အပျက် တစ်ခု ဖြစ်သွားခဲ့ပါတယ်။
ဒယ်နီရယ်လ် ဒေးလူးဝစ်ကတော့ အများမျှော်လင့်ထားတဲ့အတိုင်းပဲ အကောင်းဆုံးသရုပ်ဆောင်ဆု
အတွက် အော်စကာဆု သုံးထပ်ကွမ်း ရရှိပြီး အော်စကာသမိုင်းမှာ ရာဇဝင်တွင်သွား ပါတယ်။
သူ့ရဲ့တတိယမြောက်အော်စကာဆုကတော့ ကျွန်စနစ်ဖျက်သိမ်းရေးနဲ့ အမေရိကန်ပြည်တွင်းစစ်
အဆုံးသတ် ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အမေရိကန် သမ္မတ အေဘရာဟင်မ် လင်ကွန်းအဖြစ်
လင်ကွန်း ဇာတ်ကားမှာ အလေးအနက်ထား သရုပ်ဆောင်ခဲ့တဲ့အတွက် ရရှိသွားတာ ဖြစ်ပါတယ်။
"ဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်လာမှန်း ကျွန်တော်တကယ်မသိပါဘူး" လို့ ဒေးလူးဝစ်က ပြောပါတယ်။
ဂျနီဖာလောရန့်စ်ကတော့ ရုပ်ရှင်ဇာတ်မြူး Silver Linings Playbook မှာ တက်ကြွတဲ့ မုဆိုးမငယ်
လေးအဖြစ် သရုပ်ဆောင်ကောင်းခဲ့တဲ့အတွက်အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု ရရှိခဲ့ပါ
တယ်။
သူကတော့ ဆုလက်ခံဖို့ စင်ပေါ်အတက်မှာ သူဝတ်ထားတဲ့ Dior ရဲ့ လက်ရာဝတ်စုံနဲ့ ငြိပြီး ခလုတ်
တိုက်လိုက်ပါသေးတယ်။
သူကတော့ Zero Dark Thirty ဇာတ်လမ်းနဲ့ Amour ဇာတ်ကားက အမျိုးသမီးသရုပ်ဆောင်တွေ
ထက်သာသွားပြီး အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကို ရခဲ့တာပါ။
အော်စကာဆုအတွက် လျှို့ဝှက်မဲနဲ့ မဲပေးရွေးချယ်ခဲ့ကြတဲ့ ရုပ်ရှင်ဝိဇ္ဇာနဲ့သိပ္ပံ အကယ်ဒမီက အဖွဲ့ဝင်
၅,၈၀၀ ဟာ Zero Dark Thirty ဇာတ်လမ်းကို အထိနာသွားစေပါတယ်။
ဇာတ်လမ်းမှာ ရိုက်ကူးပုံဖော်ထားတဲ့ ညှဉ်းပန်းနှိပ်စက်ခန်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရေး
သမားတွေနဲ့ လူ့ အခွင့်အရေးအုပ်စုတချို့ရဲ့ ဝေဖန်မှုခံခဲ့ရတဲ့ အိုစမာဘင်လာဒင်ကို ၁၀ နှစ်ကြာ ရှာ
ခဲ့ကြတဲ့ဖြစ်ရပ်ကို တင်ပြထားတဲ့ ဒီဇာတ်ကားဟာ ဆုအမျိုးအစား ငါးမျိုးအတွက် အဆိုပြုခံထားရ
ပေမယ့် ဆု တစ်ခုပဲ ရသွားခဲ့ပါတယ်။

အသံတည်းဖြတ်ဆုအတွက် ရခဲ့တဲ့ ဒီဆုကိုတောင် ဂျိမ်းစ်ဘွန်းဇာတ်လမ်း Skyfall နဲ့အတူ ပူးတွဲရရှိ
ခဲ့တာပါ။
ဖေဖော်ဝါရီလ ၂၄ ရက်၊ တနင်္ဂနွေနေ့ မှာ ကျင်းပခဲ့တဲ့ ဒီအော်စကာညမှာ အင်နီမေးရှင်းရုပ်သံစီးရီး
Family Guy ဖန်တီးသူ Seth Mac Farlane ရဲ့ ပထမဦးဆုံးအကြိမ် အော်စကာအခမ်းအနားမှူး
အဖြစ် ဆောင်ရွက်ခဲ့ပုံကတော့ အမှတ်ရစရာ ဖြစ်နေဦးမှာပါ။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ Mac Farlane က ဇာတ်ဝင်ခန်းအရ အဖော်အချွတ်သရုပ်ဆောင်ခဲ့ရတဲ့
အမျိုးသမီး သရုပ်ဆောင်တွေကို ပြောင်လှောင်ပြီး We Saw Your Boobs ဆိုတဲ့ သရော်တော်
တော်သီချင်းတွေကို စာအိတ်တွေ ဖောက်ရင်း သီဆိုခဲ့သလို ဟောလိ၀ုဒ်က ဂျူးအသိုင်းအဝိုင်းနဲ့
မိန်းမလျာအသိုင်း အဝိုင်းကိုလည်း နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
သူကတော့ အဆိုးဝါးဆုံး အခမ်းအနားမှူးအဖြစ် နောက်နေ့မှာ မီဒီယာတွေ သမုတ်ကြမလားပဲလို့
လည်း နောက်ပြောင်လိုက်ပါသေးတယ်။
အန်းဟက်သာဝေးကတော့ Les Miserable နဲ့ ဇာတ်ပို့ဆုအတွက် အကောင်းဆုံးဆု ရရှိခဲ့ပြီး "ဒါက
တကယ် ဖြစ်လာတာပဲ" လို့ ရွှေစင်ရုပ်တုကို ပိုက် ရင်း ပြောကြားခဲ့ပါတယ်။
ဟက်သာဝေး ဟာ ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ အတွက် အစာအငတ်ခံခဲ့သလို သူ့ရဲ့ အညို
ရောင်ဆံပင်ရှည်တွေကိုလည်း ညှပ်ပစ်ခဲ့ပါတယ်။
ဩစတြီးယန်းသား Christoph Waltz ကတော့ အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ အော်စကာပွဲမှာ
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ရသွားတဲ့အတွက် အ့ံဩသွားပုံရပါတယ်။
သူကတော့ ဇာတ်ညွှန်းဆရာ Quentin Tarantino ရဲ့ Django Unchained ဇာတ်ကားမှာ
ကြေးစားလူသတ်သမား ဖြစ်သွားတဲ့ သွားဆရာဝန်အဖြစ် သရုပ်ဆောင်ခဲ့ရာမှာ ပီပြင်တဲ့အတွက်
ဒီဆုကို၊ရခဲ့တာပါ။
ဒီဆုကတော့ သူ့အတွက် ဒုတိယမြောက် အော်စကာဆုပါ။
သူဟာ ၂၀၁၀ ခုနှစ်မှာ Inglourious Basterds ဇာတ်ကားနဲ့ အော်စကာဆု ရခဲ့ဖူးပါတယ်။
၀မ်းမြောက်ဝမ်းသာဖြစ်နေတဲ့ Tarantino လည်း အကောင်းဆုံးမူရင်း ဇာတ် ညွှန်းအတွက်
အော်စကာဆုရခဲ့ပါတယ်။
သူ့ရုပ်ရှင်တွေ အသက်ဝင်အောင် သရုပ် ဆောင်ပေးခဲ့တဲ့ သရုပ်ဆောင်တွေကိုလည်း သူက ချီးကျူး
ပြောကြားခဲ့ပါတယ်။
အကောင်းဆုံး အင်နီမေးရှင်း ဇာတ်ကားဆုကိုတော့ စကော့တလန်မင်းသမီး အကြောင်း ရိုက်ကူး
တင်ပြထားတဲ့ Brave ဇာတ်ကားက အော်စကာ ရွှေစင်ရုပ်တုကို အိမ်သယ်သွားနိုင်ခဲ့ပါတယ်။
(ရိုက်တာ)
















