ဂျပန်ဂီတပညာရှင်တွေနဲ့ ပူးပေါင်းလေ့ကျင့် ဖျော်ဖြေပွဲ ကျင်းပခဲ့တဲ့ နိုင်ငံတော်သံစုံတီးဝိုင်း

ဂျပန်ဂီတပညာရှင်တွေနဲ့ ပူးပေါင်းလေ့ကျင့် ဖျော်ဖြေပွဲ ကျင်းပခဲ့တဲ့ နိုင်ငံတော်သံစုံတီးဝိုင်း

ကုတ်အကျႌအဖြူ၊ စတိုင်ဘောင်းဘီ အနက်ကို တွဲဖက်၀တ်ဆင်ထားပြီး ပရိသတ်တွေကို ကျောပေး အနေအထားနဲ့ ရှိနေတဲ့ ဂျပန်နိုင်ငံက ဂီတမှူး Mr. Yoshikazu Fukumura ကတော့ အမျိုးသားဇာတ်ရုံရဲ့ စင်မြင့်ထက်မှာ သူ့ရဲ့အဖွဲ့သားတွေကို လက်ဟန်တွေအမျိုးမျိုးနဲ့ ညွှန်ကြားမှုများပြုလုပ်နေပါရဲ့။

ကုတ်အကျႌအဖြူ၊ စတိုင်ဘောင်းဘီ အနက်ကို တွဲဖက်ဝတ်ဆင်ထားပြီး ပရိသတ်တွေကို ကျောပေး
အနေအထားနဲ့ ရှိနေတဲ့ ဂျပန်နိုင်ငံက ဂီတမှူး Mr. Yoshikazu Fukumura ကတော့ အမျိုးသား
ဇာတ်ရုံရဲ့ စင်မြင့်ထက်မှာ သူ့ရဲ့အဖွဲ့သားတွေကို လက်ဟန်တွေအမျိုးမျိုးနဲ့ ညွှန်ကြားမှုများပြုလုပ်
နေပါရဲ့။

သူ့ရဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်း ကနေ ငြိမ့်ငြိမ့်ညောင်းညောင်း သံစုံ တေးဂီတတွေကို စီးဆင်းလာစေ
သလိုပါပဲ။

မတ်လ၂ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဂျပန်သံရုံးတို့ ဦးစီးကျင်းပ ပြုလုပ်ခဲ့တဲ့ ဒီသံစုံတီးဝိုင်း
ဖျော်ဖြေပွဲကို နှစ်နိုင်ငံရဲ့ နိုင်ငံတော်တေးသွားတွေနဲ့ အစပြုခဲ့ပါတယ်။

"ကျွန်တော်တို့ နိုင်ငံတော်သံစုံတီးဝိုင်းက ၂၀၁၄ အာဆီယံဆန်းမစ်မှာ အာဆီယံနိုင်ငံတွေက
တေးဂီတပညာရှင်တွေနဲ့ တွဲဖက်ပြီး ဖျော်ဖြေမှုပြုလုပ်ရမှာဆိုတော့ အဲဒီအတွက် ကြိုတင် လေ့ကျင့်
တဲ့ သဘောပါ" လို့ ပွဲကျင်းပရတဲ့ရည်ရွယ်ချက်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော်သံစုံ
တီးဝိုင်းရဲ့ ဦးစီးအရာရှိ ဦးဝင်းမင်းဖြိုးကိုက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မတ်လ ၂ ရက်နေ့ဖျော်ဖြေပွဲမှာ ပါ၀င်တင်ဆက်ကြသူတွေကတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
နိုင်ငံတော်သံစုံ တီးဝိုင်းနဲ့ ဂျပန်နိုင်ငံက Mr Fukumura ဦးဆောင်တဲ့ အနုပညာရှင်အဖွဲ့တို့က
ပေါင်းစပ်တီးခတ် ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။

"ဒီလိုပွဲမျိုးကိုတော့ အာဆီယံဆန်းမစ် မတိုင်ခင် သုံးခါလောက် ထပ်လုပ်သွားဖို့ ရှိတယ်။ အဲဒီအချိန်
ကျရင်တော့ အာဆီယံနိုင်ငံတွေက တေးဂီတပညာရှင်တွေကိုလည်း ခေါ်ပြီး ပြုလုပ်သွားမှာပါ"လို့
လည်း ဆိုပါတယ်။

ဂီတမှူး Mr Fukumura ကတော့ ASEAN Symphony Orchestra ရဲ့ တေးဂီတဒါရိုက်တာ
ဖြစ်တာကြောင့် သူ့အဖွဲ့တွေနဲ့ပဲ စတင်လေ့ကျင့်မှုများ ပြုလုပ်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

နှစ်နိုင်ငံက တေးဂီတပညာရှင်ပေါင်း အယောက် ၄၀ ၀န်းကျင်ရှိမယ့်အဖွဲ့နဲ့ သူတို့ရဲ့ ဂီတတူရိယာ
တီးခတ်မှုများကတော့ တယောအကြီး၊ အသေးစုံလင်စွာ ပါရှိပါတယ်။

အပိုင်းနှစ်ပိုင်းနဲ့ တင်ဆက်ဖျော်ဖြေခဲ့တဲ့ ဒီဖျော်ဖြရေးအစီအစဉ်တွေမှာ မြန်မာ့နာမည်ကြီး တေး
သီချင်းတွေ ဖြစ်တဲ့ 'ဧရာဝတီ'၊ 'တစ်ခိုင်လုံးရွှေ' စတဲ့ မြန်မာ့တေးသွားတွေ အပြင် "Symphony
No. 14" လို နိုင်ငံတကာမှာ ကျော်ကြားတဲ့ ဂန္ထဝင်တေးသွားတချို့နဲ့လည်း ပေါင်းစပ်ဖျော်ဖြေခဲ့ပြီး
ပွဲကြည့်ပရိသတ်တွေကို ပွဲချိန်အပြီးထိ စီးမျောဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး