ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ကြေး ရုပ်ငယ်များကို ထိုင်းနိုင်ငံမှာ ပုံစံပြထုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ်
ဗိုလ်ချုပ်ကြေး ရုပ်ငယ်များကို ထိုင်းနိုင်ငံမှာ ပုံစံပြထုလုပ်ခဲ့ပါတယ်။
"ကျွန်တော်တို့ မိသားစုဝင်တွေက ဗိုလ်ချုပ်ကိုချစ်တယ်။ နောက်ပိုင်း ဗိုလ်ချုပ် မွေးနေ့ကို လူတွေက
မေ့လျော့လာကြပြီး အခမ်းအနားတွေ သိပ်မလုပ်ကြတော့ဘူး။
ဒါကြောင့် ဒီနှစ်မှာ စိတ်ကူးရပြီး မိတ္ထီလာမြို့မှာ ထားရှိတဲ့ ဗိုလ်ချုပ်ကြေး ရုပ်အတိုင်း ထုလုပ်ပြီး
အမှတ်တရပစ္စည်းအဖြစ်နဲ့ လူတိုင်း အိမ်မှာထားလို့ရအောင် ကြေးရုပ်ငယ်လေးတွေကို ထုလုပ်ခဲ့ပါ
တယ်"လို့ ဗိုလ်ချုပ်ကြေးရုပ်များ ရောင်းချ ပေးတဲ့ ဦးမြင့်ဌေးက ပြောပြပါတယ်။
ဦးထုပ်နဲ့ဓားကို ကိုင်ထားတဲ့ ဗိုလ်ချုပ် ရုပ်တုကို ကြေးအစစ်နဲ့ သွန်းလုပ်ထား ပြီး နှစ်လက်မ အမြင့်
ရှိပါတယ်။
"လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်ကို မမေ့အောင်၊ အမြဲတမ်း သတိရနေစေ အောင် ရည်ရွယ်ပြီး
ထုလုပ်ထားတာပါ"လို့ သူကပြောပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်တုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး၊ ရွှေဂုံတိုင်မှာ ၀ယ်ယူလို့ ရပါတယ်။
















