နေ့စဉ် ထုတ်လွှင့်ပြသနေတဲ့ အခမဲ့ မြဝတီဒစ်ဂျစ်တယ်ရုပ်သံလိုင်းငါးလိုင်းကို မေလကုန်ကနေစပြီး အချိန်တိုးချဲ့ ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ မြန်မာမီဒီယာယူနိုက်တက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ဆန်းက ပြောပါတယ်။
နေ့စဉ် ထုတ်လွှင့်ပြသနေတဲ့ အခမဲ့ မြဝတီဒစ်ဂျစ်တယ်ရုပ်သံလိုင်းငါးလိုင်းကို မေလကုန်ကနေစပြီး
အချိန်တိုးချဲ့ ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ မြန်မာမီဒီယာယူနိုက်တက်ကုမ္ပဏီမှ မန်နေဂျင်း
ဒါရိုက်တာ ဦးကျော်ဆန်းက ပြောပါတယ်။
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် မှာ စတင်စမ်းသပ်ထုတ်လွှင့်ခဲ့တဲ့ မြဝတီ ဒစ်ဂျစ်တယ် ရုပ်သံလိုင်း
ငါးလိုင်းဖြစ်တဲ့ MWD movies (မြန်မာ့ရုပ်ရှင်နှင့် နိုင်ငံခြားရုပ်ရှင်များ)၊ MWD series (နိုင်ငံခြား
ဇာတ်လမ်းတွဲသစ်များနှင့် ကိုရီးယား ဇာတ်လမ်းတွဲသစ်များ)၊ MWD music (တေးဂီတနှင့်
ကာတွန်းဇာတ်လမ်း အသစ်များ)၊ MWD documentary (မှတ်တမ်းနှင့် ဖျော်ဖြေရေး၊ ကြည့်ရှု)နှင့်
MWD shopping (ဈေးဝယ်လမ်းညွှန်)ကို မနက် ရ နာရီမှ ၁၁ နာရီထိ တစ်ကြိမ် နှင့် ညနေ ၄ နာရီ
မှ ည ၁၂ နာရီထိတစ်ချိန် နှစ်ကြိမ်ထုတ်လွှင့်နေရာမှ မနက် ၆ နာရီ မှ ည ၁၂ နာရီထိ တောက်
လျှောက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
"ရုပ်သံလိုင်းငါးလိုင်းကို မြန်မာမှုပဲ ဦးစားပေးပြီး မြန်မာရုပ်သံအစီအစဉ် တွေနဲ့ ဖျော်ဖြေသွားမှာ ဖြစ်
ပါတယ်။ ဥပမာ- ထိုင်းမှာဆိုရင် သူတို့ရုပ်သံအစီအစဉ်တွေကို ကျွန်တော်တို့ မကြိုက်ပေမယ့် သူတို့
လူမျိုးတွေကအရမ်းကြိုက်တယ်။ ဘယ်သူမဆို ကိုယ့်လူမျိုးက ကိုယ့်နိုင်ငံက မိခင်ဘာသာစကားနဲ့
ပြောတဲ့ ရုပ်သံအစီအစဉ်ပဲ ကြည့်ချင်ကြတယ်"လို့ဦးကျော်ဆန်းကပြောပါတယ်။
မြဝတီ စတင်လွှင့်တဲ့အချိန် ၁၉၉၅ ခုနှစ်နဲ့ မြန်မာ့အသံက ပုဂ္ဂလိကနဲ့ လက်တွဲပြီး ကြော်ငြာစ
ကောက်တဲ့အချိန် ကစပြီး ရုပ်သံလိုင်း နှစ်လိုင်းအတွက် ရုပ်မြင်အစီအစဉ်များနှင့် ဇာတ်လမ်းတွဲများ
ကို ပြင်ပမှကုမ္ပဏီတွေ ဖြည့်ဆည်း ထုတ်လွှင့်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ရုပ်မြင်အစီအစဉ်နှင့် ဇာတ်လမ်းတွဲတွေ တင်ဆက်နေတဲ့ ကုမ္ပဏီအစုအဖွဲ့လေးတွေ
၃၂ ခုခန့် များလာခဲ့ပါတယ်။
တိုးပွားလာတဲ့ ကုမ္ပဏီတွေအကုန်လုံးက ရုပ်သံလိုင်း နှစ်လိုင်းမှာ ရုပ်မြင်အစီအစဉ်တွေ ဖြည့်ဆည်း
ထုတ်လွှင့်ဖို့ အချိန်သိပ်မရတော့ပါဘူး။ အလှည့်ကျစနစ်နဲ့ သွားရတော့ ဇာတ်လမ်းတွဲတစ်ခုကို ပြဖို့
နှစ်နှစ်ခန့် စောင့်ရတယ်လို့ သိရပါတယ်။
ဒါကြောင့် မြဝတီနဲ့ မြန်မာ့ရုပ်မြင် သံကြားမှာ အစီအစဉ်တင်ဆက်နေတဲ့ ပြိုင်ဘက်ကုမ္ပဏီတွေ
စုပေါင်းပြီး မြန်မာ မီဒီယာယူနိုက်တက်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာမှာ ဖွဲ့စည်းပါတယ်။
မြဝတီ ဒစ်ဂျစ်တယ်ရုပ်သံလိုင်း လုပ်ပိုင်ခွင့်ကို ၂၀၁၂ ခုနှစ် မေလမှာ စာချုပ်ချုပ်ခဲ့ပါတယ်။
"ကျွန်တော်တို့က ရုပ်မြင်အစီအစဉ် တွေကိုပဲ ထုတ်လွှင့်တတ်တယ်။ ရုပ်သံလိုင်းတစ်ခုကို လည်
ပတ်ဖို့အတွက် ကျွန်တော်တို့မှာ အတွေ့အကြုံမရှိပါဘူး။ ဘယ်အချိန်မှာ ဘယ်လိုပြရမလဲ။ ဘယ်
အချိန်မှာ အန်နီမေးရှင်းထိုးပြီး တော့ အစီအစဉ်တွေကို ပရိသတ် စိတ်ဝင်စားအောင် တင်ဆက်ရ
မလဲ ဆိုတာကို အတွေ့အကြုံမရှိပါဘူး" လို့ သူက ဆက်ပြောပါတယ်။
"လုပ်ပိုင်ခွင့် စတင်ရပြီး တစ်နှစ်အတွင်းမှာ ပရိုဂရမ်ကောင်းတွေ မဖန်တီး နိုင်ခဲ့ပါဘူး။ အစီအစဉ်တွေ
ကိုလည်း အပြည့်အဝ မတင်သွင်းနိုင်ဘူး။ ချန်နယ် ငါးခုကို တစ်ပြိုင်နက်တည်း တာဝန်ယူရတဲ့
အတွက် ရုပ်မြင်အစီအစဉ်တွေက အများကြီး လိုအပ်ပါတယ်။ ကျွန်တော်တို့ မှာ ကျွမ်းကျင်တဲ့
ပညာရှင် မလုံလောက်တဲ့အတွက် မြန်မာအစီအစဉ်တွေကို မဖန်တီးနိုင်ခဲ့ပါဘူး။ အခုအခါမှာ ရုပ်မြင်
အစီအစဉ်ကောင်းတွေ ဖန်တီးဖို့ Cambodia Television Network မှ အငြိမ်းစားအထွေထွေ
မန်နေဂျာ မစ္စတာ Glen Felgate ကိုလည်း ခေါ်ယူထားပြီးပါပြီ" လို့ သူက ဆက်ပြောပါတယ်။
Sky Net က ဘောလုံးပွဲနဲ့ ကစ up to date channel တွေကြောင့် လူကြိုက်များပြီး ၂၀၀၄ ခုနှစ်
မှာ စလွှင့်ခဲ့တဲ့ MRTV4 က စကားနပန်းနှင့် Fashion Music Festival အစီအစဉ်ကြောင့် ၂၀၁၀ မှာ
လူကြိုက်များလာတယ်လို့ သူက ပြောပါတယ်။
"Fashion Music Festival က ၀တ်ပုံစားပုံက တော်တော်လေးခေတ်မီတယ်။ အဲဒီအချိန်အခါက
သူများတွေ ခွင့်ပြုချက် မရပေမယ့် သူတို့က ခေတ်မီ အဝတ်အစားတွေနဲ့ တင်ဆက်ခွင့်ရ လိုက်
တယ်။ စကားနပန်းဆိုရင်လည်း အဲဒီအချိန်က မြဝတီ၊ မြန်မာ့အသံက ခွင့်မပြုတဲ့ပျက်လုံးတွေကို
ခွင့်ပြုပေး တယ်။ Channel 7 ဆို အိပ်မက်ဆုံရာ အစီအစဉ်နဲ့ ပရိသတ် လက်ခံလာတယ်" လို့
သူက ပြောပါတယ်။
"ကျွန်တော် မြန်မာပြည်ကို ရောက်ခဲ့ ပြီး Sky Net၊ MRTV 4 နှင့် Channel 7 က အစီအစဉ်တွေ
ကိုလည်း ကျွန်တော် လေ့လာကြည့်တယ်။ ကျွန်တော်လည်း ကမ္ဘောဒီယားတယ်လီဗီးရှင်း
နက်ဝေါ့ခ် မှာ လုပ်ခဲ့ဖူးတော့ မြဝတီဒစ်ဂျစ်တယ် ရုပ်သံလိုင်းတွေက မြန်မာပြည်က ပရိသတ်တွေ
အတွက် ဖျော်ဖြေရေးအစီအစဉ်ကောင်းတွေ ဖန်တီးနိုင်ဖို့ ကူညီ နိုင်မယ်လို့ ကျွန်တော်ယုံကြည်မိ
ပါတယ်" လို့ ရုပ်သံလိုင်းတွေမှာ ၁၀ နှစ်ကျော် အတွေ့အကြံုရှိတဲ့ မစ္စတာ Glen က ပြောပါတယ်။















