ဆယ်စုနှစ်ကျော် ပရိသတ်တွေနဲ့ ကင်းကွာနေတဲ့ အဆိုတော်၊ မင်းသား၊စိုးသူရဲ့ အခမဲ့ ဖျော်ဖြေပွဲ

ဆယ်စုနှစ်ကျော် ပရိသတ်တွေနဲ့ ကင်းကွာနေတဲ့ အဆိုတော်၊ မင်းသား၊စိုးသူရဲ့ အခမဲ့ ဖျော်ဖြေပွဲ

ပရိသတ်နဲ့ နှစ်အတော်ကြာကင်းကွာနေတဲ့ အဆိုတော်၊ မင်းသားစိုးသူက သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အခုလာမယ့် မတ်လ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းပေါ်ရှိ မိုင်ဒါကွင်းမှာ အခမဲ့ရှိုးပွဲအဖြစ် ဖျော်ဖြေသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ Junction Square မှာ စာနယ်ဇင်း အသိပေးပွဲပြုလုပ်ခဲ့ပါတယ်။

ပရိသတ်နဲ့ နှစ်အတော်ကြာကင်းကွာနေတဲ့ အဆိုတော်၊ မင်းသားစိုးသူက သူ့ရဲ့ တစ်ကိုယ်တော်
ဖျော်ဖြေပွဲကို အခုလာမယ့် မတ်လ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းပေါ်ရှိ မိုင်ဒါကွင်း
မှာ အခမဲ့ရှိုးပွဲအဖြစ် ဖျော်ဖြေသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ Junction Square မှာ
စာနယ်ဇင်း အသိပေးပွဲပြုလုပ်ခဲ့ပါတယ်။

ယင်းပွဲလေးကို Forever Blossom နဲ့ Index Creative Village တို့က စီစဉ်တာ ဖြစ်ပါတယ်။

"အရင်က သီချင်းတွေ ဆိုခဲ့တယ်။ ပြီးတော့ ပရိသတ်တွေနဲ့ ဝေးကွာသွားပါတယ်။ အဲဒီအတွက်
ကျွန်တော့်ကို ချစ်ခင်မြတ်နိုးပြီး အားပေးတဲ့ မိဘပြည်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့
ဒီတစ်ကိုယ်တော်ပွဲလေးကို အကောင်းဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ပြင်ဆင်ရခြင်းဖြစ်ပါတယ်"
လို့ စိုးသူက ပြောပြခဲ့ပါတယ်။

အခမဲ့ပွဲဖြစ်တဲ့အတွက် ပရိသတ်တွေ အများကြီးလာဖို့များတဲ့အတွက်ကြောင့် အေးအေးဆေးဆေးနဲ့
ပွဲကို ကြည့်ချင်သူတွေနဲ့ ဂီတမောင်နှမများ အတွက်ပါ အားလုံးအဆင်အပြေဆုံးဖြစ်အောင် ပြင်ဆင်
ထားတယ်လို့လည်း သူက ပြောပါတယ်။

စီစဉ်သူ Forever Blossom မှ မန်နေဂျင်း ဒါရိုက်တာ ၀င်းသူရလှိုင်ကလည်း "ကျွန်တော်တို့ 
Forever group နဲ့ Index Creative Village ပူးပေါင်းပြီး ပြီးခဲ့တဲ့ Myanmar Countdown 2013
ကို ကျင်းပခဲ့တယ်။

အဲဒီပွဲမတိုင် ခင်မှာကျွန်တော်တို့ အများပြည်သူ နှစ်သက်ကြတဲ့ Jason Mratz ပွဲကို MTV Exit နဲ့
ပူးပေါင်းပြီး တင်ဆက်ခဲ့ပါတယ်။

နောင်ဆိုရင်လည်း ကျွန်တော် တို့ Forever နဲ့ Index Creative Village က ဒီလို အများပြည်သူ
ပါ၀င် ဆင်နွှဲနိုင်တဲ့ အခမဲ့ရှိုးတွေ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။

ဒီကိုစိုးသူပွဲက တော့ ကျွန်တော်တို့ရဲ့ နောက်ခြေလှမ်း တစ်ခုအနေနဲ့ လုပ်ဖြစ်ရခြင်းဖြစ်တယ်" လို့
ပြောပြခဲ့ပါတယ်။

အခမဲ့ ပြုလုပ်ပေးမယ့် ဒီပွဲလေးကို အကြောင်းအမျိုးမျိုးကြောင့် သွား မကြည့်နိုင်တဲ့ ပြည်သူတွေ
အတွက် MRTV-4 ကနေ တိုက်ရိုက်ထုတ်လွှင့် မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မင်းသား စိုးသူက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံကို မိခင်ရဲ့
ကျန်းမာရေး အခြေအနေကြောင့် ပြန်လာတာဖြစ်ပြီး မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ကင်းကွာနေ
တာက ၁၅ နှစ်နီးပါး ရှိပြီဖြစ်ပါတယ်။

သူ မြန်မာနိုင်ငံမှာရှိစဉ်က တေးစီးရီးပေါင်း ၁၁ ခွေ ထွက်ရှိထားပြီးဖြစ်ပြီး သီဆိုခဲ့သောသီချင်းပေါင်း
၄၀၀ ကျော်ရှိတဲ့အတွက် ယင်းသီချင်းများထဲက အကောင်းဆုံးဆိုတာတွေကို ရွေးပြီး ပရိသတ်ကို
ဖျော်ဖြေသွားမယ်လို့လည်း ပြောပြခဲ့ပါတယ်။

ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီးတော့လည်း ကိုစိုးသူက "ကျွန်တော့်ခေါင်းထဲမှာ အရာရာက မိဘပြည်သူ
တွေအတွက် အကောင်းဆုံး လုပ်မယ်ဆိုတာပါပဲ။

အဲဒီအတွက်လည်း အကောင်းဆုံး ကြိုးစားထားပါတယ်။ ဖြစ်ချင်တာကတော့ အရင်က လက်တွဲ
ခဲ့တဲ့ တီးဝိုင်းက လူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးနဲ့တွဲပြီး သီဆိုဖျာ်ဖြေချင်တာပေါ့ဗျာ။

ဒါပေမဲ့ လုပ်ချင်တာတွေ သွားလုပ်လို့ မရဘူးလေ။ အဲဒီအထဲကမှ အကောင်းဆုံး၊ အဆင်ပြေဆုံး
ဖြစ်အောင်ပဲ အစွမ်းကုန် ကြိုးစားထားတာပါ" လို့ ပြောပြခဲ့ ပါတယ်။

"Past and Present Soe Thu" လို့ ခေါင်းစဉ်တပ်ထားတဲ့ အဆိုတော်စိုးသူ ရဲ့ ဖျော်ဖြေပွဲမှာ
 Plus Three တီးဝိုင်းမှ ၀ိုင်းတော်သားများက ကူညီတီးခတ်ပေးသွားမှာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး