မြန်မာနိုင်ငံကလူတွေအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့သူနဲ့ တွေ့ဆုံခြင်း

မြန်မာနိုင်ငံကလူတွေအကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့သူနဲ့ တွေ့ဆုံခြင်း

အသက် ရ၂ နှစ် အရွယ် အရပ်ရှည်ရှည်နဲ့ ကျစ်လျစ်သန်မာနေတဲ့ ဒါရိုက်တာ ရောဘတ်လိုင်ဘာမန်းဟာ ကမ္ဘောဒီးယားဟိုတယ်ရဲ့တတိယထပ်ကို အပြေး လေး တက်လာပါတယ်။

အသက် ရ၂ နှစ် အရွယ် အရပ်ရှည်ရှည်နဲ့ ကျစ်လျစ်သန်မာနေတဲ့ ဒါရိုက်တာ ရောဘတ်လိုင်
ဘာမန်းဟာ ကမ္ဘောဒီးယားဟိုတယ်ရဲ့တတိယထပ်ကို အပြေး လေး တက်လာပါတယ်။

ကျွန်တော့်ရဲ့ လက်ကို ခပ်တင်းတင်းလေးကိုင်ကာ လက်ဆွဲနှုတ်ဆက်လိုက်ပြီးတဲ့နောက်မှာ
ကနေဒါသား ရုပ်ရှင်ဒါရိုက်တာ၊ ၀တ္ထုရေးဆရာနဲ့ ကောန်ဝဲလ်တက္ကသိုလ်ရဲ့ ရူပဗေဒပါမောက္ခဖြစ်တဲ့
ရောဘတ်ဟာ သူ့ရဲ့၂၀၁၂ ခုနှစ်က မှတ်တမ်းရုပ်ရှင် ကားဖြစ်တဲ့ They Call It Myanmar: Lifting
The Curtain နဲ့ပတ်သက်ပြီး စိတ်ပါလက်ပါပြောပြပါတယ်။

သူ့ရဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားဟာ နိုင်ငံတကာက ချီးကျူးခံထားရပါတယ်။

"မြန်မာနိုင်ငံအကြောင်း အကောင်းဆုံး တင်ဆက်ပေးနိုင်တဲ့ ဇာတ်ကား" လို့ The Hollywood
Reporter မှာ ဖော်ပြထားသလို "နိုင်ငံတစ်နိုင်ငံအကြောင်း ကို ရှင်းရှင်းလင်းလင်း တင်ပြထားနိုင်တဲ့
ဇာတ်ကား"လို့ ၀ါရှင်တန်တိုင်း(မ်)မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ပြည်သူတွေအကြောင်း မိနစ် ၉၀ စာ တင်ဆက်ပေးထားတဲ့ ဒီဇာတ်ကားအတွက်
နာရီ ၂၀၀ စာ အကြမ်းခွေတွေကို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်
ရိုက်ကူးခဲ့ပြီး မြန်မာပြည်သူ တွေရဲ့ နေ့စဉ်ဘဝကို ပေါ်လွင်စေမယ့် အကောင်းဆုံး အကွက်တွေကို
စုစည်းတင်ပြပေးထားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ မေးမြန်းတဲ့အခန်းကို ထည့်ပေးထားပေမယ့် ဒီဇာတ်ကားဟာ
ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို အဓိက တင်ဆက် ပေးထားတာတော့ မဟုတ်ပါဘူး။

ဒီ ဇာတ်လမ်းကို ကြည့်လိုက်ရင် မြန်မာ နိုင်ငံနဲ့ပတ်သက်ပြီး တော်တော်လေး နားလည် သဘော
ပေါက်သွားမှာပါ။

* ဒီဇာတ်ကားအတွက် နာရီ ၂၀၀ စာ အကြမ်းခွေတွေကို မြန်မာနိုင်ငံမှာ သုံးနှစ်ကြာ
အချိန်
ပေး ရိုက်ကူးခဲ့တာ ဘာကြောင့်များလဲ။

ကျွန်တော် အစတုန်းက ဒီဇာတ်ကားကို နိုင်ငံရေးမပါဘဲ ရိုက်ကူးနေတာပါ။ ဒါပေမဲ့ နိုင်ငံရေးမပါလို့
မဖြစ်နိုင်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့ အကြောင်းနဲ့ အလားတူဖြစ်ရပ်တွေ မပါဘဲ
ဒီနိုင်ငံအကြောင်းကို ဘယ်လိုမှ ပုံဖော်လို့ မရပါဘူး။ မြန်မာနိုင်ငံမှာ အားလုံး အဆင်ပြေချောမွေ့နေ
တယ်လို့ လူတွေ ထင်နေကြပါတယ်။ ဒါက အမှန်တော့ မဟုတ်သေးပါဘူး။ လွှတ်တော် အတွင်းမှာ
စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာယူထားဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ခုနစ်နေရာပဲ ရှိပါ
တယ်။

* ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းမှု မလုပ်ခင်မှာ ကိုယ်ရေး ကိုယ်တာ
အချက်
အလက်တွေ မမေးဖို့ အပြောခံရတယ်လို့သိရပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့
ရုပ်ရှင်ကား
မရိုက်ချင်တဲ့ အတွက် ဒါကို ဘယ်လို ဖြေရှင်းခဲ့ပါသလဲ။

ကျွန်တော် ဒါကို တွေးမိပါတယ်။ ကျွန်တော် မြန်မာနိုင်ငံကို မိုင်ပေါင်း ၈,၀၀၀ ဝေးတဲ့ အမေရိကန်
နိုင်ငံကနေ လာခဲ့တာပါ။ နိုင်ငံရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေ မေးဖို့လည်း ကျွန်တော် စိတ်မဝင်စားပါဘူး။
ကျွန်တော့်ဘဝမှာ တစ်ကြိမ်လောက် ပါးနပ်နိုင်ခဲ့ပါတယ်။ ကျွန်တော် သူနဲ့ စကားပြောခဲ့တဲ့အချိန်မှာ
သူ့အဖေ အကြောင်းတွေ ပြောဖြစ်ကြပါတယ်။ ကျွန်တော်တို့ အဆင်ပြေပြေပဲ ပြောဖြစ်ကြပါတယ်။
သူ့ကို ဘယ်သူကမှ ထိပ်တိုက်ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သူ မကြိုက်ဘူးဆိုရင်
တွေ့ဆုံ မေးမြန်းမှုကို ဖြေပေးတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားနည်းလမ်း ရှိပါတယ်။

နောက်ဆုံးတော့ သူ့ရဲ့ကလေး တွေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးနေ
တဲ့ တခြားတစ်ယောက်ကို မေးကြည့်လိုက်ပါတယ်။ တကယ်တော့ ဒီဇာတ်ကားဟာ
ဒေါ်အောင်ဆန်းစုကြည် အကြောင်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံနဲ့ ပြည်သူ တွေရဲ့အကြောင်းကို
တင်ပြထားတာပါ။

* ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး လောကထဲ ၀င်သင့်တယ်လို့ ထင်ပါသလား။

ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် မသိပါဘူး။ မြန်မာနိုင်ငံမှာ အင်န်ဂျီအိုအဖွဲ့ တစ်ခုကို ဦးစီးဆောင်ရွက်
နေတဲ့ ကျွန်တော့် မိတ်ဆွေတစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘုန်းတော်ကြီး
တူးတူးလိုမျိုး ဖြစ်သင့်တယ်လို့ ပြောပါတယ်။ ကျွန်တော်ကတော့ နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။
ကျွန်တော်က လူ တွေကိုပဲ စိတ်ဝင်စားတာပါ။ မြန်မာနိုင်ငံ နဲ့ပတ်သက်တဲ့ လူ့သဘောသဘာဝကို
ပြသဖို့ ကျွန်တော် ကြိုးစားနေတာပါ။နိုင်ငံတစ်နိုင်ငံရဲ့ လူတွေအကြောင်းကို ပြသနိုင်ရင် အဲဒီနိုင်ငံ
အကြောင်းကို နားလည်သဘောပေါက်လာကြမှာပါ။ ကျွန်တော့်ရုပ်ရှင်ထဲမှာ ကလေးတွေ
အများကြီး ပါပါတယ်။ ဆင်းရဲကြပေမယ့်လည်း ပြံုးရွှင်နေကြတဲ့ ကလေးတွေ အများကြီး တွေ့ရပါ
တယ်။

* သူတို့တွေရဲ့ဒုက္ခနဲ့ ဆင်းရဲကြပ်တည်းမှုကို မပြဖို့ ရှောင်ခဲ့သေးလား။

ကျွန်တော် မလုပ်ခဲ့ပါဘူး။ ရမ်းကု ကြောင့် ရောဂါပိုဆိုးနေတဲ့ မိန်းကလေး တစ်ယောက်လည်း
ဒီဇာတ်ကားမှာ ပါပါတယ်။ သူက တီဘီရောဂါသည်တစ်ဦးပါ။ သူ့ရဲ့အဆုတ်မှာ အပေါက်တွေ
အများကြီးပါ။ ဝေဒနာတွေကို တင်ပြထားပေမယ့် ဒီဇာတ်ကားကတော့ ပညာပေး ဇာတ်ကားမျိုး
တော့ မဟုတ်ပါဘူး။

* မြန်မာနိုင်ငံက လူတွေကို ဘယ်လို မြင်ပါသလဲ။

ရန်ဖြစ်တဲ့ အချိန်ကလွဲလို့ ကျန်တဲ့ အချိန်တွေမှာ အရမ်းကို နူးညံ့သိမ်မွေ့ ကြပါတယ်။ သူတို့ရဲ့
ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ အရမ်းကောင်းတဲ့ အခွင့်အလမ်း တွေ သူတို့မှာ ရှိတယ်လို့ ကျွန်တော်
ထင်တယ်။ ဒါပေမဲ့ လျှပ်စစ်မီး၊ ရေခဲ သေတ္တာနဲ့ လေအေးပေးစက်လည်း လိုချင်ကြပါတယ်။


The Call it Myanmar မှတ်တမ်းကားမှ အင်းလေးကန်မြင်ကွင်း။ ဓာတ်ပုံ - ရောဘတ်လိုင်ဘာမန်း

* မြန်မာနိုင်ငံလို အပြောင်းအလဲ သိပ်မရှိသေးတဲံ့ နိုင်ငံကအခုလို လမ်းပွင့်လာတာ
ကောင်းကျိုး
တွေ ရှိတယ်လို့ ထင်ပါသလား။

ကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ လူတွေကလည်း အခုလို ဖြစ်ချင် နေကြပါတယ်။ ဒါပေမဲ့
မကောင်းတာ တွေနဲ့လည်း ကြံုရနိုင်ပါတယ်။ ဒါတွေကို သူတို့ တွန်းလှန်နိုင်ပါ့မလား၊ ၀င်လာတဲ့
ရင်းနှီးမြှုပ်နှံမှုတွေကို ထိန်းချုပ်နိုင်ပါ့ မလားက စိတ်ပူစရာပါ။ မြန်မာနိုင်ငံကြီး ဖျက်ဆီးခံရမှာ၊ ကိုယ်
ကျိုးရှာအမြတ်ထုတ်မယ့် စီးပွားရေးသမားတွေနဲ့ လုပ်ငန်းတွေ ရောပါလာမှာကို ကျွန်တော် စိတ်ပူ
မိပါတယ်။ ဒါကတော့ ဖြစ်နှင့် နေပါပြီ။

* မြန်မာနိုင်ငံမှာ ဒီဇာတ်ကားကို ရုပ်ရှင်သွားရိုက်တုန်းက အခက်အခဲ ကြံုရတာတွေ
ရှိပါသလား။

ရှိပါတယ်။ အမျိုးသားစာကြည့်တိုက် လို နေရာတွေမှာ ရုပ်ရှင်ရိုက်တုန်းကလည်း အခက်ကြံုရပါ
သေးတယ်။ ကင်မရာကို ဖွင့်ထားပေမယ့် ရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးလို့ ကျွန်တော် ပြောလိုက်
ပါတယ်။ ပြီးတော့ ဓာတ်ခဲကို ထုတ်လိုက်ပြီး ကြည့်ပါလား စက်က အလုပ်မလုပ်ဘူး လို့ ပြောလိုက်
ပါတယ်။ အသီးအရွက်တွေ ရိုက်တုန်းကလည်း ပြဿနာတက် လိုက်သေးတယ်။ ဒါပေမဲ့
ကျွန်တော်ကတော့ မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်မှာ ပိုပြီးစိတ်ပူမိပါတယ်။ သူတို့ကမှ
တကယ့်ကို ကျဉ်းထဲ ကြပ်ထဲ ရောက်နေတာပါ။

မြန်မာနိုင်ငံသားတွေဟာ သူတို့ ပြောချင်တာကို အချင်းချင်း သိုသိုသိပ် သိပ် ပြောလို့ရပေမယ့်
လွတ်လွတ်လပ် လပ်တော့ ပြောလို့မရပါဘူး။ အရှေ့ ဂျာမနီထက်တောင် ပိုဆိုးပါတယ်။ ကျွန်တော်
အဲဒီကို ရောက်ဖူးပါတယ်။ အစိုးရကို ဝေဖန်ရင် အလုပ်ဖြုတ်နိုင်တဲ့ Stasi တွေကို လူတွေက
ကြောက်ကြပါတယ်။

ဒါပေမဲ့ သူတို့က ကြောက်ရုံ ကြောက်ကြတာပါ။ မြန်မာနိုင်ငံမှာ လူတွေ ညှဉ်းဆဲခံရတာ ကျွန်တော်
သိပါ တယ်။ အရှေ့ဂျာမနီမှာတော့ လူထုဟာ ကြောက်နေကြပြီး မြန်မာနိုင်ငံမှာတော့ လူထုဟာ
ထိတ်လန့်တုန်လှုပ်နေခဲ့ကြပါတယ်။

* ဒီဇာတ်ကားကိုရိုက်ရတာ ကြောက်တာမျိုး မဖြစ်ဘူးလား။

မဖြစ်ပါဘူး။ ဖေဖော်ဝါရီလထဲမှာ ကျွန်တော့်အသက်က ရ၂ နှစ် ပြည့်သွားပါပြီ။ ကျွန်တော့်အဖေက
သူ့အသက် ၆၅ နှစ်မှာ ဆုံးသွားတာပါ။ ကျွန်တော် ကားမှောက်တုန်းကတော့ အသက် အန္တရာယ်နဲ့
ကြံုလိုက်ရသေးတယ်။ အန္တရာယ်များတဲ့ အခြေအနေမျိုတွေ အများကြီး ကြံုခဲ့ဖူးပါတယ်။ ဒါပေမဲ့
ကျွန်တော် လွတ်မြောက်ခဲ့ပါတယ်။ ကျွန်တော့်အသက် ၄၀ လောက်မှာ ကျွန်တော် လူ့လောကက
ထွက်သွားချင်တာပါ။

ဒါပေမဲ့ ကျွန်တော် အခုအချိန်အထိ လူ့လောကမှာ နေနေရတုန်းပါ။ ကျွန်တော့်မှာ သက်တမ်း ကိုးခု
လောက်ရှိရင် ရှစ်ခုခွဲကို ကျွန်တော် သုံးပြီးသွား ပါပြီ။ အသက်ရှင်နေထိုင်ရေးလို ကြီးကြီးမားမားတွေ
က ကျွန်တော့်ကို ဒုက္ခမပေးပါဘူး။ ဆူညံလွန်းတဲ့ အသံတွေလိုအရာ လေးတွေက ကျွန်တော့်ကို
ဒုက္ခပေးနေပါတယ်။

ကျွန်တော့်စိတ်ကို လှုပ်ရှားစေတဲ့အရာတွေကို အရမ်း နှစ်သက်တယ်ဆိုတာ ကျွန်တော်သိပါတယ်။
ကျွန်တော့်ကို လှုံ့ဆော်ပေးနိုင်တဲ့ဓာတ် နည်းနည်းလောက် လိုပါတယ်။ ဒါကြောင့် အန္တရာယ်နည်း
နည်းရှိတာ ကောင်းပါတယ်။

* အာဏာရှင်နိုင်ငံတွေဆီကို သွားဖြစ်ရတဲ့အကြောင်းရင်းကဘာများလဲ။

နိုင်ငံတစ်နိုင်ငံမှာ အာဏာရှင် ရှိတယ်လို့ အတိအကျပြောပါ။ အဲဒီ နိုင်ငံတွေအားလုံး ကျွန်တော်
ရောက်ဖူးပါတယ်။ ထီးတည်းရပ်တည်နေတဲ့ နိုင်ငံ တွေကို ကျွန်တော် စိတ်ဝင်စားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ခြေရာ လက်ရာမပျက် အရင်အတိုင်း ရှိနေတဲ့ အရာတွေကို တွေ့နိုင်
လို့ပါ။ မြန်မာနိုင်ငံ က အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီက ယဉ်ကျေးမှုတွေဟာ မပျက်မစီး
တည်ရှိနေသေးတာကို တွေ့ခဲ့ပါတယ်။ အဲဒီမှာ လူမျိုးပေါင်း ၁၃၅ မျိုး၊ ဘာသာစကားပေါင်း ၁၃၅
မျိုး ရှိပါတယ်။ အဓိကလူမျိုးစု ရှစ်မျိုးရှိပြီး ကိုးကွယ် ယုံကြည်ရာဘာသာရေးကလည်း ခရစ်တော်၊
ဗုဒ္ဓနဲ့ ဖန်ဆင်းရှင်ကို ယုံကြည်တဲ့သူတွေ ဆိုပြီး အမျိုးမျိုး ရှိပါတယ်။

* နောက်ထပ် ဘာကားရိုက်ဖို့ စီစဉ်ထားပါသလဲ။

ကျွန်တော့်မှာ စာအုပ်တစ်အုပ် ရှိပါ တယ်။ The Nazis, My father and Me ဒီဇာတ်လမ်းက
ဂျာမန်ကောင်လေး တစ်ယောက် အကြောင်းပါ။ ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့အတွက် ဂျာမန်တချို့
လိုပါတယ်။

(ဖနွမ်းပင်ပို့စ်)

သီရိမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး