စတိုင်လ်သစ်နဲ့ ဆံကေသာအသွင် အမျိုးမျိုးကို အခမဲ့ ကြည့်ရှုအားပေး နိုင်မယ့် တင်ဆက်ပွဲကို မတ်လ ၁၅ ရက် နေ့ ညနေ ၆ နာရီမှာ ဟိုတယ်မန္တလေးမှာ ပြုလုပ်ကျင်းပမယ်လို့ သိရပါတယ်။
စတိုင်လ်သစ်နဲ့ ဆံကေသာအသွင် အမျိုးမျိုးကို အခမဲ့ ကြည့်ရှုအားပေး နိုင်မယ့် တင်ဆက်ပွဲကို
မတ်လ ၁၅ ရက် နေ့ ညနေ ၆ နာရီမှာ ဟိုတယ်မန္တလေးမှာ ပြုလုပ်ကျင်းပမယ်လို့ သိရပါတယ်။
"The colourful hair show" လို့ အမည်ရတဲ့ပွဲမှာတော့ ဂျပန်နဲ့ ဟောင်ကောင်တို့မှ ဆံကေသာ
ပညာရှင်တွေက ဆံပင်ပုံစံအမျိုးမျိုးကို ဖန်တီးပြမှာ ဖြစ်ပါတယ်။
"ဆံကေသာပုံစံကတော့ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ အဲဒါကြောင့် လန်းဆန်းတက်ကြွတဲ့
ပုံစံဖြစ်ဖို့လည်း အထောက်အကူပေးနိုင်ပါတယ်။ အဝတ်အစားဖက်ရှင်တွေလိုပဲ လိုက်ဖက်တဲ့ ဆံပင်
ဒီဇိုင်းက လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ခေတ်မီလှပမှုတွေကို ပေးစွမ်းနိုင်တဲ့ အရာဖြစ်ပါတယ်"
လို့ ဆံကေသာအလှဖန်တီးမှုမှာ ပါ၀င်ပြသမယ့် ဟောင်ကောင်မှ Hair Stylist တစ်ဦးဖြစ်တဲ့
Mr. Ringo Wongက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပတဲ့ ဒီဆံကေသာ အလှဖန်တီးမှုတင်ဆက်ပွဲအပြင် ဆံပင်အလှ
ဖန်တီးမှုသင်ကြားပေးမယ့် အစီအစဉ်ကိုလည်း မတ်လ ၁၆ နဲ့ ၁၇ ရက်မှာ မန္တလေးမြို့က ဟိုတယ်
မန္တလေးနဲ့ မတ်လ ၂၀ မှ ၂၁ ရက်နေ့အထိကိုတော့ ရန်ကုန်မြို့ အင်းလျားလမ်းက ရွှေရှမ်းကန်မှာ
ပြုလုပ်ပါမယ်။
"ရှေးရိုးဆန်တဲ့ အတွေးအခေါ်တွေထဲက ခွဲထွက်ပြီးတော့ ခေတ်မီစတိုင်ကျ လှပတဲ့ နည်းပညာတွေ
ကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမှာပါ။ လူတစ်ယောက်ရဲ့ အခြေခံမျက်နှာပုံစံ ကိုးမျိုးပေါ်
မှာ လိုက်ဖက်တဲ့ပုံစံတွေကို ပြသပေးသွားမှာပါ" လို့ Mr. Ringo Wong က ဆိုပါတယ်။
ပွဲကို Eushido Professional Hair Care ကုန်ပစ္စည်းတွေကို ဖြန့်ဖြူးပေး နေတဲ့ RDC Co., Ltd က
စီစဉ်တာ ဖြစ်ပါတယ်။















