မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို အဓိကထောက်ပံ့ပေးဖို့ ရည်ရွယ်ပြီး Women of ASEAN in Yangon (WAY) လူမှုကူညီရေးအဖွဲ့အစည်းကလာမယ့် "Charity Flea Market" ရန်ပုံငွေဈေးရောင်းပွဲတစ်ခုကို မတ်လ ၉ ရက်နေ့မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းမှာရှိတဲ့ Horizon International School မှာ ပြုလုပ်သွားမယ်လို့ ...
မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို အဓိကထောက်ပံ့ပေးဖို့
ရည်ရွယ်ပြီး Women of ASEAN in Yangon (WAY) လူမှုကူညီရေးအဖွဲ့အစည်းကလာမယ့်
"Charity Flea Market" ရန်ပုံငွေဈေးရောင်းပွဲတစ်ခုကို မတ်လ ၉ ရက်နေ့မှာ ရန်ကုန်မြို့၊ ဗဟန်း
မြို့နယ်၊ ဖိုးစိန်လမ်းမှာရှိတဲ့ Horizon International School မှာ ပြုလုပ်သွားမယ်လို့ WAY အဖွဲ့
ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Mrs Chua က ပြောပါတယ်။
"ဒီပွဲက ရလာတဲ့ ပိုက်ဆံတွေအားလုံးကို လှူမှာပါ။ အရင်နှစ်တွေတုန်းကတော့ ပွဲပြီးမှ အလိုအပ်ဆုံး
ဖြစ်မယ့်နေရာတွေကို လိုက်ပါတယ်။ ဒီနှစ်မှာတော့ ချို့တဲ့နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို
ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်း တွေကိုပါမယ်" လို့ သူက ပြောပြခဲ့ပါတယ်။
ဒီပွဲဟာ WAY အဖွဲ့ရဲ့ တတိယမြောက် ရန်ပုံငွေဈေးရောင်းပွဲ ဖြစ်ပါတယ်။
"ကျွန်မတို့အဖွဲ့အစည်းရဲ့ အဓိကရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ နိုင်ငံတိုင်းအတွက်များစွာသော
လိုအပ်ချက်ရှိနေတဲ့ နေရာတွေကို တတ်နိုင်သလောက် လှူဒါန်းမှုတွေပြုလုပ်သွားနိုင်ဖို့အတွက်ပါပဲ"
လို့ သူကပြောပါတယ်
WAY အဖွဲ့အစည်းကို ၁၉၉၃ ခုနှစ် က စတင်ဖွဲ့စည်းခဲ့ပြီး အခုဆို အဖွဲ့ဝင် ၆၀ နီးပါး ရှိပါတယ်။
အဖွဲ့မှာ မြန်မာနိုင်ငံရှိ အရှေ့တောင်အာရှနိုင်ငံ သံရုံးများမှ အမျိုးသမီးများ ပါ၀င်ပါတယ်။
"Charity Flea Market" ကို မည်သူမဆို ၀င်ကြေး ကျပ်၂,၀၀၀ ပေးရုံနဲ့ တက်ရောက်နိုင်ပြီး
ဗီယက်နမ်နိုင်ငံသို့ အသွားအပြန် လေယာဉ်လက်မှတ် အပါအဝင် တခြားသော Lucky Draw
အစီအစဉ်များကိုလည်း တက်ရောက်သူများအတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။















