ပလိုင်းလွယ်ထားတဲ့ ရှမ်းတိုင်းရင်းသူ ဈေးသည်တစ်ဦးရဲ့ ပိုက်ဆံချပ်တွေ ငု့ံရေ နေတဲ့ပန်းချီကားကို ၂၀၁၀ ပြည့်နှစ်မှာ ပန်းချီဆရာမောင်ခိုင်မာက ဆွဲခဲ့ပါတယ်။
ပလိုင်းလွယ်ထားတဲ့ ရှမ်းတိုင်းရင်းသူ ဈေးသည်တစ်ဦးရဲ့ ပိုက်ဆံချပ်တွေ ငု့ံရေ နေတဲ့ပန်းချီကားကို
၂၀၁၀ ပြည့်နှစ်မှာ ပန်းချီဆရာမောင်ခိုင်မာက ဆွဲခဲ့ပါတယ်။
ပန်းချီကားထဲမှာ တစ်လှည့်စီ ဖြစ်ပေါ်နေတဲ့ အလင်းနဲ့ အမှောင်ကို ရည်ညွှန်းပြီး ပန်းချီကားကို
Alternate (တစ်လှည့် စီဖြစ်သော) လို့ အမည်ပေးခဲ့ပါတယ်။
ပြပွဲမလုပ်ခင် ပန်းချီကားကို စိစစ်ရေးတင်တဲ့အခါ သူဘယ်လိုမှ မျှော်လင့်မထားတဲ့ မေးခွန်းတွေနဲ့
ရင်ဆိုင်ခဲ့ရပါတယ်လို့ ဆိုပါတယ်။
"အဲဒီ တိုင်းရင်းသူလေးက မျက်နှာလေးက ညှိုးနေတယ်။ စီးပွားရေးခက်ခဲနေသလား၊ ဆင်းရဲနွမ်းပါး
သလား၊ Alternate (တစ်လှည့်စီ)ဆိုတဲ့ အဓိပ္ပာယ် က သူက ဆင်းရဲလည်း တစ်လှည့်၊ သူတို့
ချမ်းသာလာခဲ့ရင် အပေါ်ရောက်နေတဲ့ သူက အောက်ရောက်မယ်ဆိုတာမျိုး လားစတဲ့ မေးခွန်းတွေ
ကို စိစစ်ရေးက ကျွန်တော့်ကို မေးပါတယ်" လို့ ပန်းချီ ဆရာ မောင်ခိုင်မာက မြန်မာတိုင်း(မ်)ကို
ပြောပါတယ်။
"ပန်းချီဆရာတွေက ပန်းချီကားကို အနုပညာရှုထောင့်က နေ ဖန်တီးကြပေ မယ့် တစ်ချိန်တုန်းက
စိစစ်ရေးက ပန်းချီကားကို နိုင်ငံရေးအမြင်နဲ့ ကြည့်တယ်။ နိုင်ငံရေးရှုထောင့်ကနေ ဆွဲယူပြီး တွေး
တယ်"လို့ သူက ပြောပါတယ်။
အခုနောက်ပိုင်းမှာ စိစစ်ရေးက တော်တော်လေး လွတ်လပ်လာပေမယ့် စာပေစိစစ်ရေးလို ရာနှုန်း
ပြည့် လွတ် ကင်းသွားသေးတာမျိုး မဟုတ်ဘူးလို့ သူက ပြောပါတယ်။
"ရာနှုန်းပြည့် လွတ်လပ်လာပြီလို့ ပြောလို့ မရပါဘူး။ တချို့အကြောင်း အရာတွေက ပြောရဆို
ရတာတော့ နည်းနည်းလေး ရှိသေးပါတယ်။ nude ပန်းချီကား (အဝတ်မဆင်သော အမျိုးသမီးပုံ
ပန်းချီကား)တွေကို စိစစ်ရေးက လုံးဝခွင့်မပြုသေးပါဘူး။ အခုချိန်ထိ တော့ အဲဒီလို ပန်းချီကားမျိုး
ပြသခွင့်ရဖို့ စကားပြောနေရတုန်းပဲလို့ ကျွန်တော် သိရပါတယ်" လို့ မောင်ခိုင်မာက ပြောပါတယ်။
အဲဒီလို ပန်းချီကားမျိုးက အနုပညာ တစ်ရပ်အနေနဲ့ ကမ္ဘာမှာ ရှိခဲ့တာ ရာစု နှစ်နဲ့ ချီကြာခဲ့ပြီဖြစ်တဲ့
အတွက် ဒီမှာလည်း ခွင့်ပြုပေးမယ်ဆိုရင် ပိုကောင်းတယ်လို့ သူက ဆိုပါတယ်။
"အဲဒီအနုပညာက ယဉ်ကျေးမှုကို စိန်ခေါ်တဲ့ ပန်းချီကားမျိုးပါ။ ဒါပေမဲ့ အဲဒီလိုမျိုးမှ မပြရင်လည်း
လက်ခံနိုင်မှုဆိုတာ ရှိလာမှာ မဟုတ်တော့ပါဘူး။ အဲဒီလိုမျိုး ဆွဲခွင့်မရရင် ဒါကို အနုပညာ အမြင်နဲ့
မဟုတ်ဘဲ မကောင်းတဲ့ရှုထောင့် ကနေ ကြည့်နေကြဦးမှာပဲ။ ဒါကို အနုပညာရပ်တစ်ခုအနေနဲ့
ရှုမြင်ဖို့နဲ့ ယဉ်ကျေးမှုဆိုတဲ့ ဘောင်ခတ်ကန့်သတ်တာမျိုး ရှိခဲ့ရင်တောင် အတိုင်းအတာတစ်ရပ်
အနေနဲ့ ခွင့်ပြုနားလည်ပေးဖို့ မျှော်လင့်ပါတယ်"လို့ သူက ပြောပါတယ်။
ဇန်နဝါရီလထဲမှာ ကျင်းပခဲ့တဲ့ 'ခင်မောင်ရင် ၁၀၀' ပန်းချီပွဲမှာ ညကိန ပန်းချီကားတစ်ကား ဆင်ဆာ
ထိတယ်လို့ ပန်းချီဆရာ အောင်ကြည်စိုးက ပြောပါတယ်။
"ဒါကို အနုပညာရပ်တစ်ခုအနေနဲ့ ရှုမြင်လာအောင် နည်းနည်းချင်း ခွင့်ပြုပေးတာမျိုးလုပ်မှ အနု
ပညာရပ်အနေနဲ့ တစ်ဆင့်ချင်း လက်ခံလာမှာဖြစ်ပါတယ်။ စစချင်းတော့ မျက်စိရှက်စရာ ဖြစ်မှာပါ။
တခြားရှုထောင့်ကနေလည်း တွေးစရာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခွင့်မပြုဘူးဆိုရင် လူ့သဘောအရ
ခိုးကြောင်ခိုးဝှက် ဖန်တီးချင်တယ်၊ ခိုးကြောင်ခိုးဝှက်ကြည့်ချင်တာမျိုးတွေ ဆက်ရှိနေဦးမှာပါ။
လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်မယ်ဆို ရိုးသွားမှာပါ။ ပိတ်ထားတဲ့အတွက် ပိုထူးဆန်းသလိုဖြစ်
ပြီး လူတွေကလည်း အဲဒီအကြောင်းအရာကို ပိုပြီးစိတ်ဝင်စားတာမျိုး ဖြစ်လာတယ်"လို့ ပန်းချီဆရာ
မောင်ခိုင်မာက ပြောပါတယ်။
ပန်းချီဆရာ မောင်ခိုင်မာက ၂၀၀၄ ခုနှစ် ပန်းချီကျောင်းစတက်တုန်းက စာသင်နှစ်စမှာ ခန္ဓာဗေဒ
ဘာသာရပ်ကို လေ့လာရတဲ့အကြောင်း ပြန်လည် ပြောပြပါတယ်။
"ကျွန်တော်တို့ ကျောင်းစတက်တုန်းက ခန္ဓာဗေဒဘာသာရပ်မှာ အမျိုးသမီး ကိုယ်လုံးတီးပုံတွေ
ဆွဲရပါတယ်။ မိန်းကလေးတွေဆို စဆွဲတုန်းက ရှက်ကြတယ်။ အစမှာ ပေါ်ပေါ်ထင်ထင် မဆွဲရဲပဲ
ကွယ်သလိုလို ဆွဲပြီး ပြီးရင်လည်း သူများ မြင်မှာကြောက်လို့ ဖုံးထားကြတယ်။ အဲဒါ အစတစ်ခု
အနေနဲ့ ခက်ခဲ့တာ။ ပြီးသွားတော့လည်း သူဆွဲလည်း ဒီလို ကိုယ်ဆွဲလည်း ဒီလို မရှက်တော့ဘူး"
လို့ သူကပြောပါတယ်။
"အနုပညာကို ယဉ်ကျေးမှုနဲ့ ဘောင်ခတ်လို့ မရဘူးလို့ ကျွန်တော်ထင်တယ်။ အနုပညာကို အနု
ပညာမျက်လုံး၊ အနုပညာစိတ်နဲ့ပဲ ကြည့်သင့်ပါတယ်။ ဒီလို အနုပညာက ကြည့်တဲ့သူကို အဆိပ်
အတောက် ဖြစ်စေတယ်လို့ ကျွန်တော် မထင်ပါဘူး" လို့ ပန်းချီဆရာ အောင်ကြည်စိုးက ပြောပါ
တယ်။
"ဆင်ဆာက ပန်းချီဘက်မှာ အများကြီး လျော့သွားပါပြီ။ မြန်မာ့ယဉ်ကျေးမှု နဲ့ တော်တော်တန်တန်
ဆန့်ကျင်တဲ့ ပန်းချီ (Nude ပန်းချီ)မျိုးက လွဲပြီး ကျန်တဲ့ ဘယ်အကြောင်းအရာမျိုးမဆို ခွင့်ပြုလာ
ပါပြီ" လို့ ပန်းချီဆရာ ဖေညွန့်ဝေက ပြောပါတယ်။
"အနုပညာမှာ ခန္ဓာဗေဒကို မလေ့လာလို့ မရပါဘူး။ ပန်းချီဆရာတွေက အနုပညာနဲ့ ကိုယ့်ယဉ်
ကျေးမှုကို ထိန်းသိမ်းတဲ့အထဲမှာ ပါပါတယ်။ ဘယ်သူမှ ကိုယ့်ယဉ်ကျေးမှုကို ထိခိုက်စေမှာ မဟုတ်
ပါဘူး။ တစ်ချိန်တစ်ခါမှာတော့ ပန်းချီဆရာတွေကို ချုပ်နှောင်ထားတဲ့ ကြိုးတွေ လုံးဝပြေလျော့
သွားမယ်လို့ မျှော်လင့်ထားပါတယ်"လို့ ဆရာဖေညွန့် ဝေက ဆက်ပြောပါတယ်။
















