စိတ်ဝင်စားစရာအစီအစဉ်သစ်တွေနဲ့ ထပ်မံဆင်နွှဲရမယ့် မိဘမဲ့ကလေး များအတွက် ရန်ပုံငွေရှာဖွေပွဲ

စိတ်ဝင်စားစရာအစီအစဉ်သစ်တွေနဲ့ ထပ်မံဆင်နွှဲရမယ့် မိဘမဲ့ကလေး များအတွက် ရန်ပုံငွေရှာဖွေပွဲ

နှစ်စဉ်ကျင်းပခဲ့တဲ့ မိဘမဲ့ကလေးတွေ အတွက်ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတော်ကို ဒီနှစ်မှာလည်း စိတ်ဝင်စားစရာ အစီအစဉ်သစ်တွေနဲ့ မတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီမှ ၉ နာရီအတွင်း ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။

နှစ်စဉ်ကျင်းပခဲ့တဲ့ မိဘမဲ့ကလေးတွေ အတွက်ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတော်ကို ဒီနှစ်မှာလည်း
စိတ်ဝင်စားစရာ အစီအစဉ်သစ်တွေနဲ့ မတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီမှ ၉ နာရီအတွင်း ပြည်သူ့
ရင်ပြင်မှာ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီရန်ပုံငွေ ဈေးရောင်းပွဲကိုတော့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့သမီး ချန်ချန် လို့ လူသိများတဲ့ ၀င်းထွဋ်
တာရာက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး အခု ခြောက် ကြိမ်မြောက် ပြုလုပ်တဲ့ပွဲမှာ အရင်နှစ် တွေနဲ့
မတူအောင် အစီအစဉ်သစ်တွေနဲ့ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။

"အရင်နှစ်တွေကဆို အနုပညာရှင် တွေများဖို့ ဦးစားပေးတယ်။ မနှစ်ကဆို ရင် အနုပညာရှင် ၂၀၀
လောက်နဲ့ လုပ်ဖြစ်တယ်။ အဲဒီတော့ စိတ်ပါတဲ့သူ ရှိသလို စိတ်မပါတဲ့သူတွေလည်း ရှိတယ်ဆို
တော့ ဒီနှစ်တော့ တက်တက်ကြွကြွနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး စိတ်ပါတဲ့သူတွေ လောက်နဲ့ပဲ လုပ်
မယ်"လို့ သူ့ရဲ့ ရန်ပုံငွေ ရှာဖွေပွဲကို ပြုလုပ်မယ့် အစီအစဉ်တွေ ကို မတ်လ ၁၁ ရက်နေ့ ချက်ထရီ
ယမ် ဟိုတယ်မှာပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အရင်နှစ်က အနုပညာရှင်တွေ ဈေးရောင်းတာမျိုးပဲ ပြုလုပ်ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပွဲလာသူတွေ
စိတ်ဝင်စားမယ့် အစီအစဉ်သစ်တွေကို ထည့်သွင်း စီစဉ်ထားတဲ့အပြင် ပါ၀င်လှူဒါန်းချင်သူတွေ
အတွက်လည်း ပါ၀င်ကုသိုလ်ယူနိုင် မယ့်အစီအစဉ်တစ်ခု ပါ၀င်တယ်လို့ သိရပါတယ်။

"လူတိုင်းလူတိုင်းမှာတော့ မဖတ်ဖြစ် တော့တဲ့ စာအုပ်တွေ၊ မကြည့်ဖြစ်တော့တဲ့အခွေတွေ အများ
ကြီးရှိကြတာပဲလေ။ ကိုယ့်အိမ်မှာ ဒီတိုင်းထားပြီး အမှိုက်ဖြစ် နေမယ့်အတူတူ ကိုယ်က လှူလိုက်
တော့ ကုသိုလ်လည်း ရတယ်။ ချန်ချန်တို့ ရန်ပုံ ငွေရှာတဲ့နေရာမှာလည်း အဆင်ပြေတာပေါ့။
ဒါကတော့ ဒီရန်ပုံငွေရှာဖွေမှု မှာ ပိုက်ဆံထပ်ရအောင် ဘယ်လိုရှာမလဲဆိုတဲ့ အိုင်ဒီယာတစ်ခုပါ"
လို့ သူက ပြောပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ အရင်နှစ်တွေက လှူနေကျနေရာတွေ မဟုတ်ဘဲ ကချင်စစ်ဘေး
ကြောင့် မိဘမဲ့ ဖြစ်ကျန်ခဲ့တဲ့ကလေးတွေ၊ အမျိုးသမီးတွေကို ပညာဒါနအနေနဲ့ စက်ချုပ်သင်ပေးတဲ့
ပုဂ္ဂလိကသင်တန်းကျောင်းကိုလည်း သွားရောက်လှူဒါန်းမှာဖြစ်ပြီး အဓိကအားဖြင့် တကယ်လိုအပ်
နေပြီး အလှူရှင်တွေ သိပ်မလှူဖြစ်တဲ့နေရာတွေ ကို လှူဒါန်းသွားမယ်လို့လည်း ဆိုပါတယ်။

ဒီနှစ်ဈေးရောင်းပွဲမှာ အသစ်ထပ်ထည့်မယ့် အစီအစဉ်တွေကတော့ အရင်နှစ်က အကြောင်းအမျိုး
မျိုးကြောင့် မလုပ်ဖြစ်ခဲ့တဲ့ လေလံရောင်းချမယ့် အစီအစဉ်နဲ့ ခွေးပိုင်ရှင်တွေက သူတို့ရဲ့ ခွေးလေး
တွေကို ၀တ်စားဆင်ယင်ပေးပြီး ယှဉ်ပြိုင်ရမယ့် "Top Dog Fashion & Stylist Competition"
အစီအစဉ်သစ်ကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဒီဈေးရောင်းပွဲမှာတော့ ဘယ်သူမဆို ကိုယ်လှူဒါန်းချင်တဲ့အရာများကို လှူဒါန်းချင်လို့ဖြစ်ဖြစ်၊ ပြိုင်ပွဲ
အတွက် ဖောင်များကို ရယူချင်ရင်ပဲဖြစ်ဖြစ် Frolick ဆိုင်ခွဲတွေ တည်ရှိတဲ့ တော်ဝင် စင်တာ၊
ဒဂုံမြို့နယ် (ဗိုလ်ရာညွန့်လမ်း)၊ စမ်းချောင်းမြို့နယ်က ဒဂုံကွန်ပလက်စ် (ငါးလွှာ)နဲ့ Junction
Square တို့မှာ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး