မြို့ပြမှာ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာပေမယ့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်မလာတာကို ခံစားရေးဆွဲထားတဲ့ ပန်းချီအောင်ကြည်စိုးရဲဲ့ အီလက်ထရွန်းနစ် မြို့ပြ ပန်းချီပြပွဲကို မတ်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ လောကနတ်ပန်းချီပြခန်းမှာ ပြသနေပါတယ်။
မြို့ပြမှာ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာပေမယ့် လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ တိုးတက်မလာ
တာကို ခံစားရေးဆွဲထားတဲ့ ပန်းချီအောင်ကြည်စိုးရဲဲ့ အီလက်ထရွန်းနစ် မြို့ပြ ပန်းချီပြပွဲကို မတ်လ
၁၁ ရက်မှ ၁၆ ရက်နေ့အထိ လောကနတ်ပန်းချီပြခန်းမှာ ပြသနေပါတယ်။
"အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ လူတော်တော်များများ မကင်းနိုင်ပါဘူး။ အနည်းဆုံး ဖုန်းတစ်လုံး
တော့ ရှိကြတာပဲ။ အီလက်ထရွန်းနစ်ကြောင့် ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်လာတယ်။ ရုပ်ဝတ္ထု
တွေ တိုးတက်လာတဲ့အလျောက် လူတွေရဲ့ အတွေးအခေါ် အယူအဆ စိတ်ယဉ်ကျေးမှုပိုင်းတွေမှာ
ရုပ်ဝတ္ထုနဲ့ အပြိုင်တိုးတက်မလာဘူး" လို့ ပန်းချီဆရာ အောင်ကြည်စိုးက ပြောပါတယ်။
မကွေးဇာတိသားဖြစ်ပြီး ရန်ကုန်မှာ ၁၀ နှစ်ကျော်ကြာ နေလာပေမယ့် မြို့ပြက သူ့အတွက်တော့
အခုထိ ထူးဆန်းနေတုန်းပဲလို့ ပြောပါတယ်။
"ပတ်ဝန်းကျင်ကလူတွေ၊ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ က ကျွန်တော့်
အတွက် ထူးဆန်းနေတယ်။ စိတ်ထဲက ဒီရုပ်ဝတ္ထုပစ္စည်းတွေအပေါ် အစွဲတွေကို ပန်းချီကင်းဗတ်
စပေါ်မှာ ဆွဲဖြစ်တာဖြစ်ပါတယ်" လို့သူကဆိုပါတယ်။
ပန်းချီဆရာ အောင်ကြည်စိုးရဲ့ ပထမဆုံး တစ်ကိုယ်တော်ပန်းချီပြပွဲဖြစ်တဲ့ အီလက်ထရွန်းနစ် မြို့ပြ
ပန်းချီပွဲမှာ ပန်းချီကား ၂၈ ကားကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
"ကျွန်တော် မြို့ပြမှာ ၁၀ နှစ်ကျော်နေပေမယ့် သူစိမ်းဆန်နေသေးတယ်။ မြို့ပြမှာ လောဘ၊ ဒေါသ၊
မောဟ တွေကို ပိုတွေ့ရတယ်။ နယ်မှာ အေးအေး ချမ်းချမ်းနေလာတဲ့ လူတစ်ယောက် အတွက်
မြို့ပြက သိပ်ပြီး သဟဇာတ မဖြစ်ပါဘူး။ နေ၊ ထိုင်၊ စားသောက်တာ ကအစ မွန်းကျပ်သလို ခံစား
ရပါတယ်" လို့ သူက ဆက်ပြောပါတယ်။

















