မြောက်ပိုင်းအီလီနွိုင်းတက္ကသိုလ်ပါမောက္ခရဲ့ တစ်လတာ ရန်ကုန်တက္ကသိုလ် ခရီးစဉ်

မြောက်ပိုင်းအီလီနွိုင်းတက္ကသိုလ်ပါမောက္ခရဲ့ တစ်လတာ ရန်ကုန်တက္ကသိုလ် ခရီးစဉ်

"ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲက အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်း ပြောခဲ့တဲ့ ဘွဲ့နှင်းသဘင်ခန်းမကို အနှစ်အသက်ဆုံးပဲ" လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ နှစ်အတွင်း ပထမဆုံး ရန်ကုန်တက္ကသိုလ်မှာ စာလာသင်ပေးခဲ့တဲ့ အမေရိကန်ဆရာမ ပါမောက္ခ မစ္စအေမီ ကေလယ်ဗင်က ဆိုပါတယ်။

"ရန်ကုန်တက္ကသိုလ် ပရဝဏ်ထဲက အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်း ပြောခဲ့တဲ့ ဘွဲ့နှင်း
သဘင်ခန်းမကို အနှစ်အသက်ဆုံးပဲ" လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ နှစ်အတွင်း ပထမဆုံး ရန်ကုန်
တက္ကသိုလ်မှာ စာလာသင်ပေးခဲ့တဲ့ အမေရိကန်ဆရာမ ပါမောက္ခ မစ္စအေမီ ကေလယ်ဗင်က ဆိုပါ
တယ်။

အမေရိကန်နိုင်ငံ၊ မြောက်ပိုင်းအီလီ နွိုင်းတက္ကသိုလ်မှ အင်္ဂလိပ်စာပါမောက္ခ တစ်ဦးဖြစ်တဲ့ မစ္စအေမီ
က ဖေဖော်ဝါရီ ၃ ရက်နေ့က ရန်ကုန်ကို ရောက်ရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်၊ မြန်မာ-အိန္ဒိယ အင်္ဂလိပ်
ဘာသာစကား လေ့ကျင့်သင်ကြားရေးအမျိုးသားဗဟိုဌာန (မာလာဆောင်)မှာ ပထမနှစ် မဟာဘွဲ့
ကျောင်းသူ ကျောင်းသားများကို တစ်လတာ စာသင်ပေးခဲ့ပြီး ဒုတိယ နှစ် မဟာဘွဲ့ကျောင်းသူ
ကျောင်းသား တွေကို တစ်ပတ်ကိုနှစ်ရက် တစ်ဦးချင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

"အီလီနွိုင်းက ကျွန်မရဲ့တက္ကသိုလ်က ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမတွေနဲ့ အမြဲပြည့်
ကျပ်နေတယ်။ ရန်ကုန်တက္ကသိုလ်ကတော့ ကျယ်ကျယ်ဝန်းဝန်းရှိပြီး စာသင်ခန်းမတွေကလည်း
အလွန်များပါတယ်။ ကြီးမားတဲ့ ပြတင်း ပေါက်ကြီးတွေကိုလည်း ကျွန်မ သဘောကျတယ်"လို့
မစ္စအေမီက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

Defining Memory စာအုပ်ကို ရေးသားသူ ပါမောက္ခ မစ္စအေမီရဲ့မိဘ နှစ်ပါးက ရန်ကုန်ကို ၁၉၅၅
ခုနှစ်မှာ အလည်အပတ် ရောက်ရှိခဲ့ပါတယ်။

"သူတို့ ဒီမှာ အလည်အပတ်ရောက် နေတုန်း ကျွန်မအမေက အဖွားကို စာတွေရေးပါတယ်။ သူတို့
ရေးတဲ့စာတွေကို ကျွန်မ ဖတ်မိတယ်။ ရွွှေတိဂုံဘုရားကို သူတို့လည်ပတ်ခဲ့ပုံတွေ၊ လမ်းဘေးဈေး
သည်တွေအကြောင်းနဲ့ ယာဉ်အသွားအလာများပြီး လမ်းပိတ်ဆို့တဲ့ အကြောင်းတွေကို ရေးထားပါ
တယ်။ အဲဒါကတော့ အခုထိ မပြောင်း လဲသေးသလိုပါပဲ" လို့ သူက ပြောပါတယ်။

"ကျွန်မမိဘတွေ အမြဲပြောတဲ့အထဲမှာ မြန်မာလူမျိုးတွေက ကြင်နာတတ်တယ်ဆိုတာ ပါပါတယ်။
ဒါကိုတော့ ကျွန်မ လက်တွေ့ကြံုခဲ့ရပါတယ်" လို့ သူက ဆက်ပြောပါတယ်။

မစ္စအေမီကို အမျိုးသားအင်္ဂလိပ်စာ သင်ကြားရေးဗဟိုဌာန (မာလာဆောင်) မှာ စာသင်ကြားဖို့
တာဝန်ပေးခံရတာ ကြောင့် လာရောက်သင်ကြားပေးခဲ့ပြီး မာလာဆောင်မှာ စာလာသင်ကြားခွင့်ရ
တာလည်း သူ့အတွက် စိတ်လှုပ်ရှားဖွယ် စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

"စနေ၊ တနင်္ဂနွေဆို ဆရာမတွေနဲ့ workshop လုပ်တယ်။ သူတို့တစ်တွေ က အရမ်းအကူအညီ
ပေးတတ်ပြီး ကျောင်းသူ ကျောင်းသားတွေကလည်း အရမ်းတော်ကြတယ်"လို့ သူက ပြောပါ
တယ်။

"အမေရိကားက ကျွန်မရဲ့တက္ကသိုလ်မှာ သင်ကြားရတာနဲ့ ဒီမှာ စာသင်ရတာ အရမ်းကို ကွာခြားပါ
တယ်။ ဒီက ကလေးတွေက အရမ်းရိုသေလေးစားတတ်တယ်။ ကျွန်မ အခန်းထဲ ၀င်လာတာနဲ့
အားလုံးမတ်တပ်ရပ်ပြီး နှုတ်ဆက်ကြတယ်။ ကျွန်မကိုလည်း လက်ဆောင် တွေပေးကြတယ်"လို့
သူက ဆက်ပြောပါတယ်။

ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွေကို ဒီမှာ အလေ့အကျင့် သိပ်မရှိသေးပေမယ့် ကျောင်းသူကျောင်း
သားတွေက ကောင်းမွန်စွာ လုပ်ဆောင်နိုင်တာကို တွေ့ရတယ်လို့ သူကပြောပါတယ်။

"မိဘတွေနဲ့ သူတို့ရဲ့ဆက်ဆံရေး တွေအကြောင်းနဲ့ ချစ်ခြင်းမေတ္တာ အကြောင်းတွေကို ဆွေးနွေးခဲ့
ကြပါတယ်။ စိတ်ပါ၀င်စားတဲ့ ကျောင်းသူ ကျောင်းသားတွေ အများကြီးရှိ ကြပြီး လေးစားအထင်
ကြီးစရာ ကောင်းတဲ့ ဆရာမတွေလည်း ဆုံခွင့်ရခဲ့ပါတယ်။ သင်ကြားရေးနည်းပညာ တွေက
ကျောင်းသားကို ဗဟိုပြုတဲ့ နည်းပညာ ဖြစ်မယ်ဆို မြန်မာပြည် တိုးတက်ဖွံ့ဖြိုးဖို့ အတွက် အတွေး
အခေါ် ကောင်းတဲ့ လူငယ် တွေ များများမွေးထုတ် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"လို့ မစ္စအေမီ
က ပြောပါတယ်။

"စာကို အလွတ်ကျက်တာမျိုးကို သိပ်အားမပေးဘဲ တီထွင်ဖန်တီးမှုနှင့် ကိုယ်ပိုင်အတွေးအခေါ်ကို
အားပေးတဲ့ သင်ကြားနည်းမျိုးဆိုရင် ပိုကောင်းပါတယ်"လို့ သူက ဆက်ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး