သတ္တမအကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆု ချီးမြှင့်

သတ္တမအကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆု ချီးမြှင့်

၂၀၁၂ ခုနှစ်အတွက် ထွန်းဖောင်ဒေးရှင်း စာပေဆုရရှိသူများအတွက် ဆု ချီးမြှင့်ပွဲကို မတ်လ ၉ ရက်နေ့မှာ ရန်ကင်းမြို့နယ်၊ ဘဏ်များအသင်း အဆောက်အအုံမှာ ကျင်းပခဲ့ပါတယ်။

၂၀၁၂ ခုနှစ်အတွက် ထွန်းဖောင်ဒေးရှင်း စာပေဆုရရှိသူများအတွက် ဆု ချီးမြှင့်ပွဲကို မတ်လ ၉ ရက်
နေ့မှာ ရန်ကင်းမြို့နယ်၊ ဘဏ်များအသင်း အဆောက်အအုံမှာ ကျင်းပခဲ့ပါတယ်။

မြန်မာစာက ငယ်ချစ်ဦး ဖြစ်ပြီး စိတ်ပညာနဲ့ အိမ်ထောင်ကျခဲ့တယ်လို့ဆိုတဲ့ စာရေးဆရာကြီး
စည်သူဒေါက်တာ ကျော်စိန်က ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုကို ရရှိခဲ့ပါတယ်။

စည်သူဒေါက်တာကျော်စိန်က ယခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။

ထွန်းဖောင်ဒေးရှင်းစာပေဆု ဆွတ်ခူးရရှိသူများက သက်ထွန်းဦး (စတော့ရှယ် ယာဈေးကွက်အခင်း
အကျင်း)၊ ဒေါက်တာ သန်းထွဋ် (အိမ်သား သမားတော်)၊ တင်နိုင်တိုး (မြန်မာမင်းများလက်ထက်
သံတမန်ဆက်ဆံရေး)၊ ဦးမြင့်ကြည် (စာပေနှင့်ဂီတ၊ ဂီတနှင့်စာပေ)၊ ထွန်းရီ (ရှေးဟောင်းသုတေ
သီ) (နန်းသုံးယာဉ်၊ ပရိဘောဂနှင့် နန်းမှုပဒေသာကျမ်း)၊ မောင်ဝံသ (ခေတ်မီနိုင်ငံရေးဝေါဟာရ
အဘိဓာန်)၊ နွေကိုတူး(ပခုက္ကူ) (အာကာသအဘိဓာန်)၊ မောင်သာလင်း (အမေ့ကမ္ဘာကလေး
ကဗျာ)၊ မောင်ဆန္ဒ (လယ်ဝေး) (မောင်တို့ မယ်တို့ ဖတ်ဖို့ သုတပညာ အလိမ္မာလမ်းညွှန်)၊
တင်ညွန့် (လူငယ်နှင့်အတွေးအမြင်)၊ မောင်ထွန်းလွင်(မိုးလေဝသ) (လာပါတော့..အခါခါမော့..
မာလာကြော့ မျှော်ပေါ့ မိုးရာသီ)၊ မောင်ကိုကို(အမရပူရ) (တို့ဘုရားကို တို့ဖူးပြီ)နှင့် ဉာဏ်ဝင်း
(ဇီးကုန်း) (မော်ဒန်ဒီပလိုမေစီ)တို့ ဖြစ်ပါတယ်။

ထွန်းဖောင်ဒေးရှင်း စာမူဆုကို ခင်နှင်းဦး (ဂျပန်ခေတ်အကြောင်း စာအုပ်စာတမ်းများ)၊ သန်းထွန်း
(မော်လမြိုင်) (မြန်မာနိုင်ငံသမိုင်းစဉ်ထဲက အတ္ထုပ္ပတ္တိ အဘိဓာန် (၁၉၂၀-၁၉၈၈)၊ မောင်ဧရာ
(ပညာမင်းကြီး စည်သူဦးကောင်း) နှင့် Saw Mra Aung (The Chronicle of the Mons and
The Collection of Histories of their Pagodas) တို့ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး