ပြည်သူနဲ့ စာပေအနုပညာကို ပိုမိုထိတွေ့နိုင်စေဖို့ရည်ရွယ်တဲ့ Book Slam စာဖတ်ပွဲ မြန်မာပြည်မှာ မိတ်ဆက်

ပြည်သူနဲ့ စာပေအနုပညာကို ပိုမိုထိတွေ့နိုင်စေဖို့ရည်ရွယ်တဲ့ Book Slam စာဖတ်ပွဲ မြန်မာပြည်မှာ မိတ်ဆက်

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့် က ဗြိတိသျှစာရေး ဆရာပတ်ထရစ်နိခ်က လန်ဒန်မြို့ မှာ Book Slam လို့ ခေါ်တဲ့စာဖတ်ပွဲ တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့် က ဗြိတိသျှစာရေး ဆရာပတ်ထရစ်နိခ်က လန်ဒန်မြို့ မှာ Book Slam လို့
ခေါ်တဲ့စာဖတ်ပွဲ တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။

Book Slam ပွဲဟာ စားသောက်ဆိုင်၊ သို့မဟုတ် ညကလပ်မှာ ကျင်းပလေ့ရှိပြီး ဂီတတူရိယာ
တီးမှုတ် ဖျော်ဖြေပွဲပါ ထည့်ထားတော့ လာရောက်နားထောင်တဲ့ ပရိသတ်က အစားအသောက်
စားရင်း၊ သီချင်းနားထောင်ရင်း နာမည်ကြီး စာရေးဆရာတွေရဲ့ စာတွေကို ပေါ့ပေါ့ပါးပါး နားထောင်
လေ့ရှိကြပါတယ်။

ပတ်ထရစ်နိခ်က မြန်မာပြည်ကို လာ ရောက်ပြီး မတ်လ ၂ ရက်နေ့က ပထမဆုံး Book Slam ပွဲကို
ဦးဝိစာရလမ်းမှာ ရှိတဲ့ House of Memories မှာ ကျင်းပခဲ့ပါတယ်။

စာဖတ်ပွဲမှာ ပတ်ထရစ်နိခ်၊ စာရေး ဆရာမ မသီတာ(စမ်းချောင်း)နှင့် ကဗျာဆရာ ဇေယျာလင်းတို့
က သူတို့ရဲ့ စာပေ၊ ကဗျာတွေကို ဂီတဖျော်ဖြေမှုနဲ့ တစ်လှည့်စီ ရွတ်ဖတ်ခဲ့ကြပါတယ်။

"အများပြည်သူက စာပေကို စာအုပ် တွေထဲကတစ်ဆင့် ထိတွေ့ကြတယ်။ စာကြည့်တိုက်မှာ
သွားဖတ်ကြတယ်။ စာပေဟောပြောပွဲတွေမှာ စာရေးဆရာ တွေ ကဗျာဆရာတွေကို တွေ့ရှိကြရ
တယ်။ ဒါပေမဲ့ လူအများစုက စာပေအနုပညာနဲ့ ကင်းဝေးနေကြတယ်" လို့ ပွဲမှာ ပါ၀င်ခဲ့တဲ့ ကဗျာ
ဆရာ ဇေယျာလင်း က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"အထူးသဖြင့် ကဗျာဆိုတာကို ဘယ်သူမှ မဖတ်တော့တဲ့အဆင့်ကို ရောက်နေပြီ။ ကဗျာကို ကဗျာ
ဆရာအချင်းချင်းပဲ ဖတ်တော့တယ်။ အဲဒီတော့ အများ ပြည်သူက စာပေအနုပညာနဲ့ ကင်းကွာနေ
တာကို ပတ်ထရစ်နိခ်က သူ့အနေနဲ့ ဘယ်လိုလုပ်ရမလဲဆိုပြီး အများပြည်သူ စုဝေးတဲ့နေရာမှာ
ကဗျာရွတ်ပွဲတွေ၊ စာဖတ်ပွဲတွေ လုပ်ကြည့်တယ်"လို့ သူက ဆက်ပြောပါတယ်။

မြန်မာပြည်မှာ ထိုစာဖတ်ပွဲမျိုး တစ်ခါ မှ မကျင်းပဖူးသေးတာကြောင့် ဗြိတိသျှ စာရေးဆရာ
ပတ်ထရစ်နိခ်က ပထမဆုံး အကြိမ် စမ်းသပ်ကျင်းပတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"ဒီလိုပွဲမျိုး ဒီမှာလုပ်ရင် အောင်မြင် နိုင်မလားဆိုတာ လူတွေရဲ့ သဘောထားပေါ်မှာ မူတည်ပါ
တယ်။ စာပေအနုပညာအပေါ် တန်ဖိုးထားတဲ့သူ များများ ရှိရင်တော့ ကောင်းမှာပါ။ ပုံမှန်သမားရိုး
ကျမဟုတ်တဲ့ စားသောက်ဆိုင်မှာ လူ တွေ စားသောက်နေတုန်း ဂီတဖျော်ဖြေပွဲနဲ့ စာဖတ်ပွဲ အတူ
တူကျင်းပတဲ့ပွဲမျိုးကို လက်မခံနိုင်ရင်တော့ ဒီလိုပွဲမျိုး မအောင်မြင်ဘူးလို့ ထင်ပါတယ်" လို့
ဆရာဇေယျာလင်းက ပြောပါတယ်။

အင်္ဂလန်မှာ Book Slam ပွဲမျိုးကို သတ်မှတ်ထားတဲ့ စားသောက်ဆိုင်၊ သို့မဟုတ် ဘားတွေမှာ
ကျင်းပလေ့ရှိပြီး စာပေကို မြတ်နိုးတဲ့ ပရိသတ်တွေက သွားရောက် နားထောင်လေ့ရှိတယ်လို့
သူက ပြောပါတယ်။

"ဒါကြောင့် စားသောက်ဆိုင်၊ အရက်ဆိုင်ကို လာတဲ့လူတွေကလည်း ဘယ်ဆိုင်ကို သွားရင်တော့
ကဗျာဆရာ၊ စာရေးဆရာတွေက စာပေနဲ့ပတ်သက်ပြီး ဖတ်ကြ၊ ရွတ်ကြမယ်ဆိုတာ သိတယ်" လို့
သူက ပြောပါတယ်။

"ဒီလိုပွဲမျိုးကို အစဉ်အလာတစ်ခုအနေနဲ့ ဒီမှာ ပျိုးထောင်မယ်ဆိုရင် စားသောက်ဆိုင်တစ်ခုခုကို
သတ်သတ် မှတ်မှတ်ထားပြီး နှစ်ပတ်တစ်ကြိမ် လောက် အစပျိုးလုပ်သွားရင်တော့ ဖြစ်နိုင်ပါတယ်။
အဲဒီလိုမှမဟုတ်ဘဲ ဘယ်ဆိုင်မှာမဆို ကျင်းပမယ်ဆိုရင် တော့ အောင်မြင်မယ်မထင်ပါဘူး" လို့
သူက ဆက်ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး