တစ်ပတ်အတွင်း ရုံဝင်ခ သန်း ၈၀ ရရှိခဲ့တဲ့ ဒစ္စနေရဲ့ သရီးဒီဇာတ်ကား "Oz the Great and Powerful"

တစ်ပတ်အတွင်း ရုံဝင်ခ သန်း ၈၀ ရရှိခဲ့တဲ့ ဒစ္စနေရဲ့ သရီးဒီဇာတ်ကား "Oz the Great and Powerful"

အမေရိကန် ရုပ်ရှင်ကုမ္ပဏီ ဒစ္စနေရဲ့ သရီးဒီဇာတ်ကားဖြစ်တဲ့ "Oz the Great and Powerful"ကို ပထမအကြိမ် ရုံတင်ပြသခဲ့ရာ အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာ ရုံဝင်ခဒေါ်လာ ၈၀ ဒသမ ၃ သန်း ရရှိ ခဲ့ပြီး ပြည်ပနိုင်ငံတွေမှာ ဒေါ်လာ ၆၉ ဒသမ ၉ သန်း ရရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က ထွက်ရှိခဲ့တဲ့ရုံဝင်ခ ခန့်မှန်းချက်တစ်ရပ်အရ သိရပါတယ်။

အမေရိကန် ရုပ်ရှင်ကုမ္ပဏီ ဒစ္စနေရဲ့ သရီးဒီဇာတ်ကားဖြစ်တဲ့ "Oz the Great and Powerful"ကို
ပထမအကြိမ် ရုံတင်ပြသခဲ့ရာ အမေရိကန်နဲ့ ကနေဒါနိုင်ငံမှာ ရုံဝင်ခဒေါ်လာ ၈၀ ဒသမ ၃ သန်း ရရှိ
ခဲ့ပြီး ပြည်ပနိုင်ငံတွေမှာ ဒေါ်လာ ၆၉ ဒသမ ၉ သန်း ရရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က ထွက်ရှိခဲ့တဲ့
ရုံဝင်ခ ခန့်မှန်းချက်တစ်ရပ်အရ သိရပါတယ်။

အမေရိကန်စာရေးဆရာ L. Frank Baum ရဲ့ပုံပြင် The Wonderful Wizard of Oz ကို အခြေခံ
ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာ မှော်ဆရာကြီးနဲ့ စုန်းမသုံးဖော်ရဲ့အကြောင်းကို တင်ဆက် ပေး
ထားတာဖြစ်ပြီး Mila Kunis၊ Mich elle Williams နဲ ့ Rachel Weisz တို့က စုန်းမတွေအဖြစ် သရုပ်
ဆောင်ထားပြီး James Franco က မှော်ဆရာကြီးအဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒေါ်လာသန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကို ပထမအကြိမ် ပြသတဲ့ ရက်သတ္တ
ပတ်မှာ ၀င်ငွေဒေါ်လာ ၂၈ သန်းပဲ ရရှိခဲ့တဲ့ ငွေကြေးအများကြီးသုံးရိုက်ခဲ့တဲ့ သရီးဒီ ရုပ်ရှင်ကား
Jack the Giant Slayer ရုံတင်ပြသပြီး တစ်ပတ်အကြာမှာ ပြသခဲ့တာဖြစ်တဲ့အတွက် ဒီဇာတ်လမ်း
ဟာ ဝေါ့လ်ဒစ္စနေကုမ္ပဏီအတွက် စွန့်စားရတဲ့ ဇာတ်ကားတစ်ကားလို့ ပြောရ မှာပါ။

ဒါပေမဲ့ ဒီဇာတ်လမ်းဟာ ပြည်ပနိုင်ငံ တွေမှာ အောင်မြင်မှုရခဲ့ပါတယ်။ ရုရှား နဲ့ ယူကေအပါအဝင်
နိုင်ငံပေါင်း ၄၆ နိုင်ငံမှာ ရုံတင်ပြသခဲ့ရာမှာ ၀င်ငွေ ဒေါ်လာ ၆၉ ဒသမ ၉ သန်း ရရှိခဲ့ပါ တယ်။

ဒါကြောင့် ဒီဇာတ်ကားဟာ ၂၀၁၀ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး တစ်ကမ္ဘာလုံးဝင်ငွေ ဒေါ်လာတစ်ဘီလျံ
ကျော် ရရှိခဲ့တဲ့ ဒစ္စနေရဲ့ စရိတ်ကြီးကြီး သုံးရိုက်ကူးခဲ့တဲ့ သရီးဒီရုပ်ရှင် Alice in Wonderland ရဲ့
ခြေရာကို အမီလိုက် နိုင်ခဲ့တယ်လို့ ပြောရမှာပါ။

"ဒီဇာတ်ကားကတော့ ရုပ်ရှင်လုပ်ငန်းက လိုအပ်နေတဲ့ အားဆေးတစ်ခွက်ပါပဲ" လို့ ဟောလိ၀ုဒ်ဒေါ့
ကောမ်က ရုပ်ရှင်လုပ်ငန်းဝင်ငွေဆိုင်ရာကျွမ်းကျင်သူ Paul Dergarabedian က ပြောပါတယ်။

"ရုံဝင်ခတွေ ကျဆင်းနေတာ ရက်သတ္တပတ် ခြောက်ပတ်ဆက်တိုက် ဖြစ်နေပါပြီ။ အကျိုးဆက်က
တော ့ကျွန်တော်တို့ရဲ့ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၂ ဒသမ ၅ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
ရုပ်ရှင်ဇာတ်ကား တော်တော်များများ အလုပ်မဖြစ်ပါဘူး။ မအောင်မြင်တဲ့ ဇာတ်ကားတွေ အများ
ကြီးပါ" လို့ သူက ပြောပါတယ်။

ဒုတိယရက်သတ္တပတ်မှာတော့ ဲခေု ဇာတ်ကားဟာ ပထမရက်သတ္တပတ်က ၀င်ငွေထက် ၆၂ ရာခိုင်
နှုန်းကျဆင်းသွား ပြီး ၀င်ငွေဒေါ်လာ ၁၀ သန်းနဲ့ Oz ရဲ့ နောက်ကို ရောက်သွားပါတယ်။ ပြည်ပ က
နေရတဲ့ ၀င်ငွေကလည်း ဒေါ်လာ ၄ ဒသမ ၉ သန်းသာ ရှိပါတယ်။

ဒါရိုက်တာ ဘရိုင်ယန်ဆင်းဂါး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ ရုပ်ပြကာတွန်း Jack and the
Beanstalk ကို အခြေခံ ရိုက်ကူးထားပြီး Nicholas Hoult နဲ့ Ewan McGregor တို့ သရုပ်ဆောင်
ထားပါတယ်။

ဒီတစ်ပတ် ရုံးပိတ်ရက်မှာ နောက်ထပ်ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကတော့ ကောလင်းဖာရယ်လ်နဲ့ 
Noomi Rapace တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့ ဒရာမာကား Dead Man Down ဇာတ်ကားပါ။

ဒီဇာတ်ကားကို နေရာ လေးနေရာမှာ ပြသခဲ့ပြီး ၀င်ငွေဒေါ်လာ ၅ ဒသမ ၃ သန်း ရရှိခဲ့ပါတယ်။
ဟောလိ၀ုဒ်ဒေါ့ကောမ်က ခန့်မှန်းထားတဲ့ အမေရိကန်နဲ့ ကနေဒါက ရုပ်ရှင်ရုံ တွေမှာ သောကြာနေ့
ကနေ တနင်္ဂနွေ နေ့အထိ ရရှိခဲ့တဲ့ ရုံဝင်ခတွေကတော့ Oz the Great and Powerful က
ပြည်တွင်းဝင်ငွေဒေါ်လာ ၈၀ ဒသမ ၃ သန်း (ပြည်ပဝင်ငွေ ၆၉ ဒသမ ၉ သန်း)၊ Jack the Giant
Slayer က ပြည်တွင်း ဒေါ်လာ ၁၀ သန်း (ပြည်ပ ၄ ဒသမ ၉ သန်း)၊ Identity Thief က ဒေါ်လာ
၆ ဒသမ ၃ သန်း၊ Dead Man Down က ၅ ဒသမ ၃ သန်း၊ Snitch က ပြည်တွင်း ၅ ဒသမ ၁
သန်း (ပြည်ပ ၄ ဒသမ ရ သန်း)၊ 21&Over က ငါးသန်း၊ Safe Heaven က ၃ ဒသမ ၈ သန်း၊ 
Silver Linings Playbook က ၃ ဒသမ ရ သန်း ( ပြည်ပ ခြောက်သန်း)၊ Escape from Planet
Earth က ၃ ဒသမ ၂ သန်း နဲ့ The Last Exorcism Part II က ၃ ဒသမ ၁ သန်းတို့ပဲ ဖြစ်ပါ
တယ်။

(foxnews)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး