မတ်လကတော့ ပေါ့ပ်စတား ဂျပ်စတင်ဘီဘာရဲ့ လတစ်လမဖြစ်လာဘူးလို့ပဲ ပြောရတော့မှာပါ။ ပေါ်တူဂီမှာ ကျင်းပမယ့် သူ့ရဲ့ဂီတ ဖျော်ဖြေပွဲတစ်ခုကို ပယ်ဖျက်လိုက်တယ်လို့ ဘီဘာရဲ့ကိုယ်စားလှယ်က E! News ကို အသိပေးပြောကြားခဲ့ပါတယ်။
မတ်လကတော့ ပေါ့ပ်စတား ဂျပ်စတင်ဘီဘာရဲ့ လတစ်လ မဖြစ်လာဘူးလို့ပဲ ပြောရတော့မှာပါ။
ပေါ်တူဂီမှာ ကျင်းပမယ့် သူ့ရဲ့ဂီတ ဖျော်ဖြေပွဲတစ်ခုကို ပယ်ဖျက်လိုက်တယ်လို့ ဘီဘာရဲ့ကိုယ်စား
လှယ်က E! News ကို အသိပေးပြောကြားခဲ့ပါတယ်။
"မထင်မှတ်ထားတဲ့ အခြေအနေတွေ ကြောင့် ဂျပ်စတင်ဘီဘာဟာ မတ်လ ၁၂ ရက်နေ့မှာ ကျင်းပ
မယ့် ပေါ်တူဂီက သူ့ရဲ့ဒုတိယဂီတပွဲကို ဖျက်လိုက်ရပါတယ်" လို့ ပေါ်တူဂီပွဲစီစဉ်ရေးအဖွဲ့
Everything is New က ၀က်ဆိုက်မှာ ရေးတင်ထားပါတယ်။
"ကနေဒါအဆိုတော်ဟာ မတ်လ ၁၁ ရက်နေ့မှာ သူ့ရဲ့ ပေါ်တူဂီပရိသတ်တွေ အတွက် ဖျော်ဖြေပေး
ဖို့ စိတ်အားထက် သန်နေပါတယ်"လို့လည်း ရေးထားပါယ်။
ပွဲစဉ်ဖျက်လိုက်ကြောင်း ကြေညာချက်နဲ့အတူ ဂီတပွဲလက်မှတ်ဝယ်ထားတဲ့သူတွေကို ငွေပြန်အမ်း
မယ့် အစီအစဉ် ကိုလည်း ကြေညာပေးထားပါတယ်။
ဘီဘာရဲ့ ဂီတဖျော်ဖြေပွဲဖျက်လိုက်တဲ့ သတင်းဟာ ဘီဘာရဲ့ လန်ဒန်ဖျော်ဖြေပွဲ နဲ့ပတ်သက်ပြီး
ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတဲ့ ရက်သတ္တပတ်အပြီးမှာ ဆက်တိုက်ထွက်ပေါ်လာတာပဲ ဖြစ်ပါ
တယ်။
Beauty and a Beat သီချင်းပိုင်ရှင် ဘီဘာဟာ စင်ပေါ်မှာ ဖျော်ဖြေရင်းလဲကျသွားတဲ့ည မတိုင်ခင်
ရက်က ဖျော်ဖြေပွဲကို နှစ်နာရီ နောက်ကျပြီးမှ ရောက်လာခဲ့တဲ့အတွက် အပြင်းအထန် ဝေဖန်ခံခဲ့ရ
သလို ပါပါရာဇီတစ်ဦးကိုလည်း ဒေါသတကြီးနဲ့ အော်ဟစ်မောင်း ထုတ်ခဲ့တဲ့အတွက်လည်း ပြစ်တင်
ဝေဖန်ခံနေရပါတယ်။
(eonline)
















