'လူထုပဲ့တင်သံ' အမည်နဲ့ကျင်းပမယ့် မြန်မာ့ရိုးရာမဟာသင်္ကြန် သံချပ်ပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်အဖွဲ့ပေါင်း ၁၇ ဖွဲ့ကို မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
'လူထုပဲ့တင်သံ' အမည်နဲ့ကျင်းပမယ့် မြန်မာ့ရိုးရာမဟာသင်္ကြန် သံချပ်ပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မယ့်
ပြိုင်ပွဲဝင်အဖွဲ့ပေါင်း ၁၇ ဖွဲ့ကို မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီပြိုင်ပွဲကို ှုပ နြအ ရုပ်သံလိုင်းမှ အဓိက ပံ့ပိုးပေးထားတာဖြစ်ပြီး ဒါရိုက်တာမီးပွားနဲ့ ဘိုဘိုအန်တာ
တိန်းမန့်တို့ က တာဝန်ယူဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။
ပြိုင်ပွဲကိုတော့ မတ်လ ၂၅ ရက်ကနေ ၃၀ ရက်နေ့ထိ ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပြီး နောက်ဆုံး
အဆင့်ပြိုင်ပွဲကိုတော့ ဧပြီလ ရ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်တော်ချစ် မင်းသားကြီးဆိုတဲ့ ရေသဘင်အသင်းကနေစလို့ အနုပညာ လောကထဲကို စတင်
၀င်ရောက်လာခဲ့တဲ့ ဦးမေတ္တာကတော့ ဒီလို သံချပ်တွေကို ပြန်တိုင်ခွင့်ရရှိတဲ့အပေါ် အလွန်ဝမ်းသာ
တယ်လို့ ပြောပြီးပြိုင်ပွဲမှာ တိုင်မယ့်သူရဲ့ သံချပ်အကြောင်းကတော့ ခေတ်ကို ထင်ဟပ်မယ့် သံချပ်
တစ်ချို့ ဖြစ်တယ်လို့ ပြောပါတယ်။
"မြန်မာ့ယဉ်ကျေးမှုနဲ့ လိုက်လျောညီ ထွေတာတွေ ရေးထားတယ်။ ပြီးတော့ အကယ်ဒမီမှာ တရုတ်
ကားဟာ ဗမာဇာတ်လမ်းဆင်ပြီး အကယ်ဒမီရသွားတယ်။ မြန်မာ့အနုပညာ ရင်ကျိုးစရာပါဆိုတဲ့
အကြောင်းအရာတွေကို ရေးထားတယ်"လို့ ဦးမေတ္တာက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ဒီပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မယ့်အဖွဲ့ တွေကတော့ ဦးကျော်ကျော်ထွန်း (မဟူရာ)ကလေးစကားရဲ့
'ကျွနု်ပ်တို့သည် စွယ်စုံအင်အားစု'၊ ဦးမင်းရှိန် ရွှေဘိုဟန် တို့ရဲ့ 'အာကျယ်တို့၏ ပြောပါရစေ'၊
ဦးအောင်ကျော်ဦးရဲ့ 'သင်္ကြန်မင်းသားကြီး'၊ ဦးထွန်းအေး၊ ဦးမြင့်သိန်းထွန်းတို့ရဲ့ 'ဆူးကြားမှဘူးခါး'၊
ကိုဇော်လင်းထွန်းရဲ့ 'အွန်လိုင်းလေထန်ကုန်း ၀ိုင်းတော်သား များသံချပ်'၊ မျိုး(မြန်မာစာ)ရဲ့
'ဧည့်သည်' တောင်ငူအတာရေသဘင်၊ ဦးတင်အောင်ရဲ့ 'ရွှေလမ်းမတော် ပဲ့တင်သံ သံချပ်များ'၊
ကိုဧရာရဲ့ 'ပျော်တော်ဆက်တို့ရဲ့ ဟိတ်ဆိုဟိတ်လိုက်'၊ ရဲဘော် ဉာဏ်ဟိန်း (ခ) ငြိမ်းဟန်အောင်
(ပုသိမ်) ရဲ့ 'အရှေ့တောင်ကျောင်းက အဖေ့ အောင်မောင်း'၊ ဗေလုဝရဲ့ 'ထလော့ မြန်မာ'၊
ခန့်မင်းထက်ရဲ့ 'အပြာရဲ့အနီ'၊ ဦးမောင်မောင်မြင့်ရဲ့ 'ပဋိစ္စသမုပ္ပာဒ်'၊ ဦးခင်မောင်ဆွေရဲ့ 'အကယ်ဒမီ
ယဉ်ကျေးမောင်'၊ တန်ခူးဘုရင် ချစ်တင်ရဲ့ 'အနုလုံ ပဋိလုံ'၊ မောင်ဇေယျာလွင်ရဲ့ 'ပိတောက်
စာမျက်နှာသစ်'၊ မောင်မေတ္တာရဲ့ 'ပြည်တော်ချစ်အဖွဲ့'နဲ့ မျိုးမျိုးခိုင်နဲ့ အဖွဲ့ရဲ့ 'ရှင်လိမ်ညာတာတွေ
သိပြီ'တို့ ဖြစ်ပါတယ်။
ပထမဆုအနေနဲ့ ကျပ်သိန်း ၃၀၊ ဒုတိယဆု ကျပ်သိန်း ၂၀ နဲ့ တတိယဆု ကိုတော့ ကျပ် ၁၀ သိန်း
လို့ သတ်မှတ်ထားပါတယ်။















