"ခံနိုင်အားတွေ ကုန်ဆုံးသွားတဲ့ အချိန်မှာ ကဗျာဆိုတာ ဖြစ်ပေါ်လာတယ်" လို့ ကဗျာဆရာ ရစ်ချတ်ရိုဆန် ရေးခဲ့ဖူးပါတယ်။ ဒါဟာ ဆရာဝန် စာရေးဆရာ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်အတွက် မှန်ကန်တဲ့စကား ဖြစ်ခဲ့ပါတယ်။
"ခံနိုင်အားတွေ ကုန်ဆုံးသွားတဲ့ အချိန်မှာ ကဗျာဆိုတာ ဖြစ်ပေါ်လာတယ်" လို့ ကဗျာဆရာ
ရစ်ချတ်ရိုဆန် ရေးခဲ့ဖူးပါတယ်။
ဒါဟာ ဆရာဝန် စာရေးဆရာ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်အတွက် မှန်ကန်တဲ့စကား ဖြစ်ခဲ့ပါတယ်။
နှစ် ၃၀ ကျော်ကြာ လက်တွဲလာတဲ့ ခင်ပွန်းသည် ဆုံးရှုံးရလို့ ဆောက်တည်ရာမရ ပူဆွေးသောက
ရောက်နေရစဉ် အချိန်ကိုက်ဖြစ်ပေါ်လာတဲ့ တစ်ဦးတည်း သောသားကို မတရားပြစ်မှုနဲ့ ခေတ္တ
အကျဉ်းချခံရလို့ ပေါက်ကွဲမတတ် စိတ်အခြေအနေတွေကနေ သူ့ကို ကဗျာဆရာဘဝ ဆိုက်ရောက်
အောင် တွန်းပို့ခဲ့တာပဲ ဖြစ်ပါတယ်။
"ကျွန်မ ကဗျာကို စိတ်ဝင်စားတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ ကဗျာကို ရေးချင်တဲ့စိတ်က ဗီဇ
ထဲက ပါလာတာကို သိပေမယ့် မရေးဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေးလောက်အောင်
အစွမ်းအစမရှိဘူးလို့ ကိုယ့် ကိုယ်ကိုယ် ယုံကြည်ထားလို့ပါ။ ဒီမဝံ့မရဲ စိတ်ကြောင့် ခေါင်းထဲပေါ်လာ
တဲ့ ကာရန်အပိုင်းအစတွေကို မှတ်တမ်း အနေနဲ့ စာရွက်ပေါ် မရောက်ခဲ့ပါဘူး" လို့ မတ်လ ၁၂ ရက်
နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သူ့ရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ ကဗျာပေါင်းစုစာအုပ်
"Poetry For Me" မိတ်ဆက်ပွဲမှာ ပြောပြခဲ့ပါတယ်။
မန္တလေး ဆေးတက္ကသိုလ်ဆေးပညာဌာနမှ ပါမောက္ခအဖြစ် ၁၉၈၅ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပြီး အဲဒီ
နှစ်မှာပဲ ခင်ပွန်းဆုံးရှုံးရလို့ ရလာတဲ့ ပူဆွေးသောကကို အလုပ်ထဲ စိတ်နှစ်ရင်း ကုစားဖို့ ဆုံးဖြတ်ခဲ့ပြီး
နောက်ပိုင်း ကဗျာရေးချင်စိတ် ပြင်းပြင်းပြပြ ပေါ်လာတာကြောင့် ပထမဆုံး စာရွက်ပေါ်တင်ရေးဖြစ်
သွားတယ်လို့ ဒေါက်တာ မြင့်မြင့်ခင်က ဆိုပါတယ်။
"ကျွန်မ တစ်ခါက Educational Psychology (ပညာရေးဆိုင်ရာ စိတ်ပညာ) သင်တန်းတစ်ခု
တက်စဉ်မှာ စိစစ်မှုခံရပါတယ်။ ပေါ်လာတဲ့ အဖြေ တွေက ကျွန်မဟာ စိတ်နုသူ၊ အလွန်ထိခိုက်
ခံစားလွယ်သူလို့ ထွက်ပါတယ်။ ကျွန်မတပည့်တွေကို ကျွန်မဟာ အလွန်ပဲ စိတ်နုသူ၊ စိတ်ထိခိုက်
လွယ်သူလို့ ပြောရင် ယုံမှာမဟုတ်ပါဘူး" လို့ ဒေါက်တာ မြင့်မြင့်ခင်က ပြောပါတယ်။
"တကယ်တော့ ကျွန်မရဲ့ တကယ့်အတွင်းစိတ်က စိတ်နုပြီး စိတ်လှုပ်ရှား ထိခိုက်လွယ်ပါတယ်။
ကျွန်မ လျှောက်လာခဲ့တဲ့ ဘဝလမ်းကြောင်းက ပန်းခင်းတဲ့လမ်းတော့ လုံးဝမဟုတ်ပါဘူး။ အထူး
သဖြင့် စစ်အတွင်းနဲ့ စစ်ပြီးကာလမှာ ကြုံဆုံခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြံု တွေ၊ အခက်အခဲတွေက
တကယ်ပဲ ကြောက်စရာကောင်းပါတယ်။ ကျွန်မ ထင်ပါတယ်။ ကျွန်မရဲ့ ပင်ကိုစရိုက်က အဲဒီအချိန်
မှာ ခက်ထန်မာကြောတဲ့ အဖြစ်ကို ပြောင်းလဲမသွားခဲ့ရင် ကျွန်မဟာ ရပ်တည်နိုင်ဖို့ မရှိပါဘူး" လို့
သူက ပြောပါတယ်။
ခင်ပွန်းကွယ်လွန်ပြီး ပြင်းထန်တဲ့ ပူဆွေးသောက ရောက်ရချိန်မှာ သူမစိတ် နဲ့ နှလုံးသားထဲမှာ ဖုံး
ကွယ်နေတဲ့ စိတ်နု နယ်ခြင်း၊ ထိခိုက်ခံစားလွယ်ခြင်းတွေဟာ ကဗျာအဖြစ်နဲ့ ပေါ်လာတယ်လို့ သူက
ဆိုပါတယ်။
ကဗျာတွေကို မက်မောခဲ့တဲ့ သူဟာ တက္ကသိုလ်ပထမဘွဲ့အတွက် အင်္ဂလိပ်ဘာသာစကားနှင့်
စာပေကို လေ့လာချိန်မှာmetaphysical ကဗျာဆရာ ဂျွန်ဒွန်းရဲ့ ကဗျာတွေကို စွဲမက်ခဲ့တယ်လို့
ပြောပါတယ်။
"ကျွန်မ ထင်ခဲ့တာက ကျွန်မကသာ ကိုလိုနီပညာရေးစနစ်ကို ရင်းနှီးခဲ့ရတဲ့ လူမို့လို့၊ အင်္ဂလိပ်စာကို
ရင်းနှီးခဲ့ရတဲ့ သူမို့လို့ ဒီကဗျာတွေကို စွဲမက်နေတာ။ ကျွန်မလိုတော့ အင်္ဂလိပ်ကဗျာကို စွဲမက်တဲ့သူ
သိပ်မရှိခဲ့ဘူးလို့ ကျွန်မထင်ခဲ့တယ်။ ကျွန်မသားသမီးအရွယ်လေးတွေထဲက တစ်ယောက်က ကဗျာ
ဆရာ Robert Browning ကို ဘယ်လိုသဘောကျသလဲဆိုတာ၊ နောက်တစ်ယောက်က William
Wordsworth ရဲ့ ကဗျာတွေ ကို သဘောကျတဲ့အကြောင်းတွေပြောတော့ ကျွန်မ အံ့ဩရတယ်"
လို့ သူက ပြောပါတယ်။
"အဲဒီအံ့ဩမှုကနေ ပြီးတော့ပဲ ဒီစာအုပ်ကို ရေးဖြစ်ဖို့ တွန်းအားဖြစ်သွားပါတယ်။ ကျွန်မသာ ကဗျာ
တွေ ရေးရင် ဒါကို သဘောကျ အသိအမှတ်ပြုမယ့်သူတွေ ရှိဦးမှာပဲဆိုပြီး ရေးမိပါတယ်။ တကယ်
တော့ ကဗျာဟာ ကဗျာချစ်တဲ့သူ တွေအတွက် နယ်ခြား၊ စည်းခြား မရှိပါဘူး" လို့ သူကပြောခဲ့ပါ
တယ်။
















