ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မယ့် 'အနဂ္ဃရောင်စဉ်' မြန်မာနိုင်ငံ မသန်စွမ်းသူများအနုပညာ ပွဲတော်အတွက် မသန်စွမ်းသူတွေကို ကိုယ်စားပြုတဲ့ အနုပညာဆိုင်ရာ သံတမန်ခန့်အပ်ပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ မတ်လ ၁၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မယ့် 'အနဂ္ဃရောင်စဉ်' မြန်မာနိုင်ငံ မသန်စွမ်းသူများအနုပညာ
ပွဲတော်အတွက် မသန်စွမ်းသူတွေကို ကိုယ်စားပြုတဲ့ အနုပညာဆိုင်ရာ သံတမန်ခန့်အပ်ပွဲကို
ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ မတ်လ ၁၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
သံတမန်တွေအဖြစ် တေးသံရှင် ဇော်ဝင်းထွဋ်နဲ့ ချစ်သုဝေတို့ကို ရွေးချယ်ခဲ့ပြီး သံတမန်တွေကို
အများဆန္ဒနဲ့ အဆင့်ဆင့် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများလုပ်ငန်း
ကော်မတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးမိုးဇင်က ပြောပြခဲ့ပါတယ်။
"မသန်စွမ်းသူတွေ ပြောချင်တာတွေ ပြောပေးနိုင်မယ့်သူတွေအဖြစ် အားလုံးအတွက် ကိုယ်စားပြု
ပေးနိုင်မယ်ထင်တဲ့အတွက် အဆင့်ဆင့်ရွေးခဲ့ပြီး နောက်ဆုံးငါးယောက် ကျန်တဲ့အခါမှာတော့
အားလုံးက မဲပေးတဲ့စနစ်နဲ့ ရွေးချယ်ခဲ့တာပါ" လို့ သူက မြန်မာတိုင်း(မ်) ကို ပြောပါတယ်။
"ကမ္ဘာပေါ်မှာ မသန်စွမ်းအနုပညာရှင်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း
အစွမ်းအစရှိတဲ့ အနုပညာရှင်တွေ အများကြီးပါ။ လူတစ်ဦးချင်းစီရဲ့ စွမ်းအားတွေက ပြင်ပက မြင်နေ
ရတဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းတွေက လာတာမဟုတ်ပါဘူး။ စိတ်စွမ်းအားတွေက လာတာပါ။
ဒါကြောင့် ဒီအနုပညာပွဲတော်မှာ မသန်စွမ်းအနုပညာရှင်တွေ အများကြီး ပေါ်ထွက်လာနိုင်အောင်
အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်" လို့ အနုပညာသံတမန်အဖြစ် ရွေးချယ်ခံရသူ
တေးသံရှင် ဇော်ဝင်းထွဋ်က ပြောပါတယ်။
'အနဂ္ဃရောင်စဉ်' မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို အောက်တိုဘာလမှာ သုံးရက်
ကြာ ဈေးရောင်းပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီအနုပညာပွဲတော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက
အဓိက ပ့ံပိုးပေးတာဖြစ်ပြီး မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့အားလုံးက ဦးဆောင်ကာ မသန်စွမ်း
သူတွေရဲ့ အနုပညာအရည်အချင်းတွေ ပိုအောင်မြင်ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါ
တယ်။
















