မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်မှာ အသုံးပြုဖို့ ပွဲတော် တေးသီချင်းပြိုင်ပွဲဝင်များနဲ့ မသန်စွမ်း အနုပညာဝါသနာရှင်များကို ဖိတ်ခေါ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများလုပ်ငန်းကော်မတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးမိုးဇင်က ပြောပါတယ်။
မြန်မာနိုင်ငံ မသန်စွမ်းသူများ အနုပညာပွဲတော်မှာ အသုံးပြုဖို့ ပွဲတော် တေးသီချင်းပြိုင်ပွဲဝင်များနဲ့
မသန်စွမ်း အနုပညာဝါသနာရှင်များကို ဖိတ်ခေါ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ
လုပ်ငန်းကော်မတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးမိုးဇင်က ပြောပါတယ်။
နယ်ကလာတဲ့ ပြိုင်ပွဲဝင်တွေအတွက် သွားလာရေးအဆင်ပြေအောင် စီစဉ်ပေးထားမှာ ဖြစ်တယ်လို့
လည်းဆိုပါတယ်။
မသန်စွမ်းသူများ အနုပညာရွေးချယ်ပွဲကို မြန်မာနိုင်ငံသား မသန်စွမ်းသူ မည်သူမဆို ပါ၀င်နိုင်ပြီး
အနုပညာတစ်မျိုးကနေ တစ်မျိုးထက်ပိုပြီး ပါ၀င် နိုင်တယ်လို့ သိရပါတယ်။
"ပေးပို့တဲ့ လက်ရာတွေထဲက အဆင့်ဆင့် ရွေးချယ်ပြီးသွားရင် ဖျော်ဖြေဖို့အတွက် ရွေးချယ်မယ်၊
ပညာရှင်အဆင့် ရှိနေတယ်ဆိုရင်လည်း ကျွန်တော်တို့က ပိုပြီးထူးချွန်လာအောင် လေ့ကျင့်ပေးဦး
မယ်" လို့ ဦးမိုးဇင် ကပြောပြခဲ့ပါတယ်။
မသန်စွမ်းသူများ ပါ၀င်နိုင်မယ့် အနုပညာအမျိုးအစားများကတော့ ပန်းချီ၊ ကာတွန်း၊ အဆို၊ အက၊
ကဗျာ၊ အတီး၊ ပြဇာတ်တို၊ ၀တ္ထုတို၊ ရောင်စုံဓာတ်ပုံ၊ သတင်းမှတ်တမ်း၊ အငြိမ့်၊ ရုပ်သေး၊ ပန်းပုနဲ့
ပုံတူရုပ်ပြောင်စတဲ့ အနုပညာရပ်များကို မိမိကိုယ်တိုင် ဖန်တီးပြီး လျှောက်လွှာများကိုတော့ မတ်လ
၂၉ နောက်ဆုံးထားပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။
ပွဲတော်တေးသီချင်းအတွက်ကိုတော့ ဘယ်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ခေါင်းစဉ်ကိုတော့
'အနဂ္ဃရောင်စဉ်' လို့ နာမည်ပေးထားပါတယ်။
ပြိုင်ပွဲဝင် သီချင်းတွေဟာ မသန်စွမ်းသူအမျိုးမျိုးရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဖော်ကျူးတဲ့ စာသားဖြစ်
ရမှာဖြစ်ပြီး သီချင်းသံစဉ်နဲ့ စာသားအားလုံးဟာ တခြားပြိုင်ပွဲတွေကို ပေးပို့ထားပြီးသား မဟုတ်ရဘဲ
ကိုယ်ပိုင် ဖန်တီးမှုများ ဖြစ်ရပါမယ်။
အကြမ်း တီးခတ်ထားတဲ့ စီဒီနဲ့အတူ သီချင်းစာသားများကိုလည်း အေဖိုးစာရွက်နဲ့ ပူးတွဲ ပေးပို့ရပါ
မယ်။
ပါ၀င်ယှဉ်ပြိုင်လိုသူတွေဟာ အမည်၊ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာအပြည့် အစုံနဲ့ ဆက်သွယ်ရ
မယ့် ဖုန်းနံပါတ်တို့ကိုပါ ဖော်ပြပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ တေးသီချင်းဖြစ်ကြောင်း ၀န်ခံချက်နဲ့
အတူ မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်ကျင်းပရေးရုံးအဖွဲ့ အမှတ် ၁၆(ဘီ)၊ သာယာ
အေးလမ်း၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့ (သို့မဟုတ်) [email protected] ကို
မတ်လ ၂၉ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။















