အချစ်သီချင်းအေးအေးလေးတွေ ပါ၀င်တဲ့ ဂျပ်စတင်တင်းဘားလိတ်ရဲ့ အယ်လ်ဘမ်သစ်ဖြန့်ချိ

အချစ်သီချင်းအေးအေးလေးတွေ ပါ၀င်တဲ့ ဂျပ်စတင်တင်းဘားလိတ်ရဲ့ အယ်လ်ဘမ်သစ်ဖြန့်ချိ

ကလေးသရုပ်ဆောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ယောကျ်ားလေးတီးဝိုင်းအဖွဲ့သား တစ်ဦးအဖြစ်ကနေ နာမည်ကြီးရုပ်ရှင် သရုပ်ဆောင်တစ်ဦးအဖြစ် အဆင့်ဆင့် ကူးပြောင်းခဲ့တဲ့ ဂျပ်စတင် တင်းဘားလိတ်ဟာ အောင်မြင်မှုရပြီးသား သူ့ရဲ့ အနေအထားကို အိမ်ထောင်ပြုပြီးတဲ့ နောက်ထွက်ပေါ်လာတဲ့ သီချင်းခွေ တစ်ခွေနဲ့ အားဖြည့်ပြီး ...

ကလေးသရုပ်ဆောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ယောကျ်ားလေးတီးဝိုင်းအဖွဲ့သား တစ်ဦးအဖြစ်ကနေ
နာမည်ကြီးရုပ်ရှင် သရုပ်ဆောင်တစ်ဦးအဖြစ် အဆင့်ဆင့် ကူးပြောင်းခဲ့တဲ့ ဂျပ်စတင် တင်းဘား
လိတ်ဟာ အောင်မြင်မှုရပြီးသား သူ့ရဲ့ အနေအထားကို အိမ်ထောင်ပြုပြီးတဲ့ နောက်ထွက်ပေါ်လာ
တဲ့ သီချင်းခွေ တစ်ခွေနဲ့ အားဖြည့်ပြီး ၂၀၀၆ ခုနှစ် နောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် အဖြစ် ဂီတ
ဘက်ကို ပြန်လှည့်လာပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ တင်းဘားလိတ်ဟာ The 20/20 Experience ဆိုတဲ့ သီချင်းအယ်လ်
ဘမ်သစ်ကို မတ် လ ၁၂ ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။

ဒါပေမဲ့ R&B သီချင်းကို ပြန်ဆန်းသစ်ထားတဲ့ သီချင်းတစ်ပုဒ်အပါအဝင် အချစ်သီချင်း အေးအေး
လေး ၁၀ ပုဒ် ပါ၀င်တဲ့ ဒီအယ်လ်ဘမ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက iTune စာရင်းမှာ
နံပါတ် တစ်နေရာ ရထားပါတယ်။

ဒီအယ်လ်ဘမ်သစ်ဟာ သူ့ရဲ့ နာမည်ကြီး ပေါ့ပ်ဆင်ဂဲလ်သီချင်းတွေ ဖြစ်တဲ့ Sexyback နဲ့ What
Goes Around ...Comes Around တို့ပါတဲ့ Future Sex/ Love Sound ထွက်ပြီးတဲ့
နောက်ပိုင်း အခုမှပထမဦးဆုံးအကြိမ် ထွက်လာတာပါ။

ရက်ပါဂျေးဇီ featuring လိုက်ပေးထားတဲ့ Suit & Tie ဆင်ဂဲလ်သီချင်း ကတော့ ဇန်နဝါရီလမှာ
စတင်ဖြန့်ချိခဲ့ပြီး ပထမရက်သတ္တပတ်အတွင်းမှာ မှန်းထားသလောက် မရောင်းခဲ့ရပေမယ့်
ဒီအယ်လ်ဘမ်သစ်ကတော့ ဂရမ်မီပွဲက ဖျော်ဖြေတင်ဆက်မှုနဲ့ ဂျပ်စတင် ပါ၀င်ပေးထားတဲ့ 
Saturday Night Live တီဗီရှိုးအပါအဝင် ပရိုမိုးရှင်းပွဲတွေ ကြောင့် ရောင်းအားကောင်းလိမ့်မယ်လို့
ခန့်မှန်းထားကြပါတယ်။

The 20/20 Experience အယ်လ်ဘမ်သစ်ဟာ ဖြန့်ချိပြီး ပထမရက် သတ္တပတ်အတွင်းမှာ
ချပ်ရေ ၅၀၀,၀၀၀ လောက် ရောင်းရလိမ့်မယ်လို့ Billboard က ခန့်မှန်းထားပြီး ဘီလ်ဘုတ်မှာ
နံပါတ် 'တစ်'နေရာ အလွယ်တကူ ရသွားစေနိုင် မယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒီအယ်လ်ဘမ်က သီချင်းအများစုဟာ သူစွဲလမ်းရတဲ့ မိန်းကလေးတစ်ဦး အကြောင်းကို ဖွဲ့ဆိုထား
တဲ့ Pusher Girl Love လို နရီစည်းအနှေးနဲ့ စည်းချက်ကျကျ တီးခတ်ပေးထားတဲ့ နွေရာသီ
အချစ်သီချင်း အေးအေးလေးတွေပဲ ဖြစ်ပါတယ်။

ဘီလ်ဘုတ်မဂ္ဂဇင်းက Jason Lipshutz က ဒီအလ်ဘမ်သစ်ကို အယ်လ်ဘမ်အချပ် ၁၀၀ မှာ
၈၈ အဆင့်ကို ပေးထားပြီး ဒီအယ်လ်ဘမ်သစ်ဟာ သူ့ရဲ့ အရင်အခွေ Future Sex ပုံစံမျိုး ပုံစံတူ
မဟုတ်သလို နားလည်ရလွယ် ပေမယ့် ပိုပြီးရှုပ်ထွေးတဲ့အရာတွေ ပေးထားတယ်လို့ ပြောပါတယ်။

ရိုးလင်းစတုန်းမဂ္ဂဇင်းရဲ့ ဂျိုဒီရိုစင်က တင်းဘားလိတ်ကို "ဩဇာတိက္ကမရှိပြီး ဆွဲဆောင်နိုင်စွမ်းရှိတဲ့
အဆိုတော်၊ အကသမားနဲ့ သရုပ်ဆောင်တစ်ဦး" လို့ ချီးမွမ်းထားပြီး ဒီအယ်လ်ဘမ်သစ်ကိုလည်း
'တင်းဘားလိတ်ရဲ့ ခံစားချက်အသစ်နဲ့ ဖွဲ့ဆိုထားတဲ့ သီချင်းခွေ'လို့လည်း ညွှန်းထားပါသေးတယ်။

Don't Hold The Wall သီချင်းဟာ တင်းဘားလိတ်ရဲ့ Sexyback သီချင်းထွက်ခဲ့တုန်းကအချိန်
တွေကိုပြန်ပြောင်း အမှတ်ရစေပေမယ့် ဒီအယ်လ်ဘမ်သစ်မှာတော့ တင်းဘားလိတ်ရဲ့ စိတ်ထဲမှာ
ဇနီးသည်ဂျက်ဆီကာဘိုင်ယယ်လ်က ရှေ့ဆုံးက ရှိနေတာကို တွေ့ရပါတယ်။

That Girl  ဆိုတဲ့ သီချင်းကတော့ R&B အချစ်သီချင်းကို ပြန်လည်ဆန်းသစ်ထားတဲ့ အချစ်သီချင်း
ချိုချိုလေးပါ။ Mirrors ကတော့ သူ့ဇနီးအတွက် စပ်ထားတဲ့ ကဗျာသီချင်းလေးပါပဲ။

Los Angeles Times က သီချင်း တွေကို ဝေဖန်တင်ပြလေ့ရှိတဲ့ Mikael Wood က တင်းဘား
လိတ်ရဲ့ အယ်လ်ဘမ်သစ်ကို အမှတ်လေးမှတ်မှာ သုံးမှတ် ပေးထားပြီး "တင်းဘားလိတ်ဟာ သူ့ရဲ့
အယ်လ်ဘမ်ကို အချစ်သီချင်းတွေနဲ့လည်း ထိန်းထားတယ်" လို့ သုံးသပ်ပြထားပါတယ်။

ဗြိတိန်ဂါးဒီးယန်းသတင်းစာမှာတော့ ဝေဖန်သူ Alexis Petridis က ဒီအယ်လ် ဘမ်သစ်ကို
အမှတ်ငါးမှတ်မှာ သုံးမှတ်ပဲ ပေးထားပြီး သီချင်းစာသားတွေကို "အရမ်းကို ဆိုးလွန်းတယ်"လို့
အပြင်း အထန် ဝေဖန်ထားပါတယ်။

(ရိုက်တာ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး