လက်မခံံနိုင်စရာ ကိစ္စမျိုးဆိုရင် မသိချင်ယောင်ဆောင်မနေတတ်တဲ့ ပေါ့ပ်စတား မက်ဒေါနားဟာ မတ်လ ၁၆ ရက် နေ့မှာ ကျင်းပတဲ့ GLAAD ဆုပေးပွဲကို ကင်းထောက်လူငယ်အမျိုးသားဝတ်စုံနဲ့ တက်လာခဲ့ပြီး ကင်းထောက်အဖွဲ့ရဲ့ စည်းမျဉ်းတချို့နဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။
လက်မခံံနိုင်စရာ ကိစ္စမျိုးဆိုရင် မသိချင်ယောင်ဆောင်မနေတတ်တဲ့ ပေါ့ပ်စတား မက်ဒေါနားဟာ
မတ်လ ၁၆ ရက် နေ့မှာ ကျင်းပတဲ့ GLAAD ဆုပေးပွဲကို ကင်းထောက်လူငယ်အမျိုးသားဝတ်စုံနဲ့
တက်လာခဲ့ပြီး ကင်းထောက်အဖွဲ့ရဲ့ စည်းမျဉ်းတချို့နဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပါတယ်။
GLAAD Media Award ရရှိသွားတဲ့ အင်န်ဒါဆန်ကူးပါးကို ဆုချီးမြှင့်ပေးခဲ့တဲ့ မက်ဒေါနားဟာ
ကင်းထောက် လူငယ်အဖွဲ့ အမျိုးသားဝတ်စုံကို ခေါင်းကနေ ခြေဖျားအဆုံး အပြည့်အစုံ ၀တ်ထား
တာပါ။
"သူများလည်း ကင်းထောက် ဖြစ်ချင်တယ်။ ဒါပေမဲ့ သူတို့ သူများကို ကင်းထောက်အဖွဲ့ထဲ
ပေးမဝင်ကြဘူး" လို့ မက်ဒေါနားက ရယ်စရာအဖြစ် ပြောကြားခဲ့ပါတယ်။
"ဒီလိုလုပ်တာတော့ မကောင်းဘူးလို့ ထင်တယ်။ သူများက မီးလည်းမွှေးတတ်တယ်။ ရွက်ဖျင်တဲ
လည်း ထိုးတတ်တယ်။ မြေပုံအညွှန်းတွေကိုလည်းကောင်းကောင်း နားလည်တယ်။ ပြီးတော့
သစ်ပင်ပေါ် က ပြန်မဆင်းတတ်တော့တဲ့ ကြောင်ကိုလည်း ကယ်ပေးနိုင်တယ်။ သူများလည်း ရပ်ရွာ
ကောင်းကျိုးတွေမှာပါချင်တယ်"တဲ့။
အသက် ၅၂ အရွယ် ပေါ့ပ်ဘုရင်မကြီးက ဆုပေးပွဲကို အသုံးချပြီး အမေရိကန်မှာ မိန်းမလျာတွေကို
ကင်းထောက်လူငယ်အဖွဲ့ထဲဝင်ခွင့် မပေးတာကို ဆန့်ကျင်ကြောင်း ဆုပေးပွဲအခမ်းအနား စင်မြင့်
ထက်ကနေ ပြောခဲ့တာပါ။
"သူများကိုလည်း ကင်းထောက်လူငယ်အဖြစ် ပါ၀င်ဖို့ ခွင့်ပြုပေးသင့်တယ်လို့ထင်တယ်။ ပြီးတော့
ဒီအသုံးမကျတဲ့ စည်းမျဉ်းကြီးကို သူတို့ ပြောင်းသင့် တယ်လို့ထင်တယ်" လို့ မက်ဒေါနားက ပြော
ကြားခဲ့ပါတယ်။
မက်ဒေါနားဟာ ဒီဆုပေးပွဲမှာ ကျောင်းမှာ ကလေးအချင်းချင်း အနိုင်ကျင့်ကြတဲ့ ကိစ္စအပါအဝင်
တခြားကိစ္စ တွေနဲ့လည်းပတ်သက်ပြီး သူ့ရဲ့အမြင်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးနဲ့ စာနာစိတ်အတွက် ၁၀ မိနစ် နီးပါးလောက်ကို စင်မြင့်ထက်ကနေ ပြောကြားခဲ့ပါ
တယ်။
"ဒီလိုခွဲခြားမှုမျိုးကို နောက်ထပ် မရှိစေချင်ပါဘူး။ ဒါကြောင့် တော်လှန်ရေး တစ်ရပ်ကို ကျွန်မ စတင်
ချင်ခဲ့တာပါ။ ရှင်တို့ ကျွန်မနဲ့အတူ ၀င်နွှဲကြမလား။ အားလုံးက ၂၀၁၃ ခုနှစ်မှာ ရှိနေကြတဲ့သူတွေပါ။
ဒါက မိန့်ခွန်းခြွေတာ မဟုတ်ပါဘူး။ မေးကြည့်တာပါ" လို့ ပေါပ့်ဘုရင်မက ပြောခဲ့ပါတယ်။
(နယူးယောက် ဒေးလီးနယူးစ်)
















