မြန်မာနိုင်ငံ ဓာတ်ပုံအသင်းရဲ့ (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည် ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ ဓာတ်ပုံအသင်းရဲ့ (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ပတ်လည် ဓာတ်ပုံပြပွဲ
ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ စင်ထရယ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံဓာတ်ပုံအသင်းရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဓာတ်ပုံပြိုင်ပွဲများနဲ့အတူ
နှစ်ပတ်လည် ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲတွေကဆုရ ဓာတ်ပုံတွေကို အများပြည်သူများ ကြည့်ရှုနိုင်ဖို့
ခင်းကျင်းပြသခဲ့ပါတယ်။
"ခေတ်ပညာတွေ ဘယ်လိုပဲတိုးတက်ပါစေ၊ အနုပညာမပါတဲ့ ဓာတ်ပုံတစ်ပုံဟာ ခံစားမှုမဲ့တဲ့ ကဗျာ
တစ်ပုဒ် ဖတ်နေရသလို ဇာတ်လမ်ရိုးအီပြီး မထူးခြားတဲ့ ၀တ္ထုတစ်ပုဒ်ကို ဖတ်နေရသလိုပဲ ဖြစ်နေမှာ
ပါ။ အဲဒါကြောင့် ခံစားမှုရသပါတဲ့၊ အနုပညာမြောက်တဲ့ ဓာတ်ပုံတွေဖြစ်အောင် ကျွန်တော်တို့
ဆက်လက်ကြိုးပမ်းသွားရမှာဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးတင်မြင့်
(စစ်ငြိမ်းပန်း)က အမှာစကား ပြောကြားခဲ့ပါတယ်။
ဒီပြပွဲကိုတော့ မြန်မာနိုင်ငံဓာတ်ပုံအသင်းမှ ဦးစီးကျင်းပတာ ဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်က မြန်မာနိုင်ငံ
ဓာတ်ပုံ အသင်းကို စတင်တည်ထောင်ပေးခဲ့တဲ့ ဗြိတိသျှကောင်စီက အဓိကပံ့ပိုးကူညီ ပေးခဲ့တာဖြစ်
ပါတယ်။
"ကျွန်တော်တို့ ဗြိတိသျှကောင်စီ အနေနဲ့ မြန်မာအသင်းအဖွဲ့များထဲမှာ အရှည်ကြာဆုံး ဆက်ဆံမှု
ရှိခဲ့တဲ့ အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံဓာတ်ပုံ အသင်းရဲ့လှုပ်ရှားမှုမှာ ပူးပေါင်းပါ၀င်ရတာ ၀မ်းသာ
ပါတယ်" လို့ ဗြိတိသျှ ကောင်စီမှ ဒါရိုက်တာ Mr. Kevin Makhenzie က ပြောပါတယ်။
"မြန်မာနိုင်ငံက ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒါကြောင့် အခုဆိုရင်
ပြည်ပနိုင်ငံတွေက ဓာတ်ပုံသမားတွေလည်း အများကြီး လာရောက် ရိုက်ကူးချင်ကြတာကို တွေ့ရ
တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဗြိတိသျှ ကောင်စီအနေနဲ့တော့ ပြည်တွင်းက ဓာတ်ပုံပညာရှင်တွေကို
ထောက်ပံ့ပေးဖို့ ပိုပြီးစိတ်ဝင်စားတယ်။ ဒီနေ့ပြပွဲမှာ ဆုရ ဓာတ်ပုံတွေကလည်း အရမ်းကောင်းတဲ့
လက်ရာတွေ ဖြစ်နေတာ တွေ့ရပါတယ်" လို့လည်း သူက ပြောပါတယ်။
ပြပွဲမှာပြသထားတဲ့ ဓာတ်ပုံများကို နှစ်သက်အားရမိတယ်လို့ ပြပွဲကြည့် ပရိသတ်တစ်ဦးဖြစ်တဲ့
ဦးအောင်သူရ က ပြောပါတယ်။
"တချို့ပုံတွေဆိုရင် ကိုယ်မတွေးထား တဲ့ ရှုထောင့်တွေကနေ တွေ့ရတော့ အရမ်းကြိုက်တယ်။
အိုင်ဒီယာပိုင်းလည်း အရင်နှစ်တွေထက် ပိုပြီးကောင်းလာ တယ်လို့မြင်တယ်" လို့ ပြပွဲအပေါ် သူ့ရဲ့
အမြင်ကိုမြန်မာတိုင်း(မ်)ကိုပြောပါတယ်။
ဒီပွဲမှာ ၂၀၁၃ ဖေဖော်ဝါရီလက ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ
ဖိတ်ခေါ်ဓာတ်ပုံ ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ဖန်တီးမှုရသပါတဲ့ ဓာတ်ပုံတွေ၊ နယ်မြေဒေသရဲ့ ထူးခြားတဲ့
ရှုခင်းတွေ၊ လူနေမှုဘဝတွေကို ဖော်ပြတဲ့ ဓာတ်ပုံတွေကို ပြသခဲ့တဲ့အပြင် ဓာတ်ပုံပညာနဲ့ပတ်သက်
တဲ့ ဆွေးနွေးပွဲတွေကိုလည်း မတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့ အထိ စင်ထရယ်ဟိုတယ်မှာ ပြုလုပ်
ကျင်းပခဲ့ပါတယ်။
၂၀၁၂ ခုနှစ်အတွက် ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲရဲ့ ကာလာဓာတ်ပုံကဏ္ဍမှာ ပထမဆုနဲ့ နှစ်သိမ့်ဆု၊
အဖြူ အမည်းကဏ္ဍမှာ ဒုတိယဆုနဲ့ နှစ်သိမ့်ဆု၊ လူပုံကဏ္ဍမှာ တတိယဆုတွေကို ဆွတ်ခူးခဲ့တဲ့
ကိုဇော်မင်းကတော့ ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ဓာတ်ပုံပညာရှင်ဆုကို အပ်နှင်းခံခဲ့ရပါ
တယ်။
ပုံတိုင်းကိုတော့ ကြိုးကြိုးစားစား၊ ခဲရာခဲဆစ် ရိုက်ခဲ့တာဖြစ်ပေမယ့်သူ ဆုရရှိခဲ့တဲ့ ဓာတ်ပုံတွေထဲက
ကာလာ pictorial ကဏ္ဍမှာ ပထမဆုရရှိခဲ့တဲ့ မေမြို့၊ ရေပျံတောင်ရဲ့လျှိုထဲမှာ ရိုက် ဖြစ်ခဲ့တဲ့
ဓာတ်ပုံကိုတော့ အားအရဆုံးလို့ ပြောပါတယ်။
"ဒီပထမဆုရတဲ့ ပုံကတော့ တော်တော်လေး အပင်ပန်းခံပြီး ရိုက်ခဲ့ရတာပါ။ မေမြို့၊ ရေပျံတောင်ရဲ့
လျှိုထဲဆင်းသွားရတာပေါ့။ ရေတံခွန်က ငါးခု လောက်ရှိပြီး တော်တော်လည်း မတ်တယ်။ ချောက်
ကလည်း နက်တယ်။ အဲဒီအထဲကို ခဲရာခဲဆစ် ဆင်းခဲ့ရတာပါ။ လူအရောက်အပေါက်လည်း
သိပ်မရှိဘူးလို့ သိရတယ်" လို့ သူ့ရဲ့ အားအရဆုံး ဓာတ်ပုံလည်းဖြစ်၊ ပထမဆုလည်း ချိတ်ခဲ့တဲ့
ဓာတ်ပုံကို ကြိုးစားရိုက်ခဲ့တဲ့ အကြောင်း ပြောပါတယ်။
"အဲဒီလို အရဲစွန့်သွားပြီးတော့ ကိုယ်ထင်သလို မဖြစ်လာတာတွေလည်း အများကြီး ကြံုတွေ့ခဲ့ရ
တယ်" လို့ လည်း ပုံကောင်းတစ်ပုံရဖို့ ပေးဆပ်ရတဲ့ အခက်အခဲတွေကို ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံး ဓာတ်ပုံပြိုင်ပွဲမှာ ဆုငါးဆုအပြင် အကောင်းဆုံးဓာတ်ပုံ ပညာရှင်ဆုကို ဆွတ်ခူး
ခဲ့တဲ့အပေါ် သူ့ရဲ့ပီတိခံစားချက်ကိုလည်း ပြောပြခဲ့ပါတယ်။
"ဒါကတော့ ကျွန်တော်တို့ ဓာတ်ပုံသမားတိုင်းက အရမ်းလိုချင်တဲ့ ဆုတစ်ဆုဆိုတော့ ဒီဆုကိုရတာ
အရမ်းဝမ်းသာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တာ ဖြစ်ပေမယ့်
ဒီဆုရဖို့ ကျွန်တော် မမျှော်လင့်ရဲခဲ့ဘူး" လို့ ဆိုပါတယ်။
















