"တော်လှန်ရေးကာလကဆို ကျောပိုးအိတ်ထဲမှာ ရိက္ခာဆိုလို့ ငါးခြောက် တစ်ချပ်တည်းရယ်။ စစ်ကြီးက ဘယ်တော့ပြီးမယ် မသိတော့ ရိက္ခာကို မစားရက်ဘူး။ ရွာသားတွေ စာနာအောင်နေပြရတယ်။ ဒါမှ သူတို့က ကျွေးမွေးတာကိုး" လို့ ပန်းချီဆရာ စစ်ပြန်ကြီး ဦးစန်းလှိုင်က ပြောပါတယ်။
"တော်လှန်ရေးကာလကဆို ကျောပိုးအိတ်ထဲမှာ ရိက္ခာဆိုလို့ ငါးခြောက် တစ်ချပ်တည်းရယ်။
စစ်ကြီးက ဘယ်တော့ပြီးမယ် မသိတော့ ရိက္ခာကို မစားရက်ဘူး။ ရွာသားတွေ စာနာအောင် နေပြ
ရတယ်။ ဒါမှ သူတို့က ကျွေးမွေးတာကိုး" လို့ ပန်းချီဆရာ စစ်ပြန်ကြီး ဦးစန်းလှိုင်က ပြောပါတယ်။
ဗမာ့ကာကွယ်ရေးတပ်မတော်ရဲ့ စစ်ပြန်တပ်သားဟောင်းတစ်ဦးဖြစ်တဲ့ ပန်းချီဆရာ ဦးစန်းလှိုင်ဟာ
ဒုတိယ ကမ္ဘာစစ်အတွင်း ကြာညောင်းလှတဲ့ စစ်ပွဲရဲ့ ဆင်းရဲဒုက္ခတွေကို ကြံ့ကြံ့ခံ ခဲ့ရပါတယ်။
စစ်အတွင်းက ရခဲ့တဲ့အတွေ့အကြံု တွေနဲ့ သူမြင်ခဲ့ တွေ့ခဲ့တာတွေဟာ နောက်ပိုင်းမှာ သမိုင်းဝင်
ပန်းချီကားတွေ ဖြစ်လာခဲ့ပါတယ်။
အသက် ၉၀ ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသက်ကြီးဆုံး ပန်းချီဆရာ ဦးစန်းလှိုင် ရဲ့ ပုံတူပန်းပုကို
ပန်းပုဆရာ ကိုကျော်ကျော်မင်းက မတ်လ ၃၁ ရက်နေ့၊ မနက် ၁၀ နာရီမှာ မဟာစည်သာသနာ့
ရိပ်သာ လမ်းမှာရှိတဲ့ Dagaung ပန်းချီပြခန်းမှာ ထုလုပ်မှာ ဖြစ်ပါတယ်။
"ပန်းချီဆရာတချို့က မြင်ကွင်းကို ဓာတ်ပုံရိုက်၊ ဓာတ်ပုံကိုကြည့်ပြီး ပန်းချီဆွဲကြတယ်။ နိုင်ငံခြားက
ရေးချက်တွေ အရောင်သုံးစွဲပုံတွေကိုယူပြီး မြန်မာမှု ပြုပြီး ပန်းချီကားကို ဖန်တီးကြတယ်။ မြန်မာမှု
ပန်းချီပညာ စစ်စစ် မဟုတ်တော့ဘူး။ ဒါပေမဲ့ ဆရာကြီး ဦးစန်းလှိုင်က မြန်မာမှု မြန်မာပန်းချီ စစ်စစ်
ကိုပဲ ရေးတယ်။ နိုင်ငံခြားပန်းချီပေါ်မှာ မြန်မာမှု ပြုပြီး ဖန်တီးတာ လုံးဝမဟုတ်ဘူး" လို့ ပန်းပုဆရာ
ကိုကျော်ကျော်မင်းက ပြောပါတယ်။
ပန်းချီဆရာကြီး ဦးငွေကိုင်ရဲ့ တပည့်လည်းဖြစ်တဲ့ ဆရာကြီးဦးစန်းလှိုင်ကို အခမ်းအနားမှာ ပန်းပုထု
နေစဉ်အတွင်း ပန်းချီဆရာရွှေမြင့်က ပန်းချီဆွဲမှတ်တမ်းတင်မှာ ဖြစ်ပါတယ်။
"ပန်းချီဆရာကြီး ဦးစန်းလှိုင်က မြန်မာ ပန်းချီပညာစစ်စစ်ကိုမှ အခြေခံပြီး ရေးဆွဲတဲ့ ပန်းချီဆရာ
လည်း ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ အသက်အကြီးဆုံး ပန်းချီပညာရှင်ကြီး တစ်ဦးလည်း
ဖြစ်ပါတယ်" လို့ ပန်းပုဆရာက ပြောပါတယ်။
မြန်မာ့ပန်းချီပညာစစ်စစ်ကို ထိန်းသိမ်းထားဆဲ ပန်းချီဆရာတစ်ယောက် ဖြစ်တဲ့အတွက် သူ့အနေနဲ့
ဂုဏ်ယူမိတာ ကြောင့် ဆရာကြီးတစ်ဦးတည်းကို သီးသန့် ပန်းပုထုရတာဖြစ်တယ်လို့ ပန်းချီဆရာ
၁၅ ဦးခန့်ကို ပန်းပုထုလုပ်ပြီးခဲ့တဲ့ ကိုကျော်ကျော်မင်းက ဆိုပါတယ်။
"ဆရာကြီးက ဗမာ့ကာကွယ်ရေး တပ်မတော်ရဲ့ တပ်သားကောင်းတစ်ဦး ဖြစ်တဲ့အပြင် လွတ်လပ်
ရေးမော်ကွန်းဝင်လည်းဖြစ်လို့ ဂုဏ်ယူတယ်။ ၁၉၄၅ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း မိုင်ဒါကွင်း မှာ
ဗမာ့ကာကွယ်ရေးတပ်ကို မိန့်ခွန်း ပြောတုန်းက တပ်သားတွေက ရိုင်ဖယ်ကိုင်ပြီး ဗိုလ်ချုပ်မိန့်ခွန်းကို
နားထောင်ခဲ့ကြတယ်။ အဲဒီအထဲမှာ ဆရာကြီး ဦးစန်းလှိုင်လည်း ပါတယ်။ သူကိုယ်တိုင် မြင်ခဲ့၊
ပါ၀င်ခဲ့တဲ့ အဲဒီနေ့ မြင်ကွင်းကို ဆရာကြီးက ပန်းချီဆွဲခဲ့ပါတယ်။ အဲဒီ ပန်းချီကားက ဆရာကြီးရဲ့
အတွေးနဲ့ ခံစားချက်၊ ကိုယ်တိုင်ကြုံခဲ့ရတာကို ပြန်လည်ဆွဲထားတဲ့ စစ်သမိုင်းဝင်ပန်းချီ ကားမို့လို့
အရမ်း တန်ဖိုးကြီးပါတယ်။ အဲဒီပန်းချီကားနဲ့ ဆရာကြီးရဲ့ လက်ရာ တော်တော်များများကို ပွဲမှာ
ပြသထားမှာ ဖြစ်ပါတယ်" လို့ ပန်းပုဆရာ ကျော်ကျော်မင်းက ပြောပါတယ်။
၁၉၄၅ ခုနှစ်တော်လှန်ရေး မစခင်၊ မိုင်ဒါကွင်းမှာ ဗိုလ်ချုပ်က မြင်းစီးပြီး ဟန်ပါပါ မိန့်ခွန်းပြောနေတာ
ကို ရွှေတိဂုံဘုရား နောက်ခံထားပြီး ဆွဲထားတဲ့ ပန်းချီကားကို Dagaung ပန်းချီပြခန်း မှာ ပြသထား
မှာ ဖြစ်ပါတယ်။
ဦးစန်းလှိုင်ဟာ မိဘတွေရဲ့ ငွေကြေး အကျပ်အတည်းကြောင့် ခုနစ်တန်းသာ နေခဲ့ရပေမယ့် ပန်းချီ
ကိုတော့ ဇာတိ ဖြစ်တဲ့ ဖျာပုံက ပန်းချီဆရာကြီး ဦးမှတ်နဲ့ ဦးသိန်းညွန့်တို့ဆီမှာ လေ့လာလိုက်စား
ခဲ့ပါတယ်။
သူက ငယ်ငယ်ကတည်းက ပန်းချီကို သစ်သားချပ်တွေနဲ့ ကြမ်းပြင်ပေါ်မှာ ရေးဆွဲရင်း ၀ါသနာကို
ဖြေသိမ့်ခဲ့ရ သူပါ။
အသက် ၁၃ နှစ်အရွယ်မှာ ရန်ကုန်မြို့ကို ရောက်လာပြီး အေဝမ်းရုပ်ရှင်နှင့် ဗြိတိသျှ ဘားမားရုပ်ရှင်
ကုမ္ပဏီတွေ အတွက် ရုပ်ရှင်ပိုစတာတွေ စရေးရင်း ပန်းချီဆရာဘဝကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာပြည်ကို ကူးစက်လာပြီးတဲ့နောက်မှာ ဇာတိ ဖျာပုံကို ပြန်ပြီး ဗမာ့
ကာကွယ်ရေး တပ်မတော်ကို ၁၉၄၃ ခုနှစ်မှာ စတင်ဝင်ခဲ့တယ်လို့ သူက ပြောပါတယ်။
"စစ်အတွင်းက အလွန်ပင်ပန်းဆင်းရဲတယ်။ တော်လှန်ရေးကအပြန် ရန်ကုန်မှာ မိုးထဲရေထဲ
လက်ဖက်ရည်သောက်ချင်လို့ လက်ဖက်ရည်တိုက်မယ့်သူကို လိုက်ရှာရသေးတယ်" လို့ ဆရာကြီး
ဦးစန်းလှိုင်က ပြောပါတယ်။
၁၉၄၃ ခုနှစ် တပ်မတော်သားအဖြစ် ၀င်ရောက်ပြီး ပန်းချီဆွဲခြင်းကို စွန့်လွှတ် လိုက်ပေမယ့် ၁၉၄၇
ခုနှစ် ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံခံရပြီး သိပ်မကြာခင်မှာပဲ တပ်မတော်သားဘဝမှ ထွက်ခဲ့ပါ
တယ်။
နောက်ပိုင်းမှာ ဆရာကြီးဦးစန်းလှိုင် က စစ်အတွင်း မြင်တွေ့ခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ပန်းချီကား
များစွာ ရေးဆွဲခဲ့ပါတယ်။
အများစုကတော့ ဗိုလ်ချုပ် အောင်ဆန်း ပုံတူတွေဖြစ်ပြီး စစ်သမိုင်း ၀င်ပန်းချီကားများနှင့် ရှုခင်းကား
တွေ ကိုလည်း ရေးဆွဲနေဆဲဖြစ်ပါတယ်။
















