ပြင်သစ်ရုပ်သံ လိုင်းနှစ်လိုင်း မြန်မာနိုင်ငံမှာ စတင်ထုတ်လွှင့်

ပြင်သစ်ရုပ်သံ လိုင်းနှစ်လိုင်း မြန်မာနိုင်ငံမှာ စတင်ထုတ်လွှင့်

ပြင်သစ် - ရုပ်သံလိုင်းနှစ်လိုင်းဖြစ်တဲ့ France24 နဲ့ TV5MONDE တို့ကို မြန်မာနိုင်ငံက ပြည်တွင်းရုပ်သံတွေ ဖြစ်တဲ့ Sky Net နဲ့ MRTV-4 receiver ရှိသူများ မတ်လ ၂၁ ရက်နေ့မှ စတင်ကာ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

ပြင်သစ် - ရုပ်သံလိုင်းနှစ်လိုင်းဖြစ်တဲ့ France24 နဲ့ TV5MONDE တို့ကို မြန်မာနိုင်ငံက ပြည်တွင်း
ရုပ်သံတွေ ဖြစ်တဲ့ Sky Net နဲ့ MRTV-4 receiver ရှိသူများ မတ်လ ၂၁ ရက်နေ့မှ စတင်ကာ
ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

"ပြင်သစ်မီဒီယာက မြန်မာနိုင်ငံရှိ မီဒီယာတွေဖြစ်တဲ့ Sky Net နဲ့ Forever Group တို့မှ ၀န်ထမ်း
တွေကို သင်တန်းတွေ ပို့ချပေးသလို နောက်လည်း အစီအစဉ်များစွာ ရှိပါသေးတယ်။ အခုလိုမျိုး
ပြင်သစ်ရုပ်သံလိုင်း နှစ်လိုင်းကို မြန်မာနိုင်ငံမှာ ပြသရတဲ့အတွက်လည်း ၀မ်းသာတယ်" လို့ ပြင်သစ်
နိုင်ငံမှ ပူးပေါင်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Pascal Canfin က စာနယ်ဇင်းပွဲမှာ ပြောပါ
တယ်။

ယင်းရုပ်သံလိုင်းနှစ်လိုင်းမှာ ရသအစုံကို ပြသပေးသော ရုပ်သံလိုင်းများ ဖြစ်ပြီး ပြင်သစ် ဘာသာ
စကားနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်

Sky Net မီဒီယာမှ အထွေထွေမန်နေဂျာ ဦးသက်ဝင်းကလည်း "အခုလိုမျိုး ကျွန်တော်တို့ 
Sky Net ရုပ်သံလိုင်းကနေ France24 ရုပ်သံလိုင်းကို ပြသခွင့်ရတဲ့အတွက် အရမ်းကို ၀မ်းမြောက်
ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ Sky Net ပရိသတ်ကြီးကလည်း ဒီရုပ်သံလိုင်းကို နှစ်သက်ကြမယ်
လို့ ထင်ပါတယ်"လို့ ပြောပြခဲ့ပါတယ်။

MRTV-4 receiver ရှိသူတိုင်း ရုပ်သံလိုင်းနှစ်လိုင်းကို ဖမ်းယူကြည့်ရှု နိုင်ပြီး Sky Net receiver
ရှိသူတွေ က France24 တစ်လိုင်းတည်းကိုသာ ဖမ်းယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး