ဆရာကြီး၊သခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၇ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနား ခမ်းနားစွာကျင်းပ

ဆရာကြီး၊သခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၇ နှစ်မြောက် မွေးနေ့ပွဲအခမ်းအနား ခမ်းနားစွာကျင်းပ

ရှုံ့တွတွ အရေးကြောင်းတွေနဲ့မျက်နှာ၊ အဖြူရောင်နှုတ်ခမ်းမွေးတွေနဲ့ ပကတိတည်ငြိမ်ခံ့ညားတဲ့ ဥပဓိရုပ်ရှိသူ ဓာတ်ပုံ တစ်ပုံကိုတွေ့ရပြီး သူကတော့ စာပေယဉ်ကျေးမှုအရေး၊ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးတို့ရဲ့ ဖခင်ကြီးလို့ သတ်မှတ်ဂုဏ်ပြုကြတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပဲ ဖြစ်ပါတယ်။

ရှုံ့တွတွ အရေးကြောင်းတွေနဲ့မျက်နှာ၊ အဖြူရောင်နှုတ်ခမ်းမွေးတွေနဲ့ ပကတိတည်ငြိမ်ခံ့ညားတဲ့
ဥပဓိရုပ်ရှိသူ ဓာတ်ပုံ တစ်ပုံကိုတွေ့ရပြီး သူကတော့ စာပေယဉ်ကျေးမှုအရေး၊ လွတ်လပ်ရေးနဲ့
ငြိမ်းချမ်းရေးတို့ရဲ့ ဖခင်ကြီးလို့ သတ်မှတ်ဂုဏ်ပြုကြတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပဲ ဖြစ်ပါ
တယ်။

နိုင်ငံရေးသမားများနဲ့ စာပေနယ်ပယ်က ဆရာကြီးများအပါအဝင် ပရိသတ်အများအပြား
တက်ရောက်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၇ နှစ် မြောက်မွေးနေ့အထိမ်းအမှတ်
အခမ်းအနားကို မတ်လ၂၃ ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီ စားသောက်
ဆိုင်မှာ ကျင်းပခဲ့ပါတယ်။

"အရင်ကတော့ ဆရာကြီးရဲ့ မွေးနေ့ပွဲကို အကျဉ်းရုံးတော့ ပြုလုပ်လေ့ရှိပေမယ့် ဒီနှစ်မှ လုပ်ခွင့်ရလို့
ဒီလို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့တာပါ။

ဆရာကြီးက မြန်မာ့လွတ်လပ်ရေးသမိုင်း၊ စာပေယဉ်ကျေးမှုသမိုင်းတွေနဲ့ ဆက် နွှယ်နေတဲ့သူဖြစ်
တယ်။

အဲဒါကြောင့် နောင်လာနောက်သားတွေကလည်း ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး
ကျင်းပတာပါ" လို့ ဆရာကြီး ရဲ့ မွေးနေ့ပွဲကို ဦးစီးကျင်းပခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့
ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်ထိုက်က ပြောပါ
တယ်။

ဒီဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကတော့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြန်လည်ဖွဲ့စည်း
ခဲ့တာဖြစ်ပြီး ရွှေတိဂုံစေတီတော်ရဲ့ တောင်ဘက်မုခ် ခြေရင်းမှာရှိတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ရဲ့ ဂူဗိမာန်ကို ပြန်လည် ပြုပြင်ထိန်းသိမ်းခြင်းများကိုသာမက ဆရာကြီးရဲ့ စာပေယဉ်ကျေးမှုအမွေ
အနှစ်များကိုပါ ပြန်လည်ဖော်ထုတ်ခြင်း တွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

၁၈၇၅ တပေါင်းလပြည့်ကျော် ၄ ရက် နေ့ ရွှေတောင်မြို့နယ်၊ ၀ါးလယ်ရွာမှာ မွေးဖွားခဲ့တဲ့ ဆရာကြီး
သခင်ကိုယ်တော်မှိုင်းကတော့ ၁၀ နှစ်သားအရွယ်မှာ မန္တလေးနေပြည်တော် မြတောင်ကျောင်းတိုက်
မှာ ပညာသင်နေစဉ် သီပေါမင်း အင်္ဂလိပ်လက် ပါသွားပုံကို ၀မ်းနည်း ကြေကွဲစွာနဲ့ မျက်ဝါးထင်ထင်
မြင်ခဲ့ရတာကြောင့် မျိုးချစ်စိတ်ဓာတ်ပြင်းထန်ခဲ့သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဆရာလွမ်း အမည်နဲ့လည်း ဇာတ်စာအုပ်များကို ရေးသားခဲ့သူလည်းဖြစ်ပြီး နယ်ချဲ့ဆန့်ကျင်ရေးနဲ့
အမျိုးသားယဉ် ကျေးမှုအစဉ်အလာများကို ဖော်ထုတ်တဲ့ ဆောင်းပါးများနဲ့ ကဗျာများကိုလည်း
ဖွဲ့ဆိုရေးသားတဲ့အပြင် မစ္စတာ မောင်မှိုင်း ကလောင်အမည်နဲ့ ဗိုလ်ဋီကာ၊ ဘွိုင်းကောက်ဋီကာ၊
မျောက်ဋီကာနဲ့ ခွေးဋီကာများကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး
နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများမှာလည်း နာယက ဖြစ်လာခဲ့တဲ့အပြင် ၁၉၄၈ ခုနှစ်
ပြည်တွင်းစစ် ဖြစ်လာတဲ့အခါမှာလည်း ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် အမျိုးမျိုးအဖုံဖုံ
အားထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၅၁ ခုနှစ်ကစလို့ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)ရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့
သူ ဖြစ်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ အသက် ၈၀ ကျော် ၉၀ အတွင်းရောက်သည်အထိ ပြည်သူ
တို့ရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ဘဝတစ်လျှောက်လုံး အားထုတ်ခဲ့
သူဖြစ်ပြီး အသက် ၈၉ နှစ်အရွယ် ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး