ရုပ်ရှင််ပညာဝိဇ္ဇာနှင့်သိပ္ပံ အကယ်ဒမီ ရဲ့ (၈၆)ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂၀၁၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ကျင်းပဖို့ ရက်သတ်မှတ်ထားတယ်လို့ မတ်လ ၂၅ ရက်နေ့မှာ အေဘီစီကနေ ကြေညာထားတဲ့အတွက် ရုပ်ရှင်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ မဲပေးဖို့ အချိန်ပိုရသွားမှာပါ။
ရုပ်ရှင််ပညာဝိဇ္ဇာနှင့်သိပ္ပံ အကယ်ဒမီ ရဲ့ (၈၆)ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂၀၁၄ ခုနှစ်၊
မတ်လ ၂ ရက်နေ့မှာ ကျင်းပဖို့ ရက်သတ်မှတ်ထားတယ်လို့ မတ်လ ၂၅ ရက်နေ့မှာ အေဘီစီကနေ
ကြေညာထားတဲ့အတွက် ရုပ်ရှင်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ မဲပေးဖို့ အချိန်ပိုရသွားမှာပါ။
ဒါပေမဲ့ အခမ်းအနားမှူးအဖြစ် အရွေးခံရမယ့်စာရင်းမှာ ဂျပ်စတင်တင်းမ်ဘားလိခ်က ထိပ်ဆုံးကရှိနေ
တဲ့ သတင်းသာ မှန်လို့ကတော့ ဆုပေးပွဲကို စောင့်ရကျိုး နပ်မှာပါ။
သူက ဒီပွဲအတွက် အလိုက်ဖက်ဆုံးသူဆိုတာ အားလုံး သိကြပါ တယ်။ ထူးထူးခြားခြားလေးတွေ
မြင်ရ မယ်လေ။
Seth MacFarlane က အခမ်း အနားမှူးအဖြစ် တင်ဆက်ပေးခဲ့တဲ့ ၂၀၁၃ အော်စကာပွဲကို
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါတယ်။
လေးနှစ်တစ်ခါ ကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပွဲရှိတဲ့ နှစ်ကလွဲလို့ ကျန်တဲ့နှစ်တွေမှာ အော်စကာ
ပွဲတွေကို နှစ်တိုင်း ဖေဖော် ၀ါရီလမှာ ကျင်းပလေ့ရှိပါတယ်။
၂၀၁၄ ခုနှစ်မှာ အိုလံပစ်ပွဲကို ရုရှားနိုင်ငံ ဆိုချီမြို့မှာ ဖေဖော်ဝါရီ ရ ရက်ကနေ ၂၃ ရက်နေ့အထိ
ကျင်းပမှာဖြစ်ပြီး ဒီအိုလံပစ်ပွဲဟာ ဟောလိ၀ုဒ်ပွဲပရိသတ် ကို ထိန်းချုပ်နိုင်လောက်တဲ့ အနေအထား ရှိပုံရတဲ့အတွက် အော်စကာရက်ကို နောက်ဆုတ်လိုက်ကြတာပါ။
အခြေအနေကို ကြိုမြင်တဲ့အတွက် ရုပ်ရှင်သရုပ်ဆောင်များအစည်းအရုံး ဆုကိုလည်း ဇန်နဝါရီ
၁၈ ရက်ကို ရက်ရွေ့ သတ်မှတ်ထားသလို ရုပ်ရှင်ထုတ်လုပ်သူများနှင့် ဒါရိုက်တာများအစည်းအရုံး
ကလည်း သူတို့ရဲ့ပွဲကို ဇန်နဝါရီလ အစောပိုင်းကို ရက်ရွှေ့ထားတယ်လို့ လော့ဆန်းဂျလိစ်တိုင်း(မ်)
သတင်းစာမှာ ဖော်ပြထားပါတယ်။
ဟောလိ၀ုဒ်ရုပ်ရှင်ဆုပေးပွဲတွေဖြစ်တဲ့ အက်စ်အေဂျီဆု၊ ဝေဖန်ရေးသမား အကြိုက်ဆု၊ ရွှေကမ္ဘာလုံး
ဆု စတဲ့ ဆုပေးပွဲတွေကို ဆောင်းရာသီနှောင်းပိုင်း အချိန်တိုလေးအတွင်းမှာ ကျင်းပလေ့ရှိပါတယ်။
ဒီကာလအတွင်းမှာ လှုံ့ဆော် စည်းရုံးမှုတွေနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရယူပြီး ဆုပေးပွဲတွေ
ကျင်းပခဲ့ ကြတာပါ။
ဒါကြောင့် ဖေဖော်ဝါရီလ အတွင်းမှာပဲ ဒီပွဲတွေအားလုံးကို ကျင်းပမယ်ဆိုရင် ရုပ်သံပရိသတ်ကြည့်ရှု
အား များနေပေမယ့် အော်စကာပွဲကို မတ်လ မှ ကျင်းပမယ်ဆိုရင်တော့ တခြားဆုပေးပွဲတွေနဲ့
အရမ်းဝေးသွားပြီး ပရိသတ်အားပေးမှုကို ကျဆင်းသွားစေနိုင်ပါတယ်။
ဒါပေမဲ့ ဒီပွဲရဲ့ အခမ်းအနားမှူး ဟာ ဂျပ်စတင် တင်းမ်ဘားလိခ်သာ ဖြစ်မယ်ဆိုရင်တော့ အော်စကာပွဲ
က တခြား ပွဲတွေနဲ့ ဘယ်လောက်ပဲ ဝေးနေပါစေ၊ ပရိသတ်စိတ်ဝင်စားမှု အများကြီးရမှာ သေချာပါ
တယ်။
ပြီးတော့ (၈၇)ကြိမ်မြောက် အကယ် ဒမီပေးပွဲကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကျင်းပ
ဖို့ ရက်သတ်မှတ်ထားတာကို သိရင်တော့ အော်စကာပွဲ တစ်ပွဲနဲ့တစ်ပွဲ အရမ်းနီးတာကိုမှ နှစ်ခြိုက်
တဲ့သူတွေ ၀မ်းသာကြမှာပါ။
(ဂူးဂဲလ်)
















