ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘာနီနိုလန်ရဲ့အိမ်ကို အကြင်နာတရားခေါင်းပါးတဲ့ သူခိုးတွေ ဖောက်ထွင်း၀င်ရောက်ပြီး အဖိုးတန်ပစ္စည်းတွေ မွေနှောက်ရှာဖွေပြီးယူသွားကြပါတယ်။
ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘာနီနိုလန်ရဲ့အိမ်ကို အကြင်နာတရားခေါင်းပါးတဲ့ သူခိုး
တွေ ဖောက်ထွင်းဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းတွေ မွေနှောက်ရှာဖွေပြီးယူသွားကြပါတယ်။
အိမ်မှာ လူမရှိတုန်း ဖောက်ထွင်း ၀င်ရောက်ခဲ့ကြတာလို့ သိရပါတယ်။
သူတို့ရဲ့အိမ်ကို မကြာခဏ သွားကြည့်ပေးတဲ့ မိတ်ဆွေတစ်ဦးက အိမ်ဖောက်ထွင်းခံရတဲ့သတင်းကို
ဘာနီရဲ့ ခင်ပွန်း စတိဗ်ဒိုနယ်လ်တီဆီ အကြောင်းကြား ပေးခဲ့တာပါ။
"စတိဗ်- မင်းအိမ်က ပစ္စည်းတွေ အခိုးခံလိုက်ရပြီ" လို့ သူ့ရဲ့မိတ်ဆွေက ဖုန်းဆက်ပြီး အကြောင်း
ကြားလာတယ် လို့ စတိဗ်က ပြောပြပါတယ်။
သူခိုးတွေယူသွားတဲ့ အဖိုးတန်ပစ္စည်း တွေထဲမှာ ရုပ်မြင်သံကြား၊ တန်ဖိုးကြီး ရှန်ပိန်တစ်ပုလင်း၊
သူတို့မင်္ဂလာပွဲနေ့မှာ ဘာနီကစတိဗ်ကို လက်ဆောင်ပေးခဲ့တဲ့ နာရီနဲ့ အဖိုးတန်ရတနာတွေပါတယ်
လို့ သိရပါတယ်။
မင်္ဂလာအထိမ်းအမှတ် နာရီလေးရဲ့ နောက်ဖက်မှာ "စတိဗ်အတွက် ဘာနီရဲ့ ထဝရလက်ဆောင်"
လို့ ရေးထိုးထားပြီး သူတို့မင်္ဂလာပွဲကျင်းပတဲ့ ရက်စွဲလေးလည်း ရေးထားတယ်လို့ စတိဖ်က ပြောပြ
ပါတယ်။
ဒီနာရီလေးကို ထာဝရသိမ်းထားတာဖြစ်တဲ့အတွက် ဒီနာရီလေးပါသွားတာ အရမ်းကို စိတ်မကောင်း
ဘူး လို့ သူက ပြောပါတယ်။
လူရမ်းကားသူခိုးတွေဟာ ဘာနီရဲ့ အိပ်ခန်းထဲလည်းဝင်ပြီး ဘာနီရဲ့ ရတနာဘူးလေးကိုလည်း
ခိုးသွားကြပါတယ်။
ဘာနီနဲ့ စတိဗ်တို့ဟာ ကိတ်ဆိုတဲ့ သမီးလေးတစ်ယောက် အသေမွေးခဲ့ပြီး ဒီကလေးနဲ့ပတ်သက်တဲ့
အမှတ်တရ ပစ္စည်းတွေထည့်ထားတဲ့ ဘူးလေးကို လည်း သူခိုးတွေက ရိုက်ခွဲဖွင့်ခဲ့ကြောင်း၊
ဒီဘူးလေးကို သော့ခတ်ထားတာဖြစ်ပြီး သမီးဦးလေးရဲ့ ဓာတ်ပုံတွေနဲ့ သူတို့ဆီ မိတ်ဆွေတွေ
ပို့ထားတဲ့ အားပေးစာတွေ ထည့်ထားကြောင်း စတိဗ်က ပြောပြပါတယ်။
(icelebz)
















