အမှုပွေတဲ့ မင်းသမီးလင်ဆေးလိုဟန် ဟာ ပါတီပွဲအတက်မပျက်တာကို တွေ့နေရတဲ့အတွက် အကျဉ်းထောင်နဲ့ လုံးဝမတူတဲ့ ပြန်လည်ထူထောင်ရေးစခန်းမျိုးကို ရွေးချယ်ခဲ့တာ ထင်ရှားပါတယ်။
အမှုပွေတဲ့ မင်းသမီးလင်ဆေးလိုဟန် ဟာ ပါတီပွဲအတက်မပျက်တာကို တွေ့နေရတဲ့အတွက်
အကျဉ်းထောင်နဲ့ လုံးဝမတူတဲ့ ပြန်လည်ထူထောင်ရေးစခန်းမျိုးကို ရွေးချယ်ခဲ့တာ ထင်ရှားပါတယ်။
အပြင်ထွက်ခွင့်မရတဲ့ ပြန်လည်ထူထောင်ရေးစခန်းမှာ ရက် ၉၀ ကြာနေဖို့ တရားရုံးက ချမှတ်လိုက်
တဲ့ အမိန့်ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ လင်ဆေးလိုဟန် က သဘောတူခဲ့ပေမယ့် အသင်းဝင်တွေသာ
တက်ခွင့်ရှိတဲ့ ကလပ်တစ်ခုဖြစ်တဲ့ ဆန်တာမိုနီကာက 41 Ocean မှာ ညလုံးပေါက် ပါတီပွဲတက်
နေခဲ့တာတွေ့ရတာကြောင့် လိုဟန်ဟာ တရားရုံးနဲ့ ပြုလုပ်ထားတဲ့ သဘောတူညီမှုကို အပြည့်အဝ
မလိုက်နာတဲ့ လက္ခဏာတွေ ပြနေပါတယ်။
လိုဟန်ဟာ သူ့ကို လူတွေမမှတ်မိအောင် ပါတီပွဲအပြန်မှာ ဦးထုပ်ဆောင်းထားပြီး ကားထဲကို အမြန်
ပြေးဝင်ခဲ့ပေမယ့်လည်း လုံးဝမအောင်မြင်ခဲ့ပုံပါပဲ။
အရက်မူးပြီး ကားမောင်းတာမျိုး မရှိဘူးလို့ တွင်တွင်ငြင်းဆိုနေတဲ့၂၆နှစ်အရွယ် မင်းသမီး လိုဟန်
အတွက် ပြန်လည်ထူထောင်ရေးစခန်းဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာလည်း လိုဟန်ဟာ သူ့ချစ်သူ Avi Snow နဲ့ တီးဝိုင်းအဖွဲ့ City
of the Sun play ရဲ့ သီးသန့်ပါတီကလပ်ကို ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။
သူတို့နှစ်ယောက်တွဲတာ သိပ်မကြာ သေးပေမယ့် ချစ်သူအသစ်နဲ့ နှစ်ယောက်သား တင်းတင်းကျပ်
ကျပ်ပွေ့ဖက်ပြီး အနမ်းဖလှယ်နေကြတဲ့ပုံတွေကို ဓာတ်ပုံရိုက်ထားတာ တွေ့ခဲ့ရပါတယ်။
လိုဟန်ဟာ သူအရက်သောက်တာ လူတွေမသိအောင် ရေဖန်ချိုင့်ထဲ ဗော်ကာအရက်ထည့်ပေးဖို့
မှာခဲ့ပြီး ရေသောက်ချင်ယောင်ဆောင်ကာ အရက်တွေ သောက်ခဲ့တယ်လို့လည်း တချို့က ပြောနေ
ကြပါတယ်။
လင်ဆေးလိုဟန်ဟာ ဒီကာလအတွင်းမှာ အရက်ဆက်သောက်မယ်ဆိုရင် ထောင်ဒဏ်ကျခံရဖို့
အလားအလာရှိ နေသေးတယ်ဆိုတာကို သိထားရဦးမှာပါ။
သူ့ရဲ့ လျှောက်လဲချက်နဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ နယူးယော့ခ်မှာ အပြင်ထွက်ခွင့်မရတဲ့
ပြန်လည်ထူထောင်ရေးစခန်းရှိတယ်လို့ အစိုးရ ရှေ့နေတွေက ထင်ထားပြီး အဲဒီလိုမျိုး ထူထောင်
ရေးစခန်းကိုလည်းတွေ့ခဲ့တာ ကြောင့် သူ့ကို ထူထောင်ရေးစခန်းမှာ ပြစ်ဒဏ်ကျခံစေဖို့ တရားရုံးက
သဘောတူပေးခဲ့ကြတာလို့ သိရပါတယ်။
(icelebz)
















