ဆင်ဆာဖြတ်ခံခဲ့ ရတဲ့စာပိုဒ်နဲ့၊'ခြေရာ ပျောက်မြစ်'တတိယ အကြိမ်ထုတ်ဝေ

ဆင်ဆာဖြတ်ခံခဲ့ ရတဲ့စာပိုဒ်နဲ့၊'ခြေရာ ပျောက်မြစ်'တတိယ အကြိမ်ထုတ်ဝေ

သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး ရေးသားတဲ့ The River of Lost Footsteps မြန်မာဘာသာပြန်စာအုပ်ကို မတ်လ ၁၄ ရက်မှာ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး ရေးသားတဲ့ The River of Lost Footsteps မြန်မာ
ဘာသာပြန်စာအုပ်ကို မတ်လ ၁၄ ရက်မှာ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

မြနှင်းဆီ ဘာသာပြန်ပြီး 'ခြေရာပျောက်မြစ်' လို့ အမည်ပေးထားတဲ့ စာအုပ်မှာ ပထမအကြိမ်
ရိုက်နှိပ်စဉ်က ဆင်ဆာဖြတ်ခံခဲ့ရတဲ့ စာပိုဒ်ကို တတိယအကြိမ်မှာ ပြန်လည်ထည့်သွင်းထုတ်ဝေခဲ့
ပါတယ်။

"ပထမအကြိမ် ထုတ်ဝေတုန်းက ဆင်ဆာဖြတ်ခံခဲ့ရတဲ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှေ့ ဆန္ဒပြသူ
တွေ ရုန်းရင်းဆန်ခတ်မှုကို စစ်တပ်က ဖြိုခွင်းခဲ့တဲ့ အကြောင်းအပိုဒ်ကို တတိယအကြိမ် ရိုက်နှိပ်တဲ့
စာအုပ်မှာ ပြန်ထည့်ခဲ့ပါတယ်" လို့ 'ခြေရာပျောက်မြစ်' စာအုပ်ထုတ်ဝေသူ မြန်မာဘွတ်ခ်စင်တာမှ
ဒေါက်တာ သန့်သော်ကောင်းက ပြောပါတယ်။

တတိယအကြိမ် ပုံနှိပ်တဲ့စာအုပ်မှာ စာရေးသူ ဒေါက်တာ သန့်မြင့်ဦးရဲ့ ဖြည့်စွက်အတ္ထုပ္ပတ္တိပါ
ထည့်သွင်းထားပါတယ်။

"စာအုပ်မှာ ဖတ်ရတာ ထောက်နေတဲ့ အပိုင်းလေးတွေ စာချောအောင်လည်း ပြန်ပြင်ဆင်ထားပါ
တယ်" လို့ သူက ပြောပါတယ်။

တတိယအကြိမ် ပုံနှိပ်ထားတဲ့ 'ခြေရာ ပျောက်မြစ်' စာအုပ်ကို ကျပ် ၆,၅၀၀ နဲ့ ၀ယ်ယူဖတ်ရှုနိုင်ပါ
တယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး