မတ်လရဲ့ နွေအပူဒဏ်ကို ခံစားနေရတဲ့ ပရိသတ်ကြီးအတွက် ကမ်းခြေရဲ့ အငွေ့အသက်တွေနဲ့ အတူ ပေါ့ပေါ့ပါးပါး ဟာသရသတွေကို ပေးမယ့် 'ပြံုးပြံုးပျော်ပျော် ထော်လော်ကန့်လန့်' ရုပ်ရှင်ဇာတ်ကားကို မကြာခင် ရုံတင် ပြသတော့မှာပါ။
မတ်လရဲ့ နွေအပူဒဏ်ကို ခံစားနေရတဲ့ ပရိသတ်ကြီးအတွက် ကမ်းခြေရဲ့ အငွေ့အသက်တွေနဲ့
အတူ ပေါ့ပေါ့ပါးပါး ဟာသရသတွေကို ပေးမယ့် 'ပြံုးပြံုးပျော်ပျော် ထော်လော်ကန့်လန့်' ရုပ်ရှင်
ဇာတ်ကားကို မကြာခင် ရုံတင် ပြသတော့မှာပါ။
ဒီဇာတ်ကားကတော့ အမေတစ်ခု သမီးတစ်ခုဖြစ်တဲ့ မာမီစင်ဒီနဲ့ သမီးဒေဝီ တို့ရဲ့ သားအမိကြား
သံယောဇဉ်နဲ့ သူတို့ ကြားမှာရှိတဲ့ လျှို့ဝှက်ထားတဲ့အကြောင်း အရာတချို့ကြောင့် ဖြစ်လာတဲ့
နောက်ဆက်တွဲ ပြဿနာတချို့ကို ဖြေရှင်းတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
ချောင်းသာအနီးက ရွာမှာ နေထိုင်ကြပြီး ဘန်ဂလိုများစွာ ပိုင်ဆိုင်ထားတဲ့ သူတို့သားအမိရဲ့ဘဝက
လိုတရဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒေဝီနဲ့ သူ့ချစ်သူ ပညာတတ်သူဌေးသား ဝေယံနဲ့ လက်ထပ်ဖို့ကိစ္စမှာ ဝေယံရဲ့ မိဘတွေက
သဘောတူကြပေမယ့် ပတ်ဝန်းကျင်ကကြားရတဲ့ ဒေဝီရဲ့မိခင် စင်ဒီနဲ့ ပတ်သက်တဲ့ အတင်းစကား
တွေကြောင့် စိတ်ကသိကအောင့်ဖြစ်ခဲ့ကြရာက ဒေဝီရဲ့ ဖခင်ရှာပုံတော် စခဲ့ခြင်းဖြစ်ပါတယ်။
စင်ဒီဟာ သူ့ရဲ့ ဖခင်သူဌေးကြီး မရှိတော့တဲ့နောက် ပိုင်ဆိုင်တဲ့ ဘန်ဂလို တွေကို စီမံအုပ်ချုပ်ဖို့
သမီးလေး ဒေဝီ အသက် ငါးနှစ်အရွယ်ကတည်းက ကမ်းခြေရွာကို အပြီးပြောင်းလာခဲ့တာ ဖြစ်ပါ
တယ်။
ပတ်ဝန်းကျင်ရဲ့ အဖေဘယ်သူလဲဆိုတဲ့ မေးခွန်းတွေကို ကြိမ်ဖန်များစွာ ကြားရတဲ့အခါ စိတ်ဆိုးလာ
တဲ့ ဒေဝီက မိခင်ကို မေးတော့လည်း အဖြေမရ၊ ဝေယံနဲ့ ဒေဝီလက်ထပ်ဖို့အရေး အဖေ ဘယ်သူလဲ
ဆိုတဲ့ လျှို့ဝှက်ချက်ကြောင့် ဝေယံတို့ဘက်ကလည်း မေးမြန်းချက်တွေ များလာတာကြောင့် ဒေဝီနဲ့
မိခင် စင်ဒီတို့အကြား အကျိတ်အခဲဖြစ်လာခဲ့တာကို ဖြေရှင်းဖို့လိုအပ်လာပါတယ်။
ဒါကြောင့် သူ့ဘဝကို အစအဆုံးသိတဲ့ အချစ်ဆုံးသူငယ်ချင်း မေဘယ်လ် နဲ့ မာဂရက်ကို ၀ိုင်းဝန်း
ဖြေရှင်းဖို့ လှမ်းခေါ်လိုက်ပြီး တစ်ပြိုင်နက်မှာပဲ လျှို့ဝှက်လွန်းတဲ့ မိခင်ရဲ့အကြောင်းကို ဒိုင်ယာရီ
စာအုပ်ထဲကတွေ့တဲ့ မိခင်နဲ့ ပတ်သက်ဖူးတဲ့ ယောကျ်ားသုံးယောက်ကို စာပို့ပြီး ဖိတ်ခေါ်ခဲ့ပါတယ်။
မိုးနိုင်၊ ကောင်းဇော်၊ ဇေယျတို့က လည်း စင်ဒီကို တစ်ချိန်က အရူးအမူး ချစ်ခဲ့ဖူးပြီး ယခုတိုင်အချစ်
မပြယ်သေးသူများဖြစ်ကြလို့ စင်ဒီရဲ့သမီး ဒေဝီရဲ့ စာကြောင့် သူ့ထက်ငါ အလုအယက် ချောင်းသာ
ကို လာခဲ့ကြပါတယ်။
ဇာတ်ရှိန် အမြင့်ဆုံးအပိုင်းဖြစ်တဲ့ နောက်ဆုံးအခန်းမှာ ဒေဝီရဲ့ ဖခင်ရှာပုံတော် အောင်မြင်သွားလား၊
ဘာဆက်ဖြစ်လဲဆိုတာကိုတော့ ရုပ်ရှင်ပိတ်ကား ပေါ်မှာပဲ ဆက်လက်အားပေးလိုက်ကြပါဦး။
ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က ရိုက်ကူးထားတာ ဖြစ်ပြီး စင်ဒီအဖြစ်
ထွန်းအိန္ဒြာဗို၊ ဒေဝီ အဖြစ် အေးမြတ်သူနဲ့ ဝေယံအဖြစ် ဟိန်းဝေယံတို့က အဓိက သရုပ်ဆောင်ထား
တာဖြစ်ပါတယ်။
















